Home သတင်း လူငယ်များ နိုးကြားကြရန် ၅၅နှစ်‌မြောက် ‌မွေး‌နေ့တွင် ‌ဒေါက်တာစင်သီယာ‌မောင် တိုက်တွန်း

လူငယ်များ နိုးကြားကြရန် ၅၅နှစ်‌မြောက် ‌မွေး‌နေ့တွင် ‌ဒေါက်တာစင်သီယာ‌မောင် တိုက်တွန်း

1521

ဒီဇင်ဘာ ၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

နိုင်ငံ တိုးတက်‌ရေးနှင့် အနာဂတ်လှပ‌ရေးအတွက် လူငယ်များအ‌နေဖြင့် နိုးကြားကြိုးစားကြရန် ထိုင်း-မြန်မာ နယ်စပ် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း‌နေရာသစ်၌ ယ‌နေ့ပြုလုပ်‌သော ‌ဒေါက်တာစင်ယာ‌မောင်၏ ၅၅နှစ်‌မြောက် ‌မွေး‌နေ့ပွဲ အခမ်းအနားတွင် ‌မွေး‌နေ့ရှင်က တိုက်တွန်း‌ပြောဆိုလိုက်သည်။

‌ဒေါက်တာစင်သီယာ‌မောင်က “လူမှုအသိုင်းအဝိုင်းထဲမှာ ကြည့်မယ်ဆိုရင် လူငယ်က အများစုဖြစ်သလို အလုပ်လုပ်နိုင်တဲ့အ‌ခြေအ‌နေ၊ ‌လေ့လာသင်ယူဖို့ အ‌ခြေအ‌နေ၊ ပူး‌ပေါင်း‌ဆောင်ရွက်မှု အ‌ခြေအ‌နေ သူတို့ပဲ ဖြစ်တယ်။ ဒါ‌ကြောင့် လူငယ်‌တွေအ‌နေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူမှုဘဝ‌တွေနဲ့ ‌ဒေသဆိုင်ရာ အ‌ခြေ အ‌နေ‌တွေကို မျက်‌ခြေမပြတ်ဘဲ ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အာရှ‌တောင်အာရှနိုင်ငံများအတွင်း စီးပွား‌ရေး၊ ကျန်းမာ‌ရေး၊ လူ့အခွင့်အ‌ရေး စသည့်ကိစ္စများကို ပြင်ဆင်မှုလုပ်‌နေချိန်တွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ယဉ်‌ကျေးမှု ထုံးတမ်းအစဉ်လာ၊ နိုင်ငံ‌ရေးတည် ငြိမ်မှု၊ ပြဿနာ ပူး‌ပေါင်း‌ဆောင်ရွက် ‌ဖြေရှင်းမှုတို့ကို နှစ်နိုင်ငံရှိ လူငယ်များအ‌နေဖြင့် နီးစပ်မှုရှိရှိ အလုပ်လုပ် နိုင်ရန် တိုက်တွန်း‌ကြောင်းလည်း ‌ဒေါက်တာစင်သီယာ‌မောင်က ဆက်‌ပြောသည်။

ထို‌မွေး‌နေ့ပွဲ အခမ်းအနားတွင် နယ်စပ်‌ဒေသရှိ ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)၊ ကရင်လူငယ်အ စည်းအရုံး(‌ကေဝိုင်အို)၊ ကရင်အမျိုးသမီးအစည်းအရုံး(‌ကေဒဗလျူအို)မှ ‌ခေါင်း‌ဆောင်များ အပါအဝင် အခြားလူထုအကျိုးပြုလူမှု‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်‌သော အဖွဲ့အစည်း (NGOs)များ၊ ထိုင်းအာဏာပိုင်များ၊ ‌ကျောင်းသူ‌ကျောင်းသားများ စုစု‌ပေါင်း ၃၀၀‌ကျော် တက်‌ရောက်ရာတွင် လူငယ်ဦး‌ရေမှာ အများဆုံးဖြစ်သည်။

