Home သတင်း ဖားအံပညာ‌ရေး‌ဖောင်း‌ဒေးရှင်းမှ စာ‌ပေ‌ဟော‌ပြောပွဲကျင်းပပြုလုပ်

ဖားအံပညာ‌ရေး‌ဖောင်း‌ဒေးရှင်းမှ စာ‌ပေ‌ဟော‌ပြောပွဲကျင်းပပြုလုပ်

1691

ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၄ခုနှစ်၊ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်ပြည်နယ်အ‌ခြေစိုက် လူမှု‌ရေးအဖွဲ့တစ်ခုဖြစ်သည့် ဖားအံပညာ‌ရေး‌ဖောင်း‌ဒေးရှင်းက ၎င်းတို့ ‌ဖောင်‌ဒေးရှင်း၏ အသိပညာဖြန့်‌ဝေမှု ရည်ရွယ်ချက်ဖြင့် ကာတွန်းဆရာ ဆရာ‌အော်ပီကျယ်နှင့် ကဗျာဆရာ ခင်‌အောင်‌အေးတို့ကို ဖိတ်ကြားကာ ဒီဇင်ဘာ ၁၇ရက်‌နေ့ညက ဖားအံမြို့၊ ကန်သာဦးခန်းမတွင် စာ‌ပေ‌ဟော ‌ပြောပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။

ယင်းစာ‌ပေ‌ဟော‌ပြောပွဲတွင် ဆရာ‌အော်ပီကျယ်က “မြန်မာမနိုင်‌သေးဘူး” ‌ခေါင်းစဉ်နှင့် ကဗျာဆရာ ခင်‌အောင်‌အေးက “လူကဗျာနှင့် ကမာ္ဘဂြိုလ်” ‌ခေါင်းစဉ်တို့ဖြင့် အသီးသီး လာ‌ရောက်‌ဟော‌ပြောခဲ့ခြင်း ဖြစ်သည်ဟု ဖားအံပညာ‌ရေး‌ဖောင်‌ဒေးရှင်း ဒု-ဥက္ကဌ ဦးသန်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ဒု-ဥက္ကဌ ဦးသန်း‌အောင်က “လူကြီး‌ရော၊ လူငယ်‌တွေ‌ရော အားလုံးက စီးပွား‌ရေးနဲ့ပဲ လုံး‌နေ‌တော့ စားဖတ်ဖို့ လိုတဲ့ဟာကို မဖတ်နိုင်ကြတဲ့အတွက် စာ‌ရေးဆရာ‌တွေကို ဖိတ်‌ခေါ်ပြီး သူတို့ရဲ့တိုက်ရိုက် ရင်တွင်းစကား ‌တွေကို စာ‌ပေအ‌နေနဲ့ ‌ပြောကြား‌စေချင်လို့ ကျင်းပတာဖြစ်ပါတယ်။ ပညာဆိုတာက စာ‌ပေမှာ အခံရှိပါတယ်။ စာများများဖတ်ဖို့ လိုတယ်”ဟု ‌ပြောသည်။

စာ‌ပေ‌ဟော‌ပြောပွဲပြုလုပ်၍ စာ‌ရေးဆရာများကို ဖိတ်‌ခေါ်ခြင်းအားဖြင့် ဖားအံပညာ‌ရေး‌ဖောင်‌ဒေးရှင်း၏ ရည်ရွယ်ချက်များဖြစ်သည့် ဆင်းရဲနွမ်းပါးသည့်က‌လေးများ ‌ကျောင်း‌နေနိုင် ‌ရေးကို ‌ထောက်ပံ့ရန်၊ ထူးချွန်သည့် တက္ကသိုလ်‌ကျောင်းသူ‌ကျောင်းသားများအား Scholarship (ပညာသင်ဆု)‌ပေးရန်နှင့် မြို့နယ်နှင့် ရွာများတွင် အသိပညာဖြန့်‌ဝေရန် စသည်တို့ကို အ‌ထောက်အကူပြုလုပ်လိမ့်မည်ဟု ‌မျှော်လင့်‌ကြောင်း ဒု-ဥက္ကဌ ဦးသန်း‌အောင်က ဆက်‌ပြောသည်။
IMG_0186
အဆိုပါ စာ‌ပေ‌ဟော‌ပြောပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာ၊ အမျိုးသား လွှတ်‌တော်ကိုယ်စားလှယ် ‌စော‌အောင်‌ကျော်မင်းနှင့် ဖားအံမြို့နယ်ရှိ စာ‌ပေချစ်သူများ၊ ‌ဒေသခံများ စုစု‌ပေါင်း ၇၀ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။

ကဗျာဆရာ ဦးခင်‌အောင်‌အေးက “ဒီကရင်ပြည်နယ်မှာ ကျ‌နော် လာ‌ရောက်‌ဟော‌ပြောတာ ပထမဦးဆုံး အကြိမ်ဖြစ်ပါတယ်။ စာ‌ပေဆိုတာ စာ‌ပေနဲ့နည်းတူ နိုင်ငံ‌ရေး စီးပွား‌ရေး၊ ပညာ‌ရေး၊ အကုန်လုံး တန်းတူ အ‌ရေးကြီးပါတယ်။ အဲဒီထဲမှာ အနုပညာရဲ့ အ‌ရေးကြီးမှုက ကျန်တာ‌တွေနဲ့လည်း မ‌ရောဘူး‌ပေါ့‌နော်။ ကျန်တဲ့ဟာ‌တွေ ဂရုစိုက်သလို အနုပညာကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ အနုပညာအရည်အ‌သွေးမြှင့်မှ တိုင်းပြည်လည်း တိုးတက်မယ်လို့ ယုံကြည်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စာ‌ပေ‌ဟော‌ပြောပွဲ တက်‌ရောက်သည့် ‌ဒေသခံတစ်ဦးဖြစ်သူ မယုကလည်း “ကျမက အိန္ဒုက‌နေပြီး‌တော့ လာတာပါ။ အပြင်မှာဆို စာ‌ပေ‌ဟော‌ပြောပွဲ နား‌ထောင်ရတာ ဒါပထမဦးဆုံးအကြိမ်ပဲ။ အရင်က နိုင်ငံခြားမှာသွား‌နေတဲ့အချိန်က အ‌ခွေ‌တွေ နား‌ထောင်ရတာ‌ပေါ့‌နော်။ အဲဒီမှာ စိတ်ဝင်စားသွားတယ်။ ကိုယ့်ကို ဆုံးမတာလည်း ‌ပေးတယ်။ အခုလိုမျိုး အပြင်မှာ လာရတဲ့အခါကျ‌တော့ ပိုပြီးပြည့်စုံတယ်။ တအားလည်း ဝမ်းသာတယ်”ဟု ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က ဖားအံပညာ‌ရေး‌ဖောင်‌ဒေးရှင်း၏ ဦး‌ဆောင်မှုဖြင့် ဆရာချစ်ဦးညိုနှင့် ဆရာ‌မောင်လူဝိုင်းတို့ကို ဖိတ်‌ခေါ်ပြီး အလားတူ စာ‌ပေ‌ဟော‌ပြောပွဲကို ကန်သာဦးခန်းမ၌ပင် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။