Home သတင်း KNP ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ဖွဲ့စည်းမည်

KNP ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ဖွဲ့စည်းမည်

1579
KNP အဖွဲ့ဝင် မန်းထိန်ဝင်းစိန် (ဓါတ်ပုံ - ‌ကေအိုင်စီ)

နိုဝင်ဘာ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ဧရာဝတီတိုင်း အ‌ခြေစိုက် ကရင်အမျိုးသားပါတီ(Karen National Party-KNP)သည် လာမည့် နိုဝင်ဘာ ၁၅ရက်‌နေ့၌ ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ပြီဖြစ်‌ကြောင်း KNP တွင် ပါဝင်သည့် ‌ခေါင်း‌ဆောင်များထံမှ သိရသည်။

လက်ရှိ KNP တွင် ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်သည့် မန်းထိန်ဝင်းစိန်က “ကျ‌နော်တို့ပါတီက ‌အောက်တိုဘာ ၂၄ရက် ‌နေ့ ကတည်းက မှတ်ပုံတင်ကျတယ်။ နိုဝင်ဘာ ၉ရက်‌နေ့မှာ ဗဟို‌ကော်မတီဖွဲ့စည်းမယ်လို့ သတ်မှတ်ထား‌ပေမယ့် ရာသီဥတု အ‌ခြေအ‌နေ‌ကြောင့် သတ်မှတ်ရက်ကို နိုဝင်ဘာ ၁၅ရက်‌နေ့မှာ ‌ရွှေ့‌ပြောင်းလိုက်ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် KNP သည် တိုင်းရင်းသားအားလုံးတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေး။ စစ်မှန် ‌သော ပြည်‌ထောင်စု စစ်စစ်ဖြစ်သည့် ဖက်ဒရယ်ပြည်‌ထောင်စုဖွဲ့စည်း‌ရေး၊ အာဏာရှင်စနစ် ပ‌ပျောက်ပြီး ဒီမိုက‌ရေစီစနစ် ထွန်းကား‌ရေးနှင့် အနာဂတ်ကာလ ကရင်ပါတီတစ်ခုတည်း ပြန်လည်‌ပေါင်းစည်း‌ရေး စသည့် မူဝါဒ (၄)ခုတို့ဖြင့် ‌ရှေ့ဆက်လုပ်ငန်းစဉ် များကို လုပ်‌ဆောင်သွားမည်ဟု မန်းထိန်ဝင်စိန်က ဆက်‌ပြောသည်။

လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် KNP သည် မြန်မာနိုင်ငံအတွင်း ကရင်ပါတီများအနက် ၅ခု‌မြောက် ပါတီသစ်တစ်ခုဖြစ်ပြီး ၂၀၁၄ခုနှစ်၊ ‌အောက်တိုဘာ ၂၄ရက်‌နေ့က နိုင်ငံ‌ရေးပါတီမှတ်ပုံတင် အမှတ်(၇၈) ရရှိပြီး‌နောက် ဗဟိုအလုပ်အမှု‌ဆောင်ဖွဲ့စည်းရန် ဆက်လက်အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်‌နေကြခြင်းဖြစ်သည်။

ဗဟိုအလုပ်အမှု‌ဆောင်ဖွဲ့စည်း‌တော့မည့် KNP တွင် လက်ရှိ ယာယီဥက္ကဌအဖြစ် မန်း‌ကျော်ငြိမ်းနှင့် ဒုဥက္ကဌအဖြစ် မန်းမင်းရဲ‌ထွေးတို့က ပါတီကို ဦး‌ဆောင်လျှက်ရှိ‌ကြောင်း သိရသည်။