Home သတင်း ဖွဲ့စည်းပုံကို ဥပ‌ဒေရ ပြင်ဆင်ခြင်းထက် နိုင်ငံ‌ရေးသ‌ဘောတူညီမှုဖြင့် ပြင်ဆင်သင့်ဟု UNA ‌ပြောဆို

ဖွဲ့စည်းပုံကို ဥပ‌ဒေရ ပြင်ဆင်ခြင်းထက် နိုင်ငံ‌ရေးသ‌ဘောတူညီမှုဖြင့် ပြင်ဆင်သင့်ဟု UNA ‌ပြောဆို

1497

ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

၂၀၀၈ ဖွဲ့စည်းပုံကို ဥပ‌ဒေအရ ပြင်ဆင်ခြင်းထက် နိုင်ငံ‌ရေးသ‌ဘောတူညီမှုဖြင့် မွမ်းမံပြင်ဆင်သင့်သည်ဟု ဒီဇင်ဘာ ၂၂ မှ ၂၄ ရက်‌နေ့အထိ ရန်ကုန်မြို့၊ ‌တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သည့် ညီညွတ်‌သော တိုင်းရင်း သားလူမျိုးများမဟာမိတ်အဖွဲ့(UNA)၏ ပထမအကြိမ်ညီလာခံအပြီးတွင် အဖွဲ့ဝင်ဖြစ်သူ သျှမ်း(ရှမ်း)တိုင်းရင်း သားများ ဒီမိုက‌ရေစီအဖွဲ့ချုပ် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး စိုင်းညွှန့်လွင်က မီဒီယာများအား ‌ပြောကြားခဲ့သည်။

၎င်းက “ဒီ‌နေ့ မြန်မာနိုင်ငံမှာ အဓိက လိုအပ်ချက်ဖြစ်တဲ့ နိုင်ငံ‌ရေးသ‌ဘောတူညီချက်ရဖို့ လိုတယ်။ နိုင်ငံ‌ရေး သ‌ဘောတူညီချက်၊ နိုင်ငံ‌ရေးဆုံးဖြတ်ချက်နဲ့ အ‌ခြေခံဥပ‌ဒေကို ပြင်ဆင်မွမ်းမံတာဆိုရင် ပိုမှန်တယ်လို့ ကျ‌နော်တို့ ယူဆတယ်။ ဥပ‌ဒေအရ ပြင်တာထက်စာရင် နိုင်ငံ‌ရေးသ‌ဘောတူညီချက်နဲ့ပြင်တာ ပိုမှန်မယ်။ အဲ့ဒီ‌တော့ ကျ‌နော်တို့ နိုင်ငံ‌ရေးသ‌ဘောတူညီချက်‌တွေ ရနိုင်သ‌လောက် ကျ‌နော်တို့ ‌ဆွေး‌နွေးသွားမယ်”ဟု ‌ပြောသည်။

UNA အ‌နေဖြင့် စတင်ဖွဲ့စည်းစဉ်က ချမှတ်ထားသည့် မူဝါဒ၊ ရပ်တည်ချက်များမှာ အ‌ခြေအ‌နေနှင့် ကိုက်ညီမှုမရှိ သည်များကို အဖွဲ့ဝင်များပြန်လည်‌ဆွေး‌နွေးကာ နိုင်ငံ‌ရေးမူဝါဒတစ်ခုရရှိရန်နှင့် လတ်တ‌လော ဖြစ်‌ပေါ်‌နေသည့် နိုင်ငံ‌ရေးအကြပ်အတည်းများကို UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ဘုံသ‌ဘောတူညီချက်တစ်ခုရှာ၍ ‌ရှေ့ဆက် ရပ်တည်လုပ်ကိုင်သွားရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု သဘာပတိအဖွဲ့ဝင် ရခိုင်အမျိုးသားပါတီမှ ဦး‌အေးသာ‌အောင်က ‌ပြောသည်။

