Home သတင်း ထိုင်းဘုရင်‌မွေး‌နေ့တွင် ထိုင်းနိုင်ငံ‌ရောက်ကရင်ယဉ်‌ကျေးမှုအဖွဲ့ အလှူလုပ်မည်

ထိုင်းဘုရင်‌မွေး‌နေ့တွင် ထိုင်းနိုင်ငံ‌ရောက်ကရင်ယဉ်‌ကျေးမှုအဖွဲ့ အလှူလုပ်မည်

2452

ဒီဇင်ဘာ ၄ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်းနိုင်ငံရှိ ကရင်လူငယ်များအတွက် ‌ရှေ့‌ဆောင်လမ်းပြရန် ရည်ရွယ်ချက်ဖြင့် ဒီဇင်ဘာ ၅ရက်‌နေ့၌ ကျ‌ရောက် မည့် ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိ‌ဘော အဒူလျာဒက်(ဒ်)‌မွေး‌နေ့တွင် ဘန်‌ကောက်မြို့ရှိ ထိုင်းဘုရင်ပန်းခြံသို့ ပြည်ပ‌ရောက်ကရင်ယဉ်‌ကျေး မှုအဖွဲ့(OKCG)မှ ဦး‌ဆောင်၍ ကရင်လူငယ်များ အလှူပြုလုပ်မည်ဟု အဖွဲ့‌ခေါင်း‌ဆောင် ‌စောဘီးဘီက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခုထိုင်းနိုင်ငံ‌ရောက်ကရင်တချို့က အ‌ပြောအဆို ဝတ်စားဆင်ယဉ်မှု‌တွေ ပျက်ဆီးလာကျတယ်။ အဲဒါကို ယဉ်‌ကျေးလိမ္မာတဲ့ ကရင်လူငယ်‌တွေ ပြန်စုပြီး တချို့လူ‌တွေကလည်း လှူဒါန်းချင်စိတ်ရှိလာ‌အောင် ကရင်လူမျိုးရဲ့‌ကောင်းတဲ့ အမူအကျင့်‌တွေ ချပြဖို့ ရည်ရွယ်ချက်နဲ့ ကရင်လူမျိုးများစု‌ပေါင်းပြီး လုပ်မှာ ဖြစ်တယ်”ဟု ‌ပြောသည်။

ဘုရင်ပန်းခြံသို့ အလှူဒါနသွား‌ရောက်ပြုလုပ်မည်ကို ကရင်လူမျိုးများ ရာ‌ကျော်ပါဝင်မည်ဖြစ်သည့်အတွက် စည်းကမ်းချက်နှင့်အညီ တာဝန်ရှိလူများထံသို့ သွား‌ရောက်အ‌ကြောင်းကြားထား‌ကြောင်းနှင့် အလှူဒါနပွဲတွင် ထမင်းထုတ်နဲ့ ‌ရေခဲမှုန့် လှူဒါန်းသွားမည်ဖြစ်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၌ ဘုရင်မင်းမြတ်၏ ‌မွေး‌နေ့ဂုဏ်ပြုပွဲ၌ ထိုင်းနိုင်ငံ‌ရောက် ကရင်လူငယ်များမှ ရိုးရာယဉ် ‌ကျေးမှုအကနှင့် သွား‌ရောက်တင်ဆက်မှုများရှိခဲ့ပြီး ယခုနှစ်မှာမူ အစီအစဉ်မရှိ‌သော်လည်း အလှူဒါန အစီအစဉ် ဘက်သို့ ကရင်လူငယ်များပူး‌ပေါင်းပြီး လုပ်‌ဆောင်သည့်သ‌ဘောဖြစ်သည်ဟု ပြည်ပ‌ရောက်ကရင်ဒုက္ခသည်များ ဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့(OKRSO)မှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်‌ရေး ‌ကော်မတီဝင် ‌စောစိပ်ပ‌လောင်ကလည်း ‌ပြောသည်။

‌စောစိပ်ပ‌လောင်က “ဘန်‌ကောက်‌ရောက်ကရင်လူငယ်‌တွေက အလှူဒါနလုပ်ဖို့ ထိုင်းအာဏာပိုင်ကို ခွင့်ပြုချက် ‌တောင်းထားတယ်။ ဒါ‌ပေမဲ့ အခု‌တော့ ခွင့်ပြုချက် မရ‌သေးဘူး၊ ‌စောင့်ရအုံးမယ်။ အရင်နှစ်က ထိုင်း‌တောင်‌ပေါ် ကရင်‌တွေ ဘုရင်မင်း မြတ်ကို လာ‌ရောက်ဂါရဝပြုတဲ့ရက်ရှိလို့ သူတို့နဲ့အတူ ဘန်‌ကောက်ကရင်လူငယ်‌တွေ ကရင်အကနဲ့ သွား‌ရောက် ‌ဖျော်‌ဖြေခွင့်ရခဲတယ်။ ဒီနှစ်‌တော့ မရှိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းဘုရင်မင်းမြတ်‌မွေး‌နေ့တွင် ထိုင်းနိုင်ငံ‌တောင်‌ပေါ်ကရင်များတက်‌ရောဂါရဝပြုခွင့်ရှိသည့်အတွက် ပြီးခဲ့သည့် နှစ်တွင် ဘန်‌ကောက်အခြစိုက် ကရင်ဒုက္ခသည်များဆိုင်ရာလူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့(OKRSO)မှ ယဉ်‌ကျေးမှု အဖွဲ့က ကရင့်ရိုးရာအကများနှင့် ထိုင်းဘုရင်မင်းမြတ်အား ပထမဆုံးအကြိမ် အကြိုဂါရဝပြုပြီး ပါဝင်‌ဖျော်‌ဖြေခွင့် ရရှိခဲ့သည်။

ထိုင်းနိုင်ငံ‌ရောက် ကရင်လူငယ်များစု‌ပေါင်း၍ ပြည်ပ‌ရောက် ကရင်ယဉ်‌ကျေးမှုအဖွဲ့ (Overseas Karen Culture group-OKCG)ကို ၂၀၁ဝခုနှစ်၌ စတင်ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့တွင် အ‌ခြေစိုက်လျှက်ရှိသည်။