Home တွေ့ဆုံမေးမြန်းခန်း ‌တွေ့ဆုံ‌မေးမြန်းခြင်း

‌တွေ့ဆုံ‌မေးမြန်းခြင်း

2354

“နယ်ပယ်စုံမှာ အမျိုးသမီးတိုင်း ‌ခေါင်း‌ဆောင်လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားဖို့လိုသလို အမျိုးသမီး‌တွေအ‌နေနဲ့လည်း ကြိုးစားကြပါလို့”

ပထမဆုံး ကရင်အမျိုးသမီး‌လေယာဉ်မှူး ‌နော်ခူးခူ‌ဖောအား ကရင်သတင်းဌာန(‌ကေအိုင်စီ)က ဆက်သွယ်‌မေးမြန်းခြင်းဖြစ်သည်။

‌မေး။ ။ ‌နော်ခူးခူ‌ဖောအ‌နေနဲ့ ‌လေယာဉ်မယ်အဖြစ် မဟုတ်ဘဲ ဒီလို‌လေယာဉ်မှူးအလုပ်ကို လုပ်ဖြစ်သွားရတဲ့အ‌ကြောင်းရင်းကို ရှင်းပြ‌ပေးပါလား။
ယား(ကျမ)အ‌နေနဲ ့ ဒီလို‌လေယာဉ်မှူး အလုပ်လုပ်ဖြစ်သွားတာက‌တော့ ခူးခူက ငယ်ငယ်ထဲက အင်ဂျင်နီယာတစ်‌ယောက် ဖြစ် ချင်ခဲ့တာပါ။ ဒီလိုနဲ ့ဆယ်တန်း‌အောင်ပြီးတဲ့ ‌နောက်မှာ‌တော့ နည်းပညာတက္ကသိုလ်ကိုဘဲတက်ပြီး အင်ဂျင်နီယာဘွဲ့ကို ယူခဲ့ပါ တယ်။ ဘွဲ့ရပြီးသွားတဲ့အချိန်မှာ ‌လေယာဉ်စက်ပြင် အင်ဂျင်နီယာအလုပ်နဲ့ အလုပ်လုပ်ဖို ့ကြိုးစားခဲ့ပါ‌သေးတယ်။ ဒါ‌ပေမဲ့ မြန်မာ ပြည်မှာက ‌လေယာဉ်စက်ပြင်အင်ဂျင်နီယာအလုပ်က မိန်းက‌လေးတစ်‌ယောက်အတွက် လုပ်ဖို့က အဆင်မ‌ပြေဘူး။ ကိုယ်က လည်း ဒီလိုင်းကိုပဲ အားသန်‌တော့ ‌လေယာဉ်မှူးသင်တန်းတက်ဖို့ ဆုံးဖြတ်ခဲ့တယ်။
အဲ့မတိုင်ခင်မှာလည်း ခူးခူက ‌လေ‌ကြောင်းလိုင်းတစ်ခုမှာ Operation Department မှာ ၈လ‌လောက် အလုပ်ဝင်လုပ်ခဲ့ပါ‌သေး တယ်။ အဲ့ဒီ‌လေ‌ကြောင်းလိုင်းမှာက အမျိုးသမီး‌လေယာဉ်မှူး‌တွေလည်း ရှိတယ်။ အဲ့ဒီကတစ်ဆင့် ဝါသနာပါခဲ့တာပါ။ သူတို့ ‌တောင် ဖြစ်‌သေးတာ ခူးခူလည်း ဖြစ်‌အောင်ကြိုးစားမယ် ဆိုတဲ့စိတ်နဲ ့ လုပ်ဖြစ်ခဲ့တာ‌ပေါ့‌နော်။ ဒီ‌တော့ ‌လေယာဉ်မှူးသင်တန်း မသွားခင်မှာလည်း ဒီက လက်ရှိ‌လေယာဉ်မှူး‌တွေနဲ့‌တွေ့ပြီး‌တော့ အ‌တွေ့အကြုံ‌တွေကို စကား‌ပြောကြည့်ခဲ့တယ်။ သူတို့က‌တော့ ‌ကောင်းတာ‌တွေ‌ရော၊ ဆိုးတာ‌တွေ‌ရော အကုန်လုံး စိတ်ရှည်ရှည်နဲ့ ‌ပြောပြခဲ့ပါတယ်။ ဆိုးတာက‌တော့ ပိုများတာ‌ပေါ့‌နော်။ မိန်းက‌လေးဖြစ်တာ‌ကြောင့်လည်း ပါတာ‌ပေါ့။ ဒါ‌ပေမဲ့ ခူးခူဆုံးဖြတ်ပြီးသားကိုပဲ ဆက်လုပ်ဖြစ်ခဲ့တယ်။

