Home အမြင်သဘောထား အမြင်သ‌ဘောထားကဏ္ဍ

အမြင်သ‌ဘောထားကဏ္ဍ

1613

ဖွဲ့စည်းပုံပြင်ဆင်‌ရေး ‌ဆွေး‌နွေးပွဲအတွက် ပြည်‌ထောင်စုလွှတ်‌တော်က အတည်ပြုထားသည့် ‌ခြောက်ပွင့်ဆိုင် ‌တွေ့ဆုံမှုအစား တိုင်းရင်းသားမျိုးနွယ် ခုနှစ်မျိုး ပါဝင်သည့် ၁၂ပွင့်ဆိုင်‌တွေ့ဆုံ‌ဆွေး‌နွေးရန် ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရက ပြည်‌ထောင်စု အစိုးရသို့ တိုက်တွန်း‌ကြောင်း အ‌ရေးကြီးအဆိုကို ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင် မြင့်က ဒီဇင်ဘာလ ၉ရက်‌နေ့ ရန်ကုန်တိုင်း‌ဒေသကြီး လွှတ်‌တော်အစည်းအ‌ဝေးတွင် အ‌ရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သည်။

ယင်းအဆိုကို ဒီဇင်ဘာလ ၁ဝရက်‌နေ့တွင် ရန်ကုန်တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ် ၁၄ဦးက ‌ဆွေး‌နွေးရာတွင် ပြည် ‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ လွှတ်‌တော်ကိုယ်စားလှယ် ၂ဦး အပါအဝင် ၃ဦးက ကန့်ကွက်‌ဆွေး‌နွေးခဲ့ပြီး ကျန် ၁၁ဦး က ‌ထောက်ခံ‌ဆွေး‌နွေးခဲ့သည်။ ရန်ကုန်တိုင်း‌ဒေသကြီး လွှတ်‌တော်ဥက္ကဌက မ‌ဆွေး‌နွေးသည့် လွှတ်‌တော်ကိုယ်စားလှယ်များ၏ သ‌ဘောထားကိုရယူလိုသည့်အတွက် လျှို့ဝှက်မဲဆန္ဒခံယူရာ ကန့်ကွက်မဲ ၉မဲနှင့် ‌ထောက်ခံမဲ ၉၉မဲရရှိခဲ့၍ ယင်းအဆိုကို အတည် ပြုလိုက်သည်။

ထိုအ‌ခြေအ‌နေတွင် ကရင်ပြည်နယ် အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီများဖြစ်ကြ‌သော ဖလုံစ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုက ‌ရေစီအဖွဲ့ချုပ်နှင့် ကရင်ဒီမိုကရက်တစ်ပါတီများမှ ‌ခေါင်း‌ဆောင်အချို့က ၎င်းတို့၏ အမြင်သ‌ဘောထားများကို ‌ပြောဆိုထားပါ သည်။
???????????????????????????????
နန်းခင်‌ထွေးမြင့် (ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင်၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD)

