Home သတင်း ၂၀၁၄ ကရင့်‌ကြေးမုံမဂ္ဂဇင်း မျက်နှာဖုံးတွင် ‌ကေအဲန်ယူ ဥက္ကဌ‌ဟောင်း မန်းဘဇံပုံ ထည့်သုံး

၂၀၁၄ ကရင့်‌ကြေးမုံမဂ္ဂဇင်း မျက်နှာဖုံးတွင် ‌ကေအဲန်ယူ ဥက္ကဌ‌ဟောင်း မန်းဘဇံပုံ ထည့်သုံး

2233

ဒီဇင်ဘာ ၉ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို‌ကော်မတီ(မဟာရန်ကုန်)က ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် အထိမ်းအမှတ်အဖြစ် ထုတ်‌ဝေသည့် ကရင်သက္ကရာဇ် ၂၇၅၄ခုနှစ်၊ ကရင့်‌ကြေးမုံမဂ္ဂဇင်း မျက်နှာဖုံးအတွက် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန် ယူ) ဥက္ကဋ္ဌ‌ဟောင်း မန်းဘဇံပုံကို အသုံးပြုကာ ဒီဇင်ဘာ ဒုတိယပတ်အတွင်း ထုတ်‌ဝေဖြန့်ချိသွားမည်ဟု ‌ကော်မတီအတွင်း‌ရေး မှူး ‌စောလှထွန်းက ‌ပြောသည်။

၎င်းက “ဒီနှစ်အတွက် ကရင့်‌ကြေးမုံ အခုဒီဇင်ဘာ ဒုတိယ အပတ်အတွင်း ထွက်မယ်။ မျက်နှာဖုံးပုံက‌တော့ ကရင်အမျိုးသား‌တွေ ‌ရော၊ အခြားတိုင်းရင်းသားနိုင်ငံ‌ရေးအဖွဲ့အစည်း‌တွေကပါသိတဲ့ ‌ကေအဲန်ယူဥက္ကဌ‌ဟောင်း မန်းဘဇံပုံနဲ့ ထုတ်မယ်။ သူက ဒီဘက် ခြမ်းမှာ ‌စောဘဦးကြီးပြီးရင် လူသိများသလို သူတို့လို သ‌ဘောတရား‌ရေးရာ‌ရော၊ လက်‌တွေ့ပိုင်းပါ ဦး‌ဆောင်နိုင်တဲ့ ‌ခေါင်း‌ဆောင် မျိုးကို သတိပြုမိဖို့ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ်အတွက် ထုတ်‌ဝေသည့် ကရင့်‌ကြေးမုံမဂ္ဂဇင်းတွင် အမျိုးသား‌ရေးနှင့် သက်ဆိုင်သည့် ‌ဆောင်းပါးများ၊ ကဗျာ၊ ဝတ္ထုတို၊ ကာတွန်း၊ တနှစ်အတွင်း သတင်းမှတ်တမ်းများ စသဖြင့် ကဏ္ဍစုံပါဝင်မည်ဖြစ်ရာ စာမျက်နှာ ၃၀ဝခန့် ပါဝင်သည်ဟု ကရင့်‌ကြေး မုံ အယ်ဒီတာတစ်ဦးဖြစ်သူ ‌စော‌ယောင့်သာအဲဆန် က ‌ပြောသည်။

ထို့အပြင် ယခုနှစ်အတွက် ကရင့်‌ကြေးမုံမဂ္ဂဇင်းကို တစ်အုပ်လျှင် ကျပ် ၂,၀၀ဝနှုန်းဖြင့် ဖြန့်ချိ‌ရောင်းချ‌ပေးသွားမည်ဖြစ်ကာ ကနဦးအုပ်‌ရေ ၂,၀၀ဝ ပုံနှိပ်ထုတ်‌ဝေမည်ဖြစ်‌ကြောင်း မဂ္ဂဇင်းအယ်ဒီတာအဖွဲ့က ဆိုသည်။

ကရင့်‌ကြေးမုံထုတ်‌ဝေသည့်အ‌ပေါ် ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ နာယကတစ်ဦးဖြစ်သူ ‌စောမာ ဗယ်လ်က ကရင်လူငယ်များတွင် စာ‌ပေဗဟုသုတပိုင်း အားနည်းပြီး လူငယ်များ စာများများဖတ်မှ အ‌တွေးအ‌ခေါ် မြင့်မားလာမည် ဖြစ်ကာ ကရင့်‌ကြေးမုံတွင်လည်း လူငယ်က‌လောင်ရှင်များ တိုးပွား‌ရေး လုပ်‌ဆောင်‌ပေး‌စေလိုသည်ဟု ‌ပြောဆိုသည်။

“ကျ‌နော် ကရင့်‌ကြေးမုံမှာကြည့်မယ်ဆိုရင် တနှစ်မှာလည်း ဒီလူ၊ ‌နောက်တနှစ်လည်း ဒီလူ‌တွေပဲ‌ရေးတာ ‌တွေ့ရတယ်။ က‌လောင်သစ်‌တွေ မ‌တွေ့ရဘူး။ ကရင်လူငယ်က‌လောင်ရှင်များ တိုးပွားလာ‌ရေးကို ထား‌ပေး‌စေချင်ပါတယ်”ဟု ‌စောမာဗယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းမဂ္ဂဇင်းကို ရန်ကုန်ကရင်နှစ်သစ်ကူးကျင်းပ‌ရေး ဗဟို‌ကော်မတီက တနှစ်တစ်ကြိမ်ထုတ်‌ဝေခဲ့ရာ ယခုနှစ်မှာ ၁၆အုပ်‌မြောက် ထုတ်‌ဝေခြင်းဖြစ်ပြီး ရန်ကုန်တိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် ဖြန့်ချိသွားမည်ဖြစ်သည်ဟု သိရသည်။