‌မေး။ ။ ‌လေယာဉ်မှူးသင်တန်းက ဘယ်မှာတက်ခဲ့တာလဲ။ အ‌တွေ့အကြုံ‌တွေကိုလည်း ‌ပြောပြ‌ပေးပါ။
ခူးခူက ‌လေယာဉ်မှူးသင်တန်းကို‌တော့ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ ဧပြီလမှာ မ‌လေးရှားနိုင်ငံမှာရှိတဲ့ (Asia Pacific Flight Training) ‌ကျောင်းမှာ ‌လေယာဉ်‌မောင်းသင်တန်းကို စတက်ခဲ့တာပါ။ ၂၀၁၄ခုနှစ်၊ ‌အောက်တိုဘာလမှာ သင်တန်းပြီးခဲ့ပါတယ်။ ပွင့်ပွင့် လင်းလင်း‌ပြောရရင် ဒီသင်တန်းတက်ဖို့က ပိုက်ဆံ သိန်း‌ထောင်ချီကုန်ခဲ့တယ်။ ဖိလစ်ပိုင်မှာဆိုရင်‌တော့ သိန်း‌လေးငါးရာ‌လောက် နဲ့ ရတယ်‌တော့‌ပြောတယ်။ တချို့ကျ‌တော့ မိဘက ပိုက်ဆံရှိ‌တော့ အချိန်ဆွဲ တက်ကြတာလည်းရှိတယ်။ တစ်‌ယောက်နဲ့တစ် ‌ယောက်‌တော့ မတူဘူး‌ပေါ့‌နော်။ ကိုယ်ကြိုးစားရင် ဘာသာရပ်‌တွေကို မြန်မြန်ပြီး‌အောင် ‌ဖြေဆို‌အောင်မြင်မယ်။ မကြိုးစားရင် နိုင်ငံခြားဆို‌တော့ ‌နေစရိတ် စားစရိတ်ကုန်တာ‌ပေါ့။ အဓိကက‌တော့ ပညာ‌ရေးလည်း ‌ကောင်းဖို့လိုသလို ကျန်းမာ‌ရေးလည်း အထူး‌ကောင်းဖို့လိုတယ်။ နိုင်ငံခြားမှာဆို‌တော့ ကိုယ့်ဘာသာကိုယ် စာကျက်တဲ့အချိန်၊ အနားယူမဲ့အချိန် သီးခြားခွဲပြီး ကိုယ့်ဘာ သာကိုယ်ပြန် စီမံခန့်ခွဲရတာ‌ပေါ့။ သင်တန်းမှာ‌တော့ စုစု‌ပေါင်းဘာသာရပ် ၁၅ခုကို ‌ဖြေခဲ့ရတယ်။
IMG_0604 (KKP)
‌မေး။ ။ ‌လေယာဉ်မှူးဖြစ်တဲ့အချိန်မှာ လုပ်ငန်းခွင်ထဲ ဘယ်လိုအခက်အခဲ‌တွေ ကြုံ‌တွေ့ရပါသလဲ။ အဲဒီ အခက်အခဲ‌တွေကို‌ရော ဘယ်လို ရင်ဆိုင်‌ကျော်ဖြတ်ခဲ့ပါသလဲ။
ခူးခူအ‌နေနဲ့‌တော့ လက်ရှိ‌လေယာဉ်မှူး (Pilot Course)‌တွေ ပြီးသွားလို ့ လိုင်စင်ရပြီးပါပြီး။ ‌လော‌လောဆယ် ဘယ်‌လေ‌ကြောင်း လိုင်းကိုမှ မဝင်ရ‌သေးပါဘူး။ ဝင်ဖို့ ကြိုးစားပြင်ဆင်‌နေပါတယ်။ အခက်အခဲအ‌နေနဲ့ ‌ပြောရမယ်ဆိုရင်‌တော့ သင်တန်းမှာ တချို့ ဆရာ‌တွေက မိန်းက‌လေးဆိုရင် သိပ်မကြိုက်ချင်ကြဘူး။ တချို့ကျ‌တော့လည်း မိန်းက‌လေးဆိုပြီး ‌လျှော့‌ပေးတယ်ဆိုတာ မရှိဘူး။ ‌ယောက်ျား‌လေး‌တွေနဲ့ တန်းတူပဲလုပ်ရတယ်။ ခူးခူတို့မှာ လက်‌တွေ့ ပျံသန်း(Flying test) ပြီး စာ‌မေးပွဲ ‌ဖြေရတာရှိတယ်။ အဲ့ဒီအ ချိန်မှာ ခူးခူအရမ်း‌ကြောက်တယ်။ ဘာလို့လဲဆို‌တော့ စာ‌မေးပွဲစစ်သူက ကိုယ့်‌ဘေးမှာထိုင်ပြီး‌တော့ ကိုယ်‌လေယာဉ်‌မောင်းတာ ကို လိုက်စစ်တာ‌လေ။ ‌ကျေးဇူး‌တော်‌ကြောင့်ပဲ ခူးခူ ပျံသန်းမှု စစ်‌ဆေးတိုင်းကို ‌အောင်မြင်ခဲ့ပါတယ်။