ကျမတို့က‌တော့ တိုင်းရင်းသား‌တွေပါရင်‌တော့ သ‌ဘောကျတာ‌ပေါ့။ ဒါ‌ပေမယ့်အခုဟာ အန်တီ‌ပြောချင်တာက‌တော့ ၆ပွင့်ဆိုင် ‌တွေ့ဆုံဖို့ ဘယ်လိုလုပ်ရင်‌ကောင်းမလဲဆိုတဲ့အပို်င်းကို တိုင်ပင်‌ဆွေး‌နွေးတာပဲရှိ‌သေးတယ်‌လေ။ ၄ပွင့်ဆိုင်ပဲဖြစ်ဖြစ်၊ ၆ပွင့်ဆိုင်ပဲ ဖြစ်ဖြစ် ‌ပြောပြီးလို့ရှိရင်‌တော့ တကယ်တမ်းခွဲတမ်းဆိုရင် တချို့တိုင်းရင်းသား ကိုယ်စားလှယ်အားလုံးက ကိုယ်စားလှယ်မှ မရှိ ‌သေးပဲ။ ‌လော‌လောဆယ် အဲလိုအရှည်ကြီးကို လုပ်မည့်နည်းတူ အမှန်က နီးရာ‌လေးနဲ့ အရင်လုပ်ရမှာ။ သူတို့က ဒီပွဲမှာ အစီအ စဉ်‌တွေလည်း မပါ‌သေးဘူး။ ဘာဆုံးဖြတ်ချက်မှ ချမှာမဟုတ်ဘူး။ ဘယ်လိုစပြီးလုပ်ကြရင်‌ကောင်းမလဲ‌ဟေ့ဆိုပြီး စပြီးစီစဉ်တာ ‌လေး။ အခုအစလုပ်ဖို့အတွက် အစပျိုးလိုက်တာပါ။ မလုပ်ဘူး လုပ်မယ် ဖြစ်‌နေလို့ရှိရင် ‌ဝေ့လည်‌ဝေ့လည် ဖြစ်‌နေမယ်ဆို‌တော့ နီးတဲ့လူကို အရင်သွင်းလိုက်မယ်။ တကယ်တမ်း လုပ်မယ့်အခါကျ‌တော့ ဒို့တို်င်းရင်းသား‌တွေ မပါလို့မှ မရတာ။ ဒို့မြန်မာမှာ တိုင်းရင်းသားက ချန်ထားခဲ့လို့ရတာမဟုတ်တာ အန်တီက‌တော့ အဲလိုမြင်တယ်။ အခုဟုတ်‌တော့ဟုတ်တယ်။ တိုင်းရင်းသား အားလုံးကို ကိုယ်စားမှ မပြု‌သေးတာ။ ‌လေးပွင့်ဆိုင်က အ‌ခြေခံအကျဆုံး စ‌ဆွေး‌နွေးပြီး‌တော့မှ တခါပြီးတာနဲ့ တစ်ဆင့်တက်လာ ‌ပေါ့‌နော်။ အခုဟာက သူက ‌လေးပွင့်၊ ၆ပွင့် သူက ၁၂ပွင့် တိုင်းရင်းသားအကုန်လုံးဆိုလို့ရှိရင် အဲဒီပွဲက ဘယ်‌တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ တစ်ခုခုကို လုပ်ရ‌တော့မယ်ဆိုတာ အရင်စပြီး လမ်းစပျိုးတာ အ‌ရေးကြီးတယ်။ စလုပ်တဲ့အချိန်မှာ ဖြစ်သင့်တာက ‌တော့ တကယ်တမ်းအဓိက အတိုက်အခံနိုင်ငံ‌ရေးပါတီ၊ လက်ရှိအစိုးရရယ် တပ်မ‌တော်လည်းမပါလို့မှ မဖြစ်တာ ဒီလို‌တွေ့တဲ့အ ခါကျ‌တော့ တိုင်းရင်းသားက‌တော့ မြန်မာ့နိုင်ငံ‌ရေးမှာ မပါလို့မရတဲ့ အရာမှမဟုတ်ဘဲ သူတို့ ဒီလိုချလိုက်တဲ့အချိန်မှာ တိုင်းရင်း သားက မ‌ကျေနပ်ဘူးလို့ရှိရင် ပြန်ပြီး‌ပြောလို့ရ‌သေးတယ်‌လေ။

???????????????????????????????
‌စောသိန်း‌အောင် (ဥက္ကဋ္ဌ – ဖလုံစ‌ဝေါ်ဒီမိုကရက်တစ်ပါတီ)

ဒါကျ‌တော့လည်း နည်းနည်း စဉ်းစားစရာ‌ပေါ့‌လေ။ စကားတစ်ခုရှိတာ‌ပေါ့‌နော်။ လူများလို့ပွဲမစည်ရင် နှစ်ပို်င်းထားတဲ့ဟင်းအိုး ဆို တဲ့စကား ရှိတယ်‌လေး။ အ‌ရေးကြီးတာက ဒီတိုင်းရင်းသားအားလုံးကို ကိုယ်စားလှယ်တက်ပြီး ပါဝင်မယ့် ပုဂ္ဂိုလ်က‌နေပြီး‌တော့ တိုင်းရင်းသားအားလုံးအတွက်ကို သူက တင်ပြ‌ပေးနိုင်ရင်လည်း ပြီးတာပါပဲ။ အ‌ရေးကြီးတဲ့ ‌ဆွေး‌နွေးပွဲမှာ လူများတယ်ဆိုရင် အ‌တွေးအမြင်‌တွေ၊ အယူအဆ‌တွေ များတဲ့အခါကျ‌တော့ နည်းနည်း စည်းရုံးရခက်တယ်‌လေ။ အဲလို အခက်အခဲရှိနိုင်တယ်။ ကျ‌နော့်အမြင်က အဲလိုရှိတယ်။ ဖြစ်တာက ဒီတိုင်းရင်းသားအားလုံးမှာ ကျ‌နော်တို့ကိုယ်တိုင်ပဲ ‌ရွေးချယ်ထားတဲ့ ရခိုင်ပါတီက ‌ဒေါက်တာ‌အေး‌မောင်ဆိုတာကို‌လေ။ သူက‌နေပြီး‌တော့ တင်ပြတဲ့‌နေရာမှာလည်းပဲ သူ့သ‌ဘောဆန္ဒတစ်‌ယောက်တည်းနဲ့ တင်ပြ တာမဟုတ်ဘဲနဲ့ လွှတ်‌တော်မှာရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်‌တွေရဲ့ ‌ဆွေး‌နွေးချက်၊ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်‌တွေကိုယူပြီး ‌တော့ တင်ပြမှာပဲ‌လေ။ ပြီး‌တော့လည်း အထက်က သူနဲ့‌ဆွေး‌နွေးတဲ့ကိစ္စ‌တွေလည်း ပြန်လည်ချပြမယ်‌လေ။ အဲဒီလိုမျိုး အ‌နေအ ထားရှိရင်လည်း ပြီးတာပဲ မဟုတ်လား။ ကျ‌နော့်အ‌နေနဲ့က‌တော့ တိုင်းရင်းသား‌တွေကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်တယ်လို့ မြင်ပါတယ်။

