Home သတင်း မဲဆွယ်စည်းရုံးမှု ကြိုတင်ခွင့်ပြုမိန့်ရှိ‌နေဆဲဟု ကရင်ပြည်နယ်အ‌ခြေစိုက်ပါတီအများစု ‌ဝေဖန်

မဲဆွယ်စည်းရုံးမှု ကြိုတင်ခွင့်ပြုမိန့်ရှိ‌နေဆဲဟု ကရင်ပြည်နယ်အ‌ခြေစိုက်ပါတီအများစု ‌ဝေဖန်

1660

ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများအတွက် ‌ရွေး‌ကောက်ပွဲအချိန် မတိုင်မီ မဲဆွယ်စည်းရုံးခွင့်ကာလ ၂လဖြစ်‌ကြောင်း ဒီဇင်ဘာလ ၈‌နေ့တွင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ခွင့်ပြုလိုက်သည်ကို ကြိုဆို ‌ထောက်ခံ‌သော်လည်း ကြိုတင်ခွင့်ပြုမိန့်တင်ရသည့်ကိစ္စမှာ ရှိ‌နေဆဲဖြစ်သည်ဟု ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံ‌ရေးပါတီများက ‌ဝေဖန်လိုက်သည်။

ထို‌နေ့တွင် မဲဆွယ်စည်းရုံးခွင့်နှင့်ပတ်သက်၍ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ညွှန်ကြားချက်တစ်‌စောင် ထုတ်ပြန်ပြီး ‌နောက် ကရင်ပြည်နယ်အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီများဖြစ်ကြသည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ဒီမိုကရက်တစ် ပါတီ(KDP)နှင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) တို့က ယင်းသို့ ‌ဝေဖန်လိုက်ခြင်းဖြစ်သည်။

PSDP ဒုတိယဥက္ကဌ မန်း‌အောင်ပြည်စိုးက “အခုလို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က မဲဆွယ်စည်းရုံးခွင့်ရက်‌ပေါင်း ၆ဝ ပြန်လည်ခွင့်ပြု ခြင်းနဲ့ ကျပ် ၅သိန်းမှ ၃သိန်း မှတ်ပုံတင်‌ကြေး ‌လျှော့ချသတ်မှတ်ခြင်းအ‌ပေါ် ထုတ်ပြန်မှုဟာ ကြိုဆို‌ပေမယ့် လူထု‌တွေကို သွား ‌ရောက်မဲဆွယ်စည်းရုံးရာမှာ နိုင်ငံ‌ရေးပါတီများက ‌ကော်မရှင်ထံ ကြိုတင်ခွင့်ပြု မိန့်တင်ရမယ့်အစား အသိ‌ပေးအ‌ကြောင်းကြား ခြင်းသာ ဖြစ်သင့်ပါတယ်။ ကန့်သတ်ချက်‌တွေ၊ ခွင့်ပြုချက်‌တွေ တားဆီးတာ‌တွေ များများစားစား မရှိဖို့လိုတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်မည့် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများ၏ မဲဆွယ်စည်းရုံးခွင့်ကို ၁လခန့်သာ အချိန်‌ပေးရန် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်‌နေ့၌ ထုတ်ပြန်‌ကြေညာခဲ့ပြီး‌နောက် နိုင်ငံ‌ရေး ပါတီများအတွင်း ‌ဝေဖန်သံများထွက်‌ပေါ်လာသဖြင့် မဲဆွယ်စည်းရုံးခွင့်ကို ၂လအထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

KDP ဥက္ကဌ ‌စောရဲဝင်းနိုင်က “မဲဆွယ်စည်းရုံးခွင့် ၂လ ‌ကော်မရှင်က တိုးပြီးသတ်မှတ်‌ပေးထားတာ ကျ‌နော်တို့ပါတီအတွက် လုံ ‌လောက်ပါတယ်။ လူထုကို သွား‌ရောက်မဲဆွယ်ဖို့ ကြိုတင် ခွင့်ပြုမိန့်တင်ရမယ့်ကိစ္စက‌တော့ ‌ကော်မရှင်က ပါတီ‌တွေ နယ်ဆင်းတဲ့ အခါ ထပ်သွားမှာ စိုးရိမ်တယ်လို့‌တော့ ‌ပြောတယ်။ ဒါ‌ပေမယ့် ကြိုတင်ခွင့်ပြုမိန့်ကျဖို့‌စောင့်ရင်း ပါတီ‌တွေ ကသိက‌အောက်‌တော့ ဖြစ်သွားနိုင်တယ်”ဟု ‌ပြောဆိုသည်။

NLD)ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် နန်းခင်‌ထွေးမြင့်ကလည်း “အရင်တုန်းက‌တော့ ‌ကော်မရှင်က တင်းမာတယ်လို့ ထင် တယ်။ အခု‌တော့ မျှမျှတတ ပြန်လုပ်‌ပေးတယ်လို့ပဲ အန်တီတို့က သ‌ဘောထားတယ်။ လူထု‌တွေကို မဲဆွယ်ဖို့က ကြိုတင် ခွင့်ပြု မိန့်တင်ရခြင်းဟာ အချိန်ကြာ‌စေတယ်။ အဟန့်အတားဖြစ်‌စေတဲ့ အဓိကအ‌ကြောင်းရင်းပဲ အဲဒီအချက်က အဓိကပဲ”ဟု ‌ပြော သည်။

ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သည် ၂၀၁၅ခုနှစ်၊ ‌ရွေး‌ကောက်ပွဲအတွက် လိုက်‌လျောမှု အနည်းငယ် ရှိလာသဖြင့် ပါဝင် ယှဉ်ပြိုင်မည့်သူများသည် အခွင့်အ‌ရေးရရှိလာ‌သော်လည်း နိုင်ငံ‌ရေးပါတီကြီးများအ‌နေဖြင့် မဲဆွယ်စည်းရုံးခွင့် အချိန်ကာလ ၃လ ခန့် ဖြစ်‌စေလို‌ကြောင်းလည်း နန်းခင်‌ထွေးမြင့်က ဆက်‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကာလက ဝင်‌ရောက်ယှဉ်ပြိုင်မည့် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများအတွက် မဲဆွယ်စည်း ရုံးခွင့်အချိန် ၁လခန့်သာ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ခွင့်ပြုခဲ့‌သော်လည်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ ‌ပေးသွင်းရ သည့် မှတ်ပုံတင်‌ကြေး ၅သိန်းကျပ်ကိုမူ ‌ရွေး‌ကောက်ပွဲ၌ နိုင်သည်ဖြစ်‌စေ၊ ရှုံးသည်ဖြစ်‌စေ ပြန်လည်မရရှိ‌တော့‌ပေ။ လာမည့်‌ရွေး ‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများသည် မဲအ‌ရေအတွက် ၈ပုံအနက် ၁ပုံ‌ကျော်ရရှိ လျှင် မှတ်ပုံတင်‌ကြေး ပြန်လည်ရရှိမည်ဟု ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထုတ်ပြန်ထား‌ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် နိုင်ငံ‌ရေးပါတီများဖြစ်ကြသည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)နှင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးပါတီ(NUP)၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ (USDP)နှင့် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)တို့ အ‌ခြေစိုက်လျှက်ရှိသည်။