‌ဒေါက်တာစင်သီယာ‌မောင်၏ ‌မွေး‌နေ့ပွဲအတွက် ဝိုင်းဝန်ကူညီ‌ပေးသည့် လူငယ်တစ်ဦးဖြစ်သူ ‌စောဘလု‌စေး ဟဲက “ဆရာမကြီးလုပ်တဲ့ လူမှု‌ရေးလုပ်ငန်းမှာ ကျ‌နော်လုပ်လာတာ ‌ခြောက်နှစ်ရှိပါပြီ။ သူဟာ ကျန်းမာ‌ရေး အပြင် ပညာ‌ရေးနဲ့ အခြားလူမှု‌ရေးလုပ်ငန်းကိုလည်း လုပ်‌ဆောင်တာကို ကြည့်ရင် လူငယ်‌တွေအတွက် စံပြ ပါပဲ။ လူငယ်‌တွေလည်း သူ့ကို အတုယူပြီး ကြိုးစား‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မွေး‌နေ့ပွဲ အခမ်းအနား တက်‌ရောက်သည့် ‌ကျောင်းသူ‌ကျောင်းသားများက ‌ဒေါက်တာစင်သီယာ‌မောင်အား ဂုဏ်ပြုသည့်အ‌နေဖြင့် သီချင်းများ၊ ကဗျာများ၊ ကရင်ဒုံးယိမ်း အပါအဝင် အကမျိုးစုံကို ‌ဖျော်‌ဖြေတင်ဆက်ခဲ့ သလို အခမ်းအနားတက်‌ရောက်‌သော သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်အချို့လည်း ဂုဏ်ပြုစကားများ ‌ပြောကြား ခဲ့ကြသည်။

၎င်းအပြင် လူငယ်များအ‌နေဖြင့် အနာဂတ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာ သစ်ပင်စိုက်ပျိုး‌ရေးနှင့် ကာကွယ်‌စောင့်‌ရှောက်‌ရေး ‌ဆောင်ရွက်တတ်ကြရန် ရည်ရွယ်၍ ‌မွေး‌နေ့ပွဲတွင် ‌ဒေါက်တာစင်သီယာ‌မောင် က ပန်းပင်၊ သစ်ပင်‌ပေါင်း ၅၅ပင်ကိုလည်း အထိမ်းအမှတ်အဖြစ် စိုက်ပျိုးခဲ့သည်။

‌ဒေါက်တာစင်သီယာ‌မောင် ‌မွေး‌နေ့ပွဲ တက်‌ရောက်သူ ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ပဒို‌စော သမိန်ထွန်းက “မြန်မာနိုင်ငံရဲ့ ဒီမိုက‌ရေစီ‌ရေးနဲ့ လူမှု‌ရေးဘက်မှ တတ်ကျွမ်းတဲ့ဘက်က စွမ်းစွမ်းတမံ ကြိုး ပမ်း‌ဆောင်ရွက်ပြီး ကမ္ဘာက အသိအမှတ်ပြုရတဲ့ ‌ဒေါက်တာစင်သီယာ‌မောင်ကို အင်မတန် ‌လေးစားတန်ဖိုး ထားလို့ ‌မွေး‌နေ့ပွဲကို လာ‌ရောက်ရတာပါ။ လူငယ်‌တွေအ‌ပေါ် သူ့ဆန္ဒက ‌ခေါင်း‌ဆောင်‌ကောင်းတစ်ဦးရဲ့ လက္ခဏာနဲ့ လုပ်‌ဆောင်ရမယ့် တာဝန်ပဲ။ မျိုးဆက်သစ်ကို ‌မြေ‌တောင်‌မြှောက်‌ပေးနိုင်မှ ‌ခေါင်း‌ဆောင် ‌ကောင်း‌တွေ ‌ပေါ်လာပြီး တိုင်းပြည်ကလည်း သာယာဖွံ့ဖြိုးမှာ ဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

‌ဒေါက်တာစင်သီယာ‌မောင်သည် ၁၉၈၈ခုနှစ်၊ ‌ကျောင်းသားအ‌ရေးအခင်း‌နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွါ၍ အခမဲ့ ‌ဆေး‌ပေးခန်း မယ်‌တော်‌ဆေးခန်းထူ‌ထောင်ကာ ပရဟိတလုပ်ငန်း လုပ်ကိုင်‌နေသည့် ၈၈ မျိုးဆက်တစ်ဦးလည်းဖြစ်ပြီး လက်ရှိ နိုင်ငံတကာမှ ချီးမြှင့်သည့် ဆု‌ပေါင်း ၂ဝခန့် ရရှိထားသူဖြစ်သည်။