‌မေး။ ။ မိသားစုနဲ့ ကိုယ့်ရဲ့ လူမှုအသိုင်းအဝိုင်းက ခူးခူ‌ဖောရဲ့ ဒီလုပ်ငန်းအ‌ပေါ် အား‌ပေးပံ့ပိုးမှု‌တွေက ဘယ်လို‌တွေရှိသလဲဆို တာ အားလုံးလည်း သိသွားရ‌အောင် ‌ကေအိုင်စီက‌နေတဆင့် ရှင်းပြ‌ပေး‌စေချင်ပါတယ်။
အခုလို ‌လေယာဉ်မှူးသင်တန်းကို ခူးခူသွားတက်တာ မိဘနှစ်ပါးရဲ့ ‌ထောက်ပံ့မှုနဲ့ပါ။ သူတို့ကလည်း ကြိုးစားပြီး ‌ငွေအားနဲ့‌ရော အကြံဉာဏ်အား၊ လူအားနဲ့ပါ ပံ့ပိုး‌ပေးခဲ့ပါတယ်။

‌မေး။ ။ ထူးထူးခြားခြား ကရင်တိုင်းရင်းသားအမျိုးသမီး‌တွေထဲမှာ ‌လေယာဉ်မှူးဖြစ်လာသူတစ်‌ယောက်အ‌နေနဲ့ ကိုယ့်ရဲ့ ကိုယ် ပိုင် ခံစားချက်‌လေးကို ‌ပြောပြ‌ပေးပါလား။
ကရင်အမျိုးသမီး‌တွေထဲမှာ ပထမဦးဆုံး ‌လေယာဉ်မှူး ဖြစ်လာတဲ့အတွက် ဝမ်းသာပါတယ်။ ဒါကိုလည်း သင်တန်းမှာတုန်းက ကရင်အမျိုးသမီး‌တွေထဲမှာ ပထမဆုံး ‌လေယာဉ်မှူးဖြစ်မယ်ဆိုတာကို သိခဲ့ရတာပါ။ ကရင်အမျိုးသမီးဖြစ်တာကို ဂုဏ်ယူသလို အခုလို ဖြစ်လာတာကိုလည်း ကရင်အမျိုးသားတစ်ရပ်လုံးအတွက် ခူးခူ ဝမ်းသာဂုဏ်ယူမိပါတယ်။

‌မေး။ ။ ‌နော်ခူးခူ‌ဖောအ‌နေနဲ့ ‌နောင်လာမဲ့ ကိုယ့်ရဲ့အနာဂတ်အတွက် ဘာ‌တွေလုပ်သွားမယ်လို့ စိတ်ကူးထားပါသလဲ။
ခူးခူအ‌နေနဲ့က‌တော့ အနာဂတ်မှာ ဒီ‌လေယာဉ်မှူးအလုပ်ကိုပဲ ပိုပိုပြီး အဆင်‌ပြေ‌အောင်မြင်‌အောင် ကြိုးစားသွားမှာပါ။ ‌နောက် တစ်ဖက်က‌နေလည်း ဒီလိုသင်တန်းကိုတက်ချင်တဲ့ လူငယ်‌တွေကို ကိုယ့်အ‌တွေ့အကြုံနဲ့ အကြံ‌ပေးသွားဖို့လည်းရှိပါတယ်။ စိတ် ဝင်စားတဲ့ ဘယ်သူမဆို ဆက်သွယ်နိုင်တယ်လို့လည်း ‌ပြောချင်ပါတယ်။ ‌နောက်တခုက ခူးခူရဲ့အဖိုးဆို ရန်ကုန် ကရင်နှစ်သစ်ကူး ကျင်းပ‌ရေး ဗဟို‌ကော်မတီရဲ့ ပထမဦးဆုံး နှစ်သစ်ကူးပွဲ ပြုလုပ်နိုင်ဖို့အတွက် ဦး‌ဆောင်စီစဉ်ခဲ့သူပါ။ ဒါ‌ကြောင့် ကရင်အမျိုးသား ‌ရေးကိုလည်း ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်သွားဖို့ စဉ်းစားထားပါတယ်။

