Home သတင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ယာယီအလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်‌ပေး‌နေ

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ယာယီအလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်‌ပေး‌နေ

1934

ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ အလုပ်လုပ်ခွင့်ရရန် ထိုင်းအစိုးရက ပြုလုပ်‌ပေး‌နေသည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်(ပန်း ‌ရောင်ကဒ်) ကို မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် ပြုလုပ်သင့်‌ကြောင်း Migrant Rights Promotion Working Group (MRPWG) ကွန်ရက်အဖွဲ့ဝင်နှင့် မြန်မာပြည်သားများအ‌ရေး ပူးတွဲ လှုပ်ရှားမှု‌ကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက ‌ပြော သည်။

၎င်းက “မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေအ‌နေနဲ့ ပန်း‌ရောင်ကဒ်ကို လုပ်တဲ့ဦး‌ရေက အ‌ကြောင်းအမျိုးမျိုး‌ကြောင့် အရမ်းနည်း ‌နေ‌သေးတယ်။ အဲဒီကဒ်ကို မလုပ်ရင် ရသင့်တဲ့ အခွင့်အ‌ရေးကို ဆုံးရှုံးမယ်။ လုပ်ခဲ့ရင်‌တော့ အခွင့်အ‌ရေး အပြည့်အဝရမှာမို့ လုပ် သင့်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ တာ့ခရိုင် မဲ‌ဆောက်မြို့ရှိ Centara Maesot Hill Hotel တွင် ဒီဇင်ဘာလ ၁၈ရက်‌နေ့ (အပြည်ပြည်ဆိုင်ရာ ‌ရွှေ့‌ပြောင်း‌နေထိုင်သူများ‌နေ့)တွင် ကျင်းပခဲ့သည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများကို နိုင်ငံသားစိစစ်‌ရေး မူဝါဒ စီစဉ်‌ဆောင်ရွက်မှုဆိုင်ရာများကို ‌ဆွေး‌နွေးပွဲတွင် ထည့်သွင်း‌ဆွေး‌နွေးခဲ့ခြင်း ဖြစ်သည်။

‌ဆွေး‌နွေးပွဲတွင် ထိုင်း-မြန်မာနှစ်ငံတာဝန်ရှိသူများ မြန်မာအလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေ‌သော NGO များက နိုင်ငံအတွင်းရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ယာယီ အလုပ်သမားလက်မှတ်လုပ်ပြီးလျှင် ဆက်လုပ်ရမည့် နိုင်ငံကူးလက်မှတ်စာ အုပ်ကြီးအ‌ကြောင်း၊ ‌ဆေးရုံတွင် ‌ဆေးဝါးကုသနိုင်မှု အခွင့်အလမ်းများကိုလည်း ‌ဆွေး‌နွေးခဲ့သည်ဟု တက်‌ရောက်ခဲ့သူများက ‌ပြောသည်။

ယာယီအလုပ်လုပ်ခွင့်လက်မှတ်ကို ထိုင်းနိုင်ငံ တာ့ခရိုင် ၉မြို့နယ်အတွင်းရှိ ခန့်မှန်းမြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားဦး‌ရေ(၄)သိန်း အတွက် ဩဂုတ်လ ၄ရက်‌နေ့မှစတင်ကာ One Stop Service Centre (OSSC) ရုံးများ ဖွင့်လှစ်ကာ ပြုလုပ်‌ပေးခဲ့‌သော်လည်း ၄၁,၂၇၇ဦးနှင့် မိသားစုဝင် ၁,၃၁၂ဦးသာ လာ‌ရောက်မှတ်ပုံတင်‌သေး‌ကြောင်း သိရသည်။

ထိုသို့ ကဒ်ပြုလုပ်သူ ‌လျော့နည်းရခြင်းအ‌ပေါ် အလုပ်သမားအခွင့်အ‌ရေးအတွက် သင်တန်းများ‌ပေး‌နေသည့် National Catholic Commission on Migration=NCCM မှ ‌ဆွေး‌နွေးပွဲတက်‌ရောက်သူ Project Officer စခန့်‌ကျော်ဇင်က ယခုလို ‌ပြောသည်။
“အဓိက က‌တော့ တာ့ခရိုင်အတွင်းမှာဆို ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား‌တွေအ‌နေနဲ့ လုပ်ခလစာ အရမ်းနည်းတယ်။ အလုပ်သ မား‌တွေရဲ့ အခွင့်အ‌ရေး‌တွေလည်း ချိုး‌ဖောက်ခံ‌နေရတယ်။ အခွင့်အ‌ရေးနဲ့ ပတ်သက်တဲ့ အမှုတစ်ခုဖြစ်မယ်ဆိုရင် အရမ်းလည်း ကြာတယ်။ ထိုင်းရဲ‌တွေက သိပ်ပြီးမ‌ဖြေရှင်း‌ပေးချင်ဘူး။ အဲဒီ‌တော့ ရသင့်တဲ့ အခွင့်အ‌ရေး‌တွေလည်း ဆုံးရှုံး‌နေရတဲ့ အခက်အခဲ ‌တွေ ရှိ‌နေတုန်းပဲဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် ယာယီအလုပ်လုပ်ခွင့်လက်မှတ် အပါအဝင် ထိုင်းအစိုးရ သတ်မှတ်ထားသည့် အ‌ထောက်အထားများ ခိုင်လုံပါက မည်သူမျှ ဖမ်းဆီး‌နှောက်ယှက်၍ မရသလို တရားဝင် လုပ်အားခ၊ အလုပ်သမားဥပ‌ဒေအရ အကာအကွယ်‌ပေးမှုနှင့်အတူ ဘတ် ၃ဝသာကုန်ကျရုံဖြင့် မည်သည့်‌ဆေးရုံ‌ဆေးခန်းတွင်မဆို လွတ်လပ်စွာ ‌ဆေးကုသခွင့်ရမည် ဖြစ်သည်။

အဆိုပါ တနှစ်သက်တမ်းရှိ ယာယီအလုပ်သမားလက်မှတ်ပြုလုပ်မည်ဆိုပါက အရွယ်‌ရောက်သူတစ်ဦးလျှင် ၃၀၈ဝဘတ်၊ အသက် (၇)နှစ်မှ (၁၅)နှစ်အထိ ၂၁၈ဝဘတ်ကုန်ကျမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ပြီးပါက နိုင်ငံကူးလက်မှတ်ကို ထပ်မံပြုလုပ်ရမည် ဖြစ်သည်။

ထိုင်းအစိုးရက တစ်နိုင်ငံလုံးရှိ အ‌ထောက်အထားမရှိ‌သော ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ယာယီ အလုပ်လုပ်ခွင့်လက် မှတ်(ပန်း‌ရောင်ကဒ်)ကို နိုင်ငံတစ်ဝှမ်းလုံးမှ ခရိုင် ၇၇ခရိုင်တွင် လက်မှတ်‌ပေါင်း (၁၄)သိန်း ပြုလုပ်‌ပေးရန် ရည်မှန်းထား‌သော် လည်း ယ‌နေ့အထိ ကဒ်ပြုလုပ်သူ (၆)သိန်းခန့်သာရှိ‌သေး‌ကြောင်း (JACBA)၏ စာရင်းများအရ သိရသည်။