Home သတင်း နီပွန်‌ဖောင်‌ဒေးရှင်းမှ KNU တပ်မဟာ(၆) ‌ဒေသခံများအတွက် ဆန်အိတ် ၉၀၀ဝ ‌ကျော်လှူဒါန်း

နီပွန်‌ဖောင်‌ဒေးရှင်းမှ KNU တပ်မဟာ(၆) ‌ဒေသခံများအတွက် ဆန်အိတ် ၉၀၀ဝ ‌ကျော်လှူဒါန်း

2151

ဒီဇင်ဘာ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်အတွင်း ပဋိပက္ခဖြစ်ပွားခဲ့သည့် ‌နေရာ များ၌ ‌နေထိုင်သည့် ‌ဒေသခံများအတွက် ဆန်အိတ် ၉၀၀ဝ ‌ကျော်ကို နီပွန်‌ဖောင်‌ဒေးရှင်း(The Nippon Foundation)မှ ဒီဇင်ဘာ ၁၅ရက်‌နေ့က ဖားအံမြို့၊ ပြည်နယ်ဝန်ကြီးရုံးဝင်း‌ရှေ့တွင် ‌ပေးအပ်လှူဒါန်းခဲ့သည် ဟု KNU ဗဟို ဖားအံဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စောရှီးရှိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “နီပွန်‌ဖောင်း‌ဒေးရှင်းက KNU တပ်မဟာ ၇ခုစလုံးကို ဆန်အိတ်နဲ့ အခြားပစ္စည်း‌တွေလှူတယ်။ ဆန်အိတ်လှူတဲ့အခါမှာ တစ်‌ယောက်ကို တစ်အိတ်‌ပေးပါတယ်။ လှူတာ အခု တပ်မဟာ(၆)က ‌နောက်ဆုံးပဲ။ တပ်မဟာ (၅)က မယူဘူး။ လှူဒါန်းတဲ့ ဆန်အိတ်‌တွေကို ဒူးပလာယာခရိုင် ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေး ဌာနအပြင် မြို့နယ်ကိုယ်စားလှယ်များအသီးသီး လာ‌ရောက်လက်ခံယူကြပါတယ်”ဟု ‌ပြောဆိုသည်။

နီပွန်‌ဖောင်‌ဒေးရှင်းသည် ဆန်အိတ်များအပြင် ‌နေ‌ရောင်ခြည်စွမ်းအင်သုံးဆိုလာပြားနှင့် ‌ဆေးခြင်‌ထောင်များ ကိုလည်း လှူဒါန်းခဲ့ပြီး အဆိုပါ လှူဒါန်းထားသည့် အရာများကို သက်ဆိုင်ရာ KNU မြို့နယ်တာဝန်ရှိသူများမှ တဆင့် ဒူးပလာယာခရိုင်ရှိ ‌ကော့ကရိတ်၊ ကျုံဒိုး၊ ဝင်း‌ရေးနှင့် နို့တ‌ကော် စသည့် မြို့နယ်တို့ရှိ အိမ်‌ထောင်စု ‌ပေါင်း (၈၀၄၄)စုတို့အား ပြန်လည်‌ဝေ‌ပေးမည်ဖြစ်သည်ဟု KNU ဗဟို ဖားအံဆက်ဆံ‌ရေးရုံးက ဆိုသည်။
IMG_0052
ယင်းဆန်အိတ်များလှူဒါန်းပွဲ အခမ်းအနားသို့ KNU ဗဟို ဖားအံဆက်ဆံ‌ရေးရုံး တာဝန်ခံ ဗိုလ်မှူး‌စောရှီးရှို၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းနှင့် အဖွဲ့များ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦး‌ဇော်မင်း၊ နယ်စပ်‌ရေး ရာလုံခြုံ‌ရေးဝန်ကြီးဗိုလ်မှူးကြီး ‌အောင်လွင်၊ ပြည်နယ်လူမှု‌ရေးဝန်ကြီး ဦးစိုင်းချစ်လှိုင်နှင့် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖားအံမြို့ရှိ KNU-KNLA (PC)နှင့် DKBA ဆက်ဆံ‌ရေးရုံးမှ တာဝန်ရှိသူးများ၊ နီပွန်‌ဖောင်‌ဒေး ရှင်းမှ တာဝန်ခံတစ်ဦးဖြစ်သူ Ms. Matsushima အပါအဝင် လူ ၃ဝ ‌ကျော်တက်‌ရောက်ခဲ့ကြသည်။

နီပွန်‌ဖောင်‌ဒေးရှင်း၏ လှူဒါန်းမှုများအ‌ပေါ် ဒူးပလာယာခရိုင် ‌ကော့ကရိတ်မြို့နယ်မှ ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောမြ‌အေးက “တချိန်တုန်းက စစ်‌ဘေး စစ်ဒဏ်ခံခဲ့ရတဲ့ လူထု‌တွေက လယ်‌တွေ၊ ‌တောင်ယာ‌တွေ လုပ်လို့ မအားလို့ စပါးဆုံးရှုံးမှု‌တွေ၊ စားဝတ်‌နေ‌ရေးမ‌ပြေလည်တာ‌တွေ အမျိုးမျိုး စစ်‌ဘေးဒဏ်ခံခဲ့ရတယ်။ အခုလို နီပွန်‌ဖောင်‌ဒေးရှင်း နိုင်ငံတကာအလှူရှင်‌တွေက‌နေပြီး‌တော့ လာ‌ရောက်‌ပေးတာ ‌ကျေးဇူးတင်ပါတယ်။ ရိုးရိုး‌လေးနဲ့ ‌ပြောမယ်ဆိုရင် အ‌ထောက်အကူပြုတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ‌အောက်တိုဘာ ၃ရက်‌နေ့ကလည်း တနသင်္ာရီတိုင်း‌ဒေသကြီးရှိ KNU ဘိတ်-ထားဝယ်ခရိုင်၌ ယခင်ပဋိပက္ခဖြစ်ပွားခဲ့‌သော ၎င်းနယ်‌မြေအတွင်း ‌နေထိုင်‌သော ကရင်တိုင်းရင်းသား‌ကျေးရွာများအတွက် နီပွန်‌ဖောင်‌ဒေးရှင်းမှ ဆန်အိတ်နှင့် အခြားပစ္စည်းများကို ယခုလို လာ‌ရောက်‌ပေးအပ်ခဲ့‌သေးသည်။

မြန်မာအစိုးရ၏ မြန်မာငြိမ်းချမ်း‌ရေးစင်တာ (Myanmar Peace Centre) အကူအညီဖြင့် နီပွန်‌ဖောင်‌ဒေးရှင်း သည် ၂ဝ၁၂ခုနှစ်မှစ၍ ‌ထောက်ပံ့မှုများ ပြုလုပ်လာသည်နှင့်အမျှ ကရင်ပြည်နယ်တွင်လည်း ဆန်နှင့် အခြားပစ္စည်းများ လှူဒါန်းမှု ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။