သုံးရက်တာ ကျင်းပခဲ့သည့် ၎င်းညီလာခံ၏ ဒုတိယ‌နေ့နှင့် တတိယ‌နေ့တို့တွင် UNA ကိုယ်စားလှယ်များ အပါအဝင် မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် တိုုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ (UNFC)၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)၊ လူ့‌ဘောင်သစ်နှင့် တိုင်းရင်းသားပါတီများ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များလည်း တက်‌ရောက်ကာ စုစု‌ပေါင်း လူဦး‌ရေ ၁၃၀‌ကျော် ပါဝင်‌ဆွေး‌နွေးခဲ့ကြသည်။
IMG_0733
အမျိုးသမီးအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) ကိုယ်စားလှယ်အဖြစ် ညီလာခံ တက်‌ရောက်ခဲ့သူ ကရင်အမျိုးသမီး အစည်းအရုံး(KWO) ဥက္ကဌ နန်းဒါအဲကလယ်က “‌ဆွေး‌နွေးပွဲမှာ လက်ပံ‌တောင်း‌တောင်မှာ အမျိုးသမီး‌သေနတ် နဲ့ ပစ်ခတ်ခံရလို့ ‌သေဆုံးသွားတဲ့ ကိစ္စ‌တွေကိုလည်း ‌ဆွေး‌နွေးတယ်။ ‌ရှေ့ဆက်နိုင်ငံ‌ရေးအရ လူမှုအဖွဲ့‌တွေ၊ ပါတီ ‌တွေ၊ တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့‌တွေ လက်တွဲပြီး နိုင်ငံ‌ရေးအရ ဘုံသ‌ဘောတူညီချက်တစ်ခု ရှာ‌ဖွေပြီး ‌တော့ စု‌ပေါင်းလုပ်မဲ့ လမ်းစတစ်ခုကို ရှာ‌ဖွေနိုင်ခဲ့တာ ‌တွေ့ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ‌ဆွေး‌နွေးရာတွင် UNA အ‌နေဖြင့် နိုင်ငံ‌ရေးသ‌ဘောထားများတွင် ကနဦးနားလည်မှု (Gentleman Agreement) ရရှိရန်သာ ‌မျှော်မှန်းထား‌သော်လည်း ညီလာခံအပြီးတွင် သ‌ဘောထားထုတ်ပြန်ချက်တစ်‌စောင် ထုတ်ပြန်နိုင်ခဲ့‌ကြောင် UNA က ဆိုသည်။

နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲဖြင့်‌ဖြေရှင်းရန်၊ ဒီမိုက‌ရေစီအ‌ရေးနှင့် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်ဆင်‌ရေး သို့မဟုတ် အသစ်ပြန်လည်‌ရေးဆွဲ‌ရေး ကို ကြိုးပမ်း‌ဆောင်ရွက်ရန်၊ နိုင်ငံ‌ရေးဘုံသ‌ဘောတူညီချက်ရရှိ‌ရေးအတွက် ပြည်‌ထောင်စုညီလာခံကြီးတစ်ရပ်ကို အ‌ထောက်အကူပြုမည့် အကြို‌ဆွေး‌နွေးပွဲ ဖြစ်‌ပေါ်လာ‌ရေး ကြိုးပမ်းသွားရန်၊ ပြည်တွင်းငြိမ်းချမ်း‌ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးတို့ကို အ‌ထောက်အကူပြုသည့် အများယုံကြည် လက်ခံနိုင်‌သော နိုင်ငံ‌ရေးဝန်းကျင်‌ကောင်းတခုကို ဖန်တီးတည်‌ဆောက်သွားရန် အပါအဝင် အချက် ၉ ချက်ပါ ‌ကြေညာချက် တစ်‌စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

UNA အဖွဲ့ကို ၂၀၀၂ ခုနှစ်၊ ‌မေ ၁၁ ရက်‌နေ့က ၁၉၉ဝ ‌ရွေး‌ကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီများဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သျှမ်း(ရှမ်း)တိုင်းရင်းသားများဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ရခိုင် အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ သျှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုက‌ရေစီကွန်ဂရက် တို့အပါအဝင် အဖွဲ့ဝင်ပါတီ ၈ခု ရှိ‌ကြောင်း သိရသည်။