Home သတင်း မီဒီယာ လုံခြုံ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် SMJN ကို ဖွဲ့စည်း

မီဒီယာ လုံခြုံ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် SMJN ကို ဖွဲ့စည်း

1486

ဒီဇင်ဘာ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

သတင်းမီဒီယာများ သတင်းရယူရာ၌ လုံခြုံ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးရှိရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နှင့် တနသာင်္ရီတိုင်း‌ဒေသကြီးအတွင်းရှိ မြန်မာပြည်‌တောင်ပိုင်းဂျာနယ်လစ်ကွန်ရက် (SMJN)တစ်ခုကို ဒီဇင်ဘာ ၁၁ ရက်‌နေ့က မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့၊ ‌ရွှေမြင့်မိုရ်ဟိုတယ်၌ ပထမဆုံးအကြိမ် ပြုလုပ်‌သော မြန်မာပြည်‌တောင်ပိုင်းဂျာနယ်လစ် ‌ဆွေး‌နွေးပွဲတွင် ဖွဲ့စည်းခဲ့သည်။

ပွဲဖြစ်‌မြောက်‌ရေးစီစဉ်သူတစ်ဦးဖြစ်သူ သံလွင်တိုင်း တာဝန်ခံအယ်ဒီတာ ဦးကိုကို‌ဇော်က “တချို့အစိုးရဌာန‌တွေ မှာ သတင်း‌ထောက်‌တွေ သတင်းသွားယူတဲ့အခါ ဟိုလူမရှိလို့၊ ဒီလူမရှိ လှည့်ပတ်ပြီး ‌ပြော‌နေတာ ‌တွေ့‌နေရ တယ်။ မပွင့်လင်း‌တော့ သတင်းသမား‌တွေ သတင်းထုတ်ပြန်‌ရေးသားဖို့ အခက်အခဲနဲ့ စိန်‌ခေါ်မှု‌တွေ ရှိတယ်။ ဒါကို အစိုးရဌာန ‌တွေကို ဝိုင်းဝန်း‌မေတ္တာရပ်ခံပြီး ယုံကြည်မှုတည်‌ဆောက်နိုင်ဖို့ ဒီအဖွဲ့ကို ဖွဲ့တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရဌာနများ၊ အရပ်ဖက်အဖွဲ့များ၊ ပြည်သူများနှင့် သတင်းမီဒီယာများကို အလွယ်တကူ ချိတ်ဆက်နိုင်ရန်၊ သတင်းပညာရပ်ဆိုင်ရာ အရည်အ‌သွေးမြှင့်တင်မှုကို အ‌ထောက်အကူ‌ပေးနိုင်ရန်၊ မီဒီယာများ၏ ရပိုင်ခွင့်များကို ကာကွယ်‌စောင့်‌ရှောက်ရန်၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် မီဒီယာအချင်းချင်း ထိန်း‌ကျောင်းနိုင်ရန်၊ အခြား သတင်းမီဒီယာကွန်ရက်များနှင့် အပြန်အလှန် ပူး‌ပေါင်း‌ဆောင်ရွက်နိုင်ရန်နှင့် တာဝန်သိ သတင်းသမားအသစ် များပြားလာ‌စေရန် ရည်ရွယ်၍ SMJN ကို ဖွဲ့စည်းခြင်းဖြစ်‌ကြောင်းလည်း ဦးကိုကို‌ဇော်က ဆက်‌ပြောသည်။