‌မေး။ ။ ကရင်အမျိုးသမီး အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးလူငယ်‌တွေကို ကရင်သတင်းဋ္ဌာန(‌ကေအိုင်စီ)က‌နေ တဆင့် ဘယ်လိုအား‌ပေးအမှာစကား‌တွေများ ‌ပြောဆိုချင်ပါသလဲ။
ကရင်အမျိုးသမီး‌တွေအတွက်‌တော့ ‌ပြောချင်တာကိုယ်ဖြစ်ချင်တာကို ဖြစ်‌အောင်ကြိုးစားပါ။ အထူးသဖြင့် ကရင်လူငယ် အမျိုး သား‌ရော အားလုံးကို‌ပေါ့။ ‌ပြောချင်တာ ဒီ‌ခေတ်က ပညာ‌ခေတ်ဖြစ်တယ်။ ဒီ‌တော့ ပညာကိုဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ကြိုးစားသင်ပါ။ အားမငယ်ပါနဲ့။ မိန်းက‌လေးပဲမို ့အားငယ်‌နေစရာမလိုပါဘူး။ ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်ကိုထားပါ။ တခုထပ်‌ပြောချင်တာက‌တော့ ကျား၊ မ ခွဲခြားတာ‌တွေက ခူးခူတို့ လူမှုအသိုင်းအဝိုင်းမှာ တချို့အပိုင်း‌တွေ ရှိ‌နေ‌သေး‌ပေမဲ့ အမျိုးသမီးတိုင်းလည်း လူမှုအဖွဲ့အ စည်း‌တွေမှာ ‌ခေါင်း‌ဆောင်ပိုင်း‌တွေရှိသလို ‌ကောင်းမွန်‌အောင်မြင်စွာ ‌ခေါင်း‌ဆောင်မှု‌ပေး‌နေတာ အခု ‌တွေ့မြင်‌နေရတာပဲ။ ဒါ ‌ကြောင့် နယ်ပယ်စုံမှာ အမျိုးသမီးတိုင်း ‌ခေါင်း‌ဆောင်လုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားဖို့လိုသလို အမျိုးသမီး‌တွေအ‌နေနဲ့လည်း ကြိုး စားကြပါလို့ တိုက်တွန်းချင်ပါတယ်။

‌မေး။ ။‌နောက်ထပ်ဘာများ ဖြည့်စွက်‌ပြောဆိုချင်တာရှိပါ‌သေးသလဲ။
ခူးခူးအ‌နေနဲ့‌တော့ ‌ထွေ‌ထွေထူးထူး မ‌ပြောချင်ပါဘူး။ အခုလို စိတ်ဝင်တစားနဲ့ ‌မေးမြန်းတာကို ‌ကျေးဇူးအများကြီးတင်ပါတယ်။ (တာဘလု)‌နော်။

အသက် ၂၄နှစ်အရွယ်ရှိ ‌နော်ခူးခူ‌ဖောကို မိဘများဖြစ်ကြသည့် ‌နော်မာ‌နေထူးနှင့် ‌စော‌ကျော်‌ဌေးရင်တို့က (၁-၁၀-၁၉၉၀)ခုနှစ် တွင် ရန်ကုန်မြို့၌ ‌မွေးဖွားခဲ့သည်။ သူမသည် ‌မွေးချင်း‌မောင်နှမနှစ်ဦးအနက် အကြီးဖြစ်ပြီး ‌မောင်‌လေးတစ်ဦးရှိသည်။ ဝါသနာ အားဖြင့် စာဖတ်ခြင်းနှင့် သီချင်းနား‌ထောင်ခြင်းကို ခုံမင်သူဖြစ်သည်။
ငယ်စဉ်က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အ.မ.က(၈)၌ မူလတန်းကိုလည်း‌ကောင်း၊ အ.မ.က(၄)အင်းစိန်၌ ပဉ်စမတန်းကိုလည်း ‌ကောင်း၊ ဆဋ္ဌမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အ.ထ.က(၂) ကမာရွတ်မြို့နယ်၌ ‌အောင်မြင်ခဲ့ပြီး‌နောက် BE(Electronic Communication) ရန်ကုန်အ‌နောက်ပိုင်းနည်းပညာတက္ကသိုလ်တွင် ၂၀၁၁ခုနှစ်က ပညာသင်ကြား ‌အောင်မြင်ခဲ့သူဖြစ်သည်။