Home ကဗျာ ခွန်အားဖြည့်နန်းငယ်

ခွန်အားဖြည့်နန်းငယ်

1619

(လကင်္ာဒီပ)

(၂၀၊ ဒီဇင်ဘာ ၂၀၁၄)

ညီမ‌လေးနန်းငယ်…..
ဟီရိုရှီးမား၊ နာဂါဆာကီ‌ကောင်းကင်ယံမှာ
မှိုတိမ်လွှာကြီး ဖြစ်တည်ခဲ့တဲ့‌နေ့တစ်ခု
အနုမြူဆိုတဲ့ဗုံး လူညွန့်တုံးခဲ့တယ် သူတို့ဘဝ
တစ်က‌နေပြန်စကြရတဲ့ ဂျပန်‌တွေ
နာတာရှည်‌ရောဂါဆိုးထဲ
တုံးလုံးလှဲ အပျင်းမထူကြ
ဟန်မပြ မာန်ဟုန်ကြွ
အာရှရဲ့ နဂါးကြီးတစ်‌ကောင်ဖြစ်‌အောင် ကြိုးစားနိုင်ခဲ့တယ်။

ညီမ‌လေးနန်းငယ်…..
ရဲရင့်တယ် ပြတ်သားတယ် တကယ်စွန့်စားရဲကြ
အချိန်တိုင်း အချိန်တိုင်း ဇွဲလှိုင်းနဲ့ မဆုတ်မနစ်‌လှော်ခတ်
ရပ်မ‌နေ ‌တွေးမ‌နေ ‌ငေးမ‌နေ
အချိန်‌တွေကို တန်ဖိုးထား‌လေးစား
ကုစားခဲ့ကြတယ် ‌နောင်တ သင်ခန်းစာ
သူတို့ဟာ…ဂျပန်‌တွေဟာ
ကမ္ဘာမှာ နံပါတ်တစ် သူရဲ‌ကောင်း‌တွေ ဖြစ်ခဲ့ကြတယ်။

ညီမ‌လေး နန်းငယ်…..
‌မွေးဖွားခြင်း ‌သေဆုံးခြင်း
အတွင်းစပ်ကြား တို‌တောင်းကာလ
ဘဝကို ‌ရေစုန်မ‌မျောလိုက်ကြနဲ့
ကိုယ့်ရဲ့ အမျိုးသား တန်းတူ‌ရေးအလှ
ကိုယ်ပိုင်ပြဌာန်းခွင့်အ‌ရေး သင် ‌ပေးဆပ်နိုင်သ‌လောက်‌လေး
‌ပေးဆပ် ‌ပေးအပ်လိုက်စမ်းပါ နန်းငယ်။

ညီမ‌လေး နန်းငယ်…..
သမိုင်းတခုရဲ့ဖြတ်သန်းမှု
အမှုမဲ့ အမှတ်မဲ့မရှိတဲ့အခါ
အရာရာကို တစ်က ပြန်စရဲတဲ့အခါ
လုပ်သင့်တာ‌တွေကို ချန်မထား
နင်လား ငါလား ‌ဖြေရှင်းတတ်လာရင်
ငြိုငြင်သူတို့ရဲ့ မုသားစကား‌အောက်
နင်မ‌ရောက်ဘဲ ‌ရှောင်ခွာထားနိုင်ရင်
ပီပြင်တဲ့ မူနဲ့ရပ်တည်ရင်သာ
ဒီမှာ…“မာလာလာ”လို နိုဘယ်ဆုမရရင်‌နေ‌စေ
‌မြေကမ္ဘာ ‌ရေကမ္ဘာ ‌ရွှေကြာ
အာဂအမျိုးသမီးအဖြစ် ‌နေ့သစ်သမိုင်းမှာ ကွန်းခို
သင့်ကို…‌မော်ကွန်းတင်ကြလိမ့်မယ် နန်းငယ်။

ညီမ‌လေး နန်းငယ်…..
အမြဲ‌နောက်ကျတတ်တဲ့
ကရင့်ရဲ့ စံ‌တော်ချိန်‌တွေကိုပြုပြင်
အထင်မြင်‌သေးခြင်း ကဲ့ရဲ့ခြင်း
‌ချောင်ခိုခြင်း သာကူးခြင်း
အလျဉ်း မလိုအပ်တာ‌တွေပယ်
တကယ် ကွဲတတ် ရှလွယ် ဘာသာ‌ရေး ဂိုဏ်းဂဏ
‌ခေါင်းထဲက ထုတ်ကာ လွှင့်ပစ်
နှစ်သစ်မှာ ‌ပေါ့ပါးပြတ်သားလတ်ဆတ်
အနာဂတ်‌နေ့ရက်တို့ အဆုံးစွန်
ကဲ…ခွန်အားဖြည့်ကာ ချီတက်လိုက်ကြပါစို့လား။