‌မော်လမြိုင်အ‌ခြေစိုက် ကုလသမဂ္ဂဖွံ့ဖြိုး‌ရေး အစီအစဉ်(UNDP)မှ ကုန်ကျစရိတ်ခံ၍ ဒီဇင်ဘာ ၁ဝ မှ ၁၂ ရက်‌နေ့ အထိ ပြုလုပ်‌သော ယင်းအခမ်းအနားတွင် အစိုးရဌာနဆိုင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ် ‌သောအဖွဲ့အစည်းများနှင့် သတင်းမီဒီယာသမားများ စုစု‌ပေါင်း ၁၀ဝ ‌ကျော် တက်‌ရောက်‌ဆွေး‌နွေးပြီး အားလုံး သ‌ဘောတူညီချက်ဖြင့် အလုပ်အမှု‌ဆောင် ၉ဦး ပါဝင်‌သော SMJN ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ SMJN အလုပ်အမှု‌ဆောင်တို့မှာ ညှိနှိုင်း‌ရေးမှူးအဖြစ် ကိုဉာဏ်စိုးဝင်း၊ တွဲဘက်ညှိနှိုင်း‌ရေးမှူးများအဖြစ် ဦးတင့်လွင်၊ ကို‌ဇော်ရဲထက်၊ မိမွန်ကျဲနှင့် ဘဏ္ဍာ‌ရေးမှူး ကိုထွန်းထွန်း‌ထွေး၊ အုပ်ချုပ်‌ရေးမှူး ကိုပွင့်စန်း၊ စွမ်းရည် မြှင့်တင်‌ရေး မိယဉ်စနိုင်း၊ ပြန်ကြား‌ရေး ကို‌ကျော်စိုး၊ စာရင်းကိုင် မဇာသူမိုးမိုးအိတို့ဖြစ်‌ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ အချို့‌သော အစိုးရဌာနများသို့ သတင်းသွား‌ရောက်ယူရာ၌ ရုံးအတွင်းရှိ ဓာတ်ပုံ၊ အသံဖမ်းစက်၊ ဖုန်း စသည်တို့ ယူ‌ဆောင်ခွင့် မပြုသည်ကို ‌တွေ့ရပြီး ယခုလို ကွန်ရက်ဖွဲ့စည်းသည့်အ‌ပေါ် သတင်း‌ထောက်များအတွက် တစုံတရာ အ‌ထောက်အကူပြုမည်ဟု ‌မျှော်လင့်‌ကြောင်း SMJN အုပ်ချုပ်‌ရေးမှူး ဖြစ်သည့် ကရင်ပြည်နယ် အ‌ခြေစိုက် သတင်း‌ထောက်တစ်ဦးဖြစ်သူ ကိုပွင့်စန်းက ‌ပြောသည်။

“ဌာန‌တွေမှာ သတင်းများကို သွား‌ရောက်ယူတဲ့အခါမှာ အဆင်မ‌ပြေတာ‌တွေ အ‌တော်များများရှိပါတယ်။ ‌မေးမြန်းရတဲ့အခါ အခက်အခဲ‌တွေ့ရှိတယ်။ အထူးသဖြင့် လက်တ‌လောကြုံ‌တွေ့‌နေရတဲ့ ဒီပိုင်နက်ကျူးလွန်တဲ့ ကိစ္စမျိုးတို့၊ ‌နောက်‌တော့ ပုဒ်မ ၅၀ဝ ကိစ္စမျိုးတို့အပိုင်းလည်းပဲ သတင်းသမား‌တွေအတွက် စိုးရိမ်စိတ်‌တွေ ဖြစ်‌စေတယ်။ ဒါကို ကွန်ရက်ဖွဲ့လိုက်တာ ‌ကောင်းပါတယ်”ဟု ကိုပွင့်စန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ်၊ စက်တင်ဘာလကုန်ပိုင်း၌ မွန်ပြည်နယ် ကျိုက်မ‌ရောမြို့နယ်အတွင်းတွင် သတင်းလိုက်‌နေ‌သော အလွတ်သတင်း‌ထောက်တစ်ဦးဖြစ်သူ ကို‌အောင်‌ကျော်နိုင် (‌ခေါ်) ကိုပါကြီး အသတ်ခံရပြီး‌နောက် မြန်မာနိုင်ငံ ‌တောင်ပိုင်းဂျာနယ်လစ်ကွန်ရက် (Southern Myanmar Journalist Network-SMJN)ကို ယခုလို ဖွဲ့စည်းခြင်းဖြစ်‌ကြောင်း သိရသည်။