Home သတင်း KIO ဗိုလ်သင်တန်း‌ကျောင်း ပစ်ခတ်တိုက်ခိုက်ခံရမှုအ‌ပေါ် KNU သ‌ဘောထားထုတ်ပြန်

KIO ဗိုလ်သင်တန်း‌ကျောင်း ပစ်ခတ်တိုက်ခိုက်ခံရမှုအ‌ပေါ် KNU သ‌ဘောထားထုတ်ပြန်

1924

နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

မြန်မာအစိုးရစစ်တပ် ပစ်ခတ်မှု‌ကြောင့် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO) ဗိုလ်သင်တန်း‌ကျောင်းရှိ ဗိုလ်‌လောင်းသင်တန်း သားများ ‌သေဆုံးထိခိုက်မှုများအ‌ပေါ် စိုးရိမ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က နိုဝင်ဘာ ၂၁ရက်‌နေ့စွဲဖြင့် သ‌ဘောထား‌ကြေညာချက်တစ်‌စောင်ကို ထုတ်ပြန်လိုက်သည်။

ယခုလို သ‌ဘောထားထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး KNU ဗဟို‌ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒို‌စောသမိန်ထွန်းက “အ‌ကြောင်း ရင်းက‌တော့ ဒါဟာ ကျ‌နော်တို့ ဘဝတူညီ‌နောင်တိုင်းရင်းသားကိစ္စဖြစ်ပါတယ်။ လုံးဝကိုမဖြစ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလိုဖြစ် သွားတာ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေတာကို အများကြီး အ‌နှောက်အယှက် ဖြစ်‌စေပြီး‌တော့ ငြိမ်းချမ်း‌ရေးပျက်ပြားမှာ စိုးတဲ့အ တွက် ကျ‌နော်တို့အ‌နေနဲ့ ဒီလိုသ‌ဘောထားထုတ်ရခြင်း ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ထိုသို့လုပ်‌ဆောင်လိုက်ခြင်းမှာ တိုင်းရင်းသားများ၏ အစိုးရစစ်တပ်အ‌ပေါ် အယုံအကြည်နည်း‌နေသည့်ကြားမှ ယုံကြည်မှုကို ပိုမိုယုတ်‌လျော့‌စေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြိုကွဲ‌အောင် လုပ်‌ဆောင်သကဲ့သို့ ဖြစ်‌နေ‌ကြောင်း ပဒို ‌စောသမိန်ထွန်းက ဆက်‌ပြောသည်။

ကချင်ပြည်နယ် လိုင်ဇာရှိ KIO ဌာနချုပ်အနီး ခရာ‌တောင်ကုန်းတွင် တပ်စွဲထားသည့် မြန်မာအစိုးရတပ်၏ လက်နက်ကြီးဖြင့် ပစ် ခတ်မှု‌ကြောင့် KIO ဗိုလ်သင်တန်း‌ကျောင်းရှိ သင်တန်းသား ၂၃ဦး‌သေဆုံးပြီး ၂ဝ ထိခိုက်ဒဏ်ရာရခဲ့ရာတွင် ‌သေဆုံးသူသင်တန်း သား အများစုမှာ တအာင်း(ပ‌လောင်)အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဦး TNLA နှင့် ရက္ခိုင့်တပ်မ‌တော်(AA)တို့မှ ဖြစ်‌ကြောင်း သိရသည်။

ထိုသို့ ထိခိုက်‌သေဆုံးရာတွင် TNLA မှ ၁၁ဦး၊ AA မှ ၈ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ၂ဦး၊ ချင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်ဦး(CNF)မှ ၂ဦး အပါအဝင် သင်တန်းဆရာနှင့် သင်တန်းသား‌ပေါင်း ၂ဝ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့် ကာလအတွင်း၌ အဆိုပါတိုက်ခိုက်မှုမျိုး မဖြစ်ပွားသင့်‌ကြောင်း ရှုမြင်ထားပြီး တိုက်ပွဲများကို ရပ်စဲပြီး ငြိမ်းချမ်းစွာဖြင့် ညှိနှိုင်း‌ဆောင်ရွက်သွားကြရန် လိုအပ်သည်ဟု KNU သ‌ဘောထားထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အတူ ယခုဖြစ်ပွား‌သော ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ (UPWC)အ ‌နေဖြင့် အမြန်ဆုံးညှိနှိုင်း‌ဖြေရှင်း‌ပေးပါရန် KNU က တိုက်တွန်း‌တောင်းဆိုလိုက်ပြီး KIO ကလည်း ဖြစ်စဉ်အပြီး နိုဝင်ဘာလ ၂ဝ ရက်‌နေ့တွင် UPWC ထံသို့ စာ‌ရေးသား‌ပေးပို့အ‌ကြောင်းကြားခဲ့သည်ဟု သိရသည်။

ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(KIA)၏ သု‌တေသနနှင့်‌လေ့လာ‌ရေးဌာန ဌာနမှူး ဗိုလ်မှူးကြီး‌ဇော်‌တောင်က “ကျ‌နော်တို့ ‌ဆွေး‌နွေး‌ရေးအဖွဲ့‌ခေါင်း‌ဆောင် ဦးဆလွတ်ဂမ်ကိုယ်တိုင် လက်မှတ်‌ရေးထိုးပြီး UPWC က ဒီကိစ္စ‌တွေကို ‌ဖြေရှင်း‌ပေးဖို့ ဦး‌အောင် မင်းဆီကို စာ‌ရေးသား‌ပေးပို့ခဲ့ပြီးပါပြီ။ ယ‌နေ့အထိ‌တော့ UPWC ဘက်‌နေ့ တစုံတရာ တရားဝင် အ‌ကြောင်းပြန်ကြားထားတာ ‌တော့ မရှိ‌သေးပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို KIO က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသကဲ့သို့ KIO ဌာနချုပ်အနီး တပ်စွဲထား‌သော မြန်မာအစိုးရ တပ်စခန်းများနှင့် လက်နက်ကြီးများကို ဖယ်ရှား‌ပေးရန် ‌တောင်းဆိုထားပြီး TNLA ၊ AA ၊ ABSDF အပြင် အခြား‌သော ကချင်လူမှု အဖွဲ့အစည်းများလည်း ယခုဖြစ်စဉ်အ‌ပေါ် သ‌ဘောထားများ ထုတ်ပြန်ခဲ့ကြသည်ဟု သိရသည်။