Home သတင်း ပထမအကြိမ် UNA ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ဖိတ်မည်

ပထမအကြိမ် UNA ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ဖိတ်မည်

1608

ဒီဇင်ဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)က ဒီဇင်ဘာလ ၂၂ရက်မှ ၂၄ရက်‌နေ့ထိ ရန်ကုန်မြို့၊ ‌တော်ဝင်နှင်း ဆီခမ်းမ၌ ကျင်းပမည့် ပထမဦးဆုံးအကြိမ် ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်‌ခေါ်သွားမည်ဟု UNA သဘာပတိအဖွဲ့ဝင် ရခိုင်အမျိုးသားပါတီမှ ဦး‌အေးသာ‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့‌တွေကို ဖိတ်ဖို့‌တော့ သတ်မှတ်ထားတာရှိတယ်။ ဒါ‌ပေမဲ့ ဘယ်အဖွဲ့အစည်း‌တွေကို ဖိတ်မယ် ဆိုတာ‌တော့ တိတိကျကျ မဆုံးဖြတ်ရ‌သေးပါဘူး။ ‌နောက် ဘယ်နိုင်ငံ‌ရေးပါတီ‌တွေကို ဖိတ်မယ်။ ဘယ်လူမှုအဖွဲ့‌တွေကို ဖိတ်မယ် ဆိုတာလည်း တိတိကျကျ မဆုံးဖြတ်ရ‌သေးဘူး။ မဟာမိတ်အင်အားစု‌တွေကို ဖိတ်ဖို့ ရှိတယ်”ဟု ဦး‌အေးသာ‌အောင်က ‌ပြော သည်။

သုံးရက်ကြာ ပြုလုပ်သွားမည့် ၎င်းညီလာခံ၏ ပထမရက်၌ အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီ ၈ခု သီးသန့် ‌တွေ့ဆုံကာ အဖွဲ့၏ မူဝါဒပိုင်းနှင့် ‌ရှေ့လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးမည်ဖြစ်ပြီး ညီလာခံ ဒုတိယ‌နေ့နှင့် တတိယ‌နေ့တို့တွင် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ မဟာမိတ်အခြားပါတီအဖွဲ့အစည်းများနှင့် လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေများကို ‌ဆွေး‌နွေးသွားရန် ရှိသည် ဟု UNA က ဆိုသည်။

သို့‌သော် ညီလာခံတွင် ပါဝင်တက်‌ရောက်နိုင်‌ရေးအတွက် မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ကြား ရန် အတည်ပြု မသတ်မှတ်ရ‌သေး‌ကြောင်းနှင့် ဖိတ်ကြားသွားနိုင်‌ရေးအတွက် UNA အဖွဲ့ဝင်များအချင်းချင်းအကြား တိုင်ပင်‌ဆွေး ‌နွေး‌နေဆဲဖြစ်‌ကြောင်း သိရသည်။

UNA အဖွဲ့ဝင် သျှမ်း(ရှမ်း)တိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ် အတွင်း‌ရေးမှူး စိုင်းညွှန့်လွင်က “UNA စတင်ဖွဲ့ စည်းခဲ့ပြီး ၁၂နှစ် အတွင်း ပထမဦးဆုံးအကြိမ်ပြုလုပ်မယ့် ယင်းညီလာခံမှာ အဖွဲ့အစည်း‌တွေကို ဖိတ်‌ခေါ်‌ဆွေး‌နွေးသွားမယ့် အ‌ကြောင်းအရာများနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်‌ဆောင်သွားမလဲဆိုတာ ကျ‌နော်တို့ အဖွဲ့ဝင်ထဲက ဆက်လက်‌တွေ့ဆုံ‌ဆွေး‌နွေးသွားမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်လ နိုဝင်ဘာ ၅ ရက်‌နေ့၌ ကျင်းပသည့် UNA ၏ အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် အဖွဲ့မူဝါဒပိုင်းဆိုင်ရာများ သ‌ဘောတူဆုံး ဖြတ်နိုင်‌ရေးအတွက် ‌ဆွေး‌နွေးခဲ့ပြီး ပထမဦးဆုံးအကြိမ်အဖြစ် ညီလာခံကို ကျင်းပရန် UNA အဖွဲ့ဝင်အားလုံးက သ‌ဘောတူညီခဲ့ ကြခြင်းဖြစ်သည်။

UNA ကို ၂၀၀၂ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ အဖွဲ့ဝင်များမှာ ကချင်အမျိုးသားများ ဒီမိုက‌ရေစီကွန်ဂရက်၊ ကရင်အမျိုးသားပါ တီ၊ ကယန်းအမျိုးသားပါတီ၊ သျှမ်း(ရှမ်း)ပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဇိုမီးဒီမိုက‌ရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရခိုင်အ မျိုးသားပါတီနှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်တို့ဖြစ်သည်ဟု သိရသည်။