Home သတင်း UNA အဖွဲ့သို့ ဝင်‌ရောက်ရန် ကရင်အမျိုးသားပါတီ ဆုံးဖြတ်

UNA အဖွဲ့သို့ ဝင်‌ရောက်ရန် ကရင်အမျိုးသားပါတီ ဆုံးဖြတ်

1771
(ကရင်အမျိုးသားပါတီ အစည်းအ‌ဝေး ပြုလုပ်စဉ်)

နိုဝင်ဘာ ၁၇ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားပါတီ(KNP)အ‌နေဖြင့် စည်းလုံးညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)သို့ ဝင် ‌ရောက်ရန် နိုဝင်ဘာ ၁၅ ရက်‌နေ့က ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်၊ မရမ်းရွာရှိ၊ ပါတီဒုဥက္ကဌ အိမ်၌ ပြုလုပ်သည့် ပါတီဗဟို‌ကော်မတီ အစည်းအ‌ဝေးတွင် ဆုံးဖြတ်လိုက်‌ကြောင်း ပါတီ အ‌ထွေ‌ထွေအတွင်း ‌ရေးမှူး မန်း‌ကျော်ငြိမ်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ပါတီအ‌နေနဲ့ UNA ရဲ့ တိုင်းရင်းသားအခွင့်အ‌ရေးအတွက် ရပ်တည်ချက် မူဝါဒပိုင်းကိုက်ညီ တဲ့အတွက် မဟာမိတ်အဖြစ် လက်တွဲလုပ်‌ဆောင်သွားဖို ့ပါတီဗဟို‌ကော်မတီအစည်းအ‌ဝေးမှာ ‌ဆွေး‌နွေးတိုင်ပင် ပြီး‌တော့ အဖွဲ့ဝင်ဖို့အတွက် ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်”ဟု ‌ပြောသည်။

UNA အ‌နေဖြင့် ကရင်အမျိုးသားပါတီကို အဖွဲ့ဝင်အဖြစ် လက်ခံရန် ယခုလ နိုဝင်ဘာ ၅ ရက်‌နေ့က ကျင်းပ သည့် အဖွဲ့အစည်းအ‌ဝေးတွင်ဆုံးဖြတ်ထား‌ကြောင်းနှင့် KNP အလုပ်မှု‌ဆောင်အဖွဲ့‌နေဖြင့်လည်း တရားဝင်ဆုံး ဖြတ်မှသာ အဖွဲ့ဝင်အဖြစ် လက်ခံသွားရန်ရှိ‌ကြောင်း UNA အတွင်း‌ရေးမှူး အဖွဲ့ဝင်ဖြစ်သူ သျှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်(SNLD)မှ စိုင်းညွှန့်လွင်က ‌ပြောသည်။

“ကျ‌နော်တို့က ကရင်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်မှု‌ဆောင်ပါအဖွဲ့က UNA မှာ မဟာမိတ်အဖြစ် ပါဝင်မယ် ဆိုပြီး ဆုံးဖြတ်ချက်တစ်ခုပဲချဖို့ လို‌တော့တယ်။ ဆုံးဖြတ်လိုက်တယ်ဆိုရင်‌တော့ အဖွဲ့ဝင်ဖြစ်ပါပြီ။ ဘာဖြစ်လို့ လည်း ဆိုရင်‌တော့ ကျ‌နော်တို့ UNA မှာ နိုဝင်ဘာ ၅ ရက်‌နေ့က အစည်းအ‌ဝေးမှာ သူတို့အမှု‌ဆောင်အဖွဲ့က ဆုံးဖြတ်လို့ရှိရင် ကျ‌နော်တို့က လက်ခံပြီးသားပါ။ သူတို့အမှု‌ဆောင်အဖွဲ့က ဝင်ဖို့ ဆုံးဖြတ်တယ်ဆိုရင် အဖွဲ့ဝင်ဖြစ်ပါပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

UNA ကို ၂၀၀ဝ ပြည့်နှစ်တွင် အမျိုးသားပြန်လည်ရင်ကြား‌စေ့‌ရေးအတွက် အစိုးရ၊ တိုင်းရင်းသားများနှင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်တို့က သုံးပွင့်ဆိုင် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲဖြစ်‌ပေါ်လာ‌စေရန် ကနဦး ပြင်ဆင်လုပ် ‌ဆောင်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်‌သော်လည်း ယင်း‌ဆွေး‌နွေးပွဲမဖြစ်‌မြောက်ခဲ့သည့်အ‌ပေါ် မဟာမိတ် အ‌နေဖြင့် ဆက်လက်ရပ်တည်ကာ လက်ရှိတွင် အဖွဲ့ဝင်တိုင်းရင်းသားနိုင်ငံ‌ရေးပါတီ ၈ ခုရှိပြီးဖြစ်‌ကြောင်း စိုင်းညွှန့်လွင်က ဆက်‌ပြောသည်။

UNA အဖွဲ့ဝင်ဖြစ်လာသည့် KNP ပါတီကို အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရ‌ရေး၊ အခြား တိုင်းရင်း သားများနှင့် လက်တွဲကာ စစ်မှန်သည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်‌ထောင်စု ‌ပေါ်ထွန်း‌ရေး၊ ကရင်လူထု နစ်နာဆုံးရှုံးမှုများကို ကာကွယ်‌ပေးပြီး ရပိုင်ခွင့်များ‌တောင်းဆို‌ရေး စသည့်ရည်ရွယ်ချက်ဖြင့် တည်‌ထောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ KNP ကို ပြည်‌ထောင်စု‌ရွေး‌ကော်ပွဲ‌ကော်မရှင်က ပါတီမှတ်ပုံတင် ‌လျှောက်ထားခွင့်ပြုထားပြီး ပါတီဝင် အင်အား ၁,၀၀ဝ စု‌ဆောင်းခြင်း၊ ပါတီ ဗဟို‌ကော်မတီဖွဲ့စည်းခြင်းနှင့် ပါတီရုံးချုပ်ဖွင့်လှစ်ခြင်း စသည်တို့ကို ‌ဆောင်ရွက်လျှက်ရှိ‌ကြောင်း KNP ထိပ်ပိုင်း‌ခေါင်‌ဆောင်များထံမှ သိရသည်။