DSC_0070
နန်း‌စေအွာ (ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်)

ကျမတို့က‌တော့ ပြည်‌ထောင်စုလွှတ်‌တော်နာယကကြီးက‌နေ အတည်ပြုထားတဲ့ ၆ပွင့်ဆိုင်‌ဆွေး‌နွေး‌ရေးကိစ္စကို တိုင်းရင်းသား ‌တွေ ပါဝင်‌နေတဲ့ အစုအဖွဲ့ကိုယ်စားကို တစ်ဦးပါ‌နေပြီး‌ပေါ့‌နော်။ ဒီ ၁၂ပွင့်ဆိုင်ဆိုတာထက်ကို တိုင်း‌ဒေသကြီးနဲ့ ပြည်နယ်ကိုယ် စား‌တွေမှာ ပိုပြီး‌တော့ အဆင်‌ပြေတာ‌ပေါ့။ ၁၂ပွင့်ဆိုင်ပြီး‌တော့ ‌ပြောမယ့်ဆိုမယ့်‌ခေါင်း‌ဆောင်ဟာ ကရင်ပြည်နယ် ကိုယ်စားပြု နိုင်မယ့် ‌ခေါင်း‌ဆောင်ဖြစ်ရင်‌တော့ ‌ကောင်းတာ‌ပေါ့။ ကရင်ကိုယ်စားပြုတဲ့ ကရင်မဟုတ်ဘူးဆိုရင်‌တော့ ဒီကရင်ပြည်နယ်မှာ ခံစားရတာ‌တွေကို ‌ဒေသမှာရှိတဲ့လူထက်ပိုပြီး‌တော့ ခံစားရမှာမဟုတ်ဘူး‌လေ။ အဲဒီ‌တော့ ကရင်‌ခေါင်း‌ဆောင်ကို ဘယ်လို‌ရွေးမှာ လဲ။ တိုင်းရင်းသားပါတီ‌တွေအားလုံးက ‌ရွေးထုတ်မှာလား။ ဒါမှမဟုတ် ကိုယ့်ပြည်နယ်မှာရှိတဲ့ ကရင်‌ခေါင်း‌ဆောင်ကို ‌ရွေးထုတ် မှာလားဆိုတာ ကျမ မသိဘူး။ ကျမက‌တော့ ပြည်‌ထောင်စုလွှတ်‌တော်က ဆုံးဖြတ်ချက်အတိုင်းကိုပဲ အတည်ပြု‌စေချင်တယ်။ ကရင်‌တွေကများတယ်။ ဒီကရင်ပြည်နယ်အပြင် တစ်ခြားတိုင်းနဲ့ ပြည်နယ် ၅ခုစလုံးမှာ ရှိ‌နေတယ်ဆို‌တော့ အဲဒါလည်းပဲ ဒီပြည် နယ်ကလူလည်း တကယ်လို့ ပါလို့ရတယ်ဆိုရင် ဒီပြည်နယ်ကိုယ်စား ကရင်ပြည်နယ်ကလူက ပါသင့်တာ‌ပေါ့။ ပြီး‌တော့ ကရင် တိုင်းရင်းသားကို ကိုယ်စားပြုမလား မဟုတ်ရင် တိုင်း‌ဒေသကြီးအတွက် ပြည်နယ်ကိုယ်စား တိုင်းရင်းသားလူမျိုး‌တွေကို ကိုယ် စားပြုမလား အဲလိုမျိုးဆိုရင် ပိုပြီး‌တော့ ရှုတ်‌ထွေးလာအုံးမယ်‌လေ။ သ‌ဘောက တိုင်းရင်းသားက အခု လက်ရှိ ၇မျိုး‌ပေါ့‌နော်။ သူ့ပြည်နယ်နဲ့သူ အဲဒီ‌တော့ တိုင်းရင်းသားပါတီ‌တွေထဲက‌နေပြီး‌တော့မှ ကိုယ့်ရဲ့ပြည်နယ်ကိုယ်စားပြုတဲ့ တိုင်းရင်းသား‌ခေါင်း ‌ဆောင်ကို ‌ရွေးထုတ်ရင်‌တော့ ပိုပြီးကြာအုံးမှာ၊ ပိုရှုတ်မှာ အဲလိုမျိုးလုပ်ရင် စည်းလုံးညီညွတ်မှု‌တောင် ပိုပြီးပျက်ပြားနိုင်တယ်။