Home သတင်း နို့ဖိုးဒုက္ခသည်စခန်းတွင် ထိုင်းစစ်တပ်မှ လူဦး‌ရေထပ်မံစစ်‌ဆေးပြီး

နို့ဖိုးဒုက္ခသည်စခန်းတွင် ထိုင်းစစ်တပ်မှ လူဦး‌ရေထပ်မံစစ်‌ဆေးပြီး

2165

နိုဝင်ဘာ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ နို့ဖိုးကရင်ဒုက္ခသည်စခန်းတွင် နိုဝင်ဘာ ၂၄ရက်‌နေ့က သက်ဆိုင်ရာ ထိုင်းအစိုးရစစ်တပ်မှ ဦး‌ဆောင်ပြီး လူဦး‌ရေစာရင်းများ အတိအကျ ပြန်ရရှိရန် ‌နောက်ထပ်တဖန် ပြန်လည် စစ်‌ဆေးမှုများပြုလုပ်‌နေသည်ဟု သိရ သည်။

ထိုသို့ စစ်‌ဆေးရာတွင် စခန်းအတွင်းရှိ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသည့် ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNCHR) လက် မှတ်ရှိထားသူများ အပါအဝင် လူသစ်လူ‌ဟောင်းအားလုံးကို တစ်ရက်အတွင်း အပြီးစစ်‌ဆေးမှု ပြုလုပ်ပြီး လူဦး‌ရေစာရင်းထဲရှိ အမည်ရှိထားသူ မည်သူမဆို စစ်‌ဆေးသည့်အချိန်တွင် မရှိပါက အမည်စာရင်းကို ကြက်‌ခြေခတ် မှတ်သားလိုက်သည်ဟု ယင်း စခန်းအတွင်းရှိ ဒုက္ခသည်များက ‌ပြောဆို‌နေကြသည်။

ကရင်ဒုက္ခသည်‌ကော်မတီ(Karen Refugee Committee-KRC)၏ ဒုတိယ ဥက္ကဌ ‌စော‌ဂျော့က “သူတို့က သူတို့ နိုင်ငံရဲ့ ဥပ‌ဒေ စည်းမျဉ်းစည်းကမ်းအရ ဖြစ်မှာ‌ပေါ့။ ပြီး‌တော့ အခုစစ်တာက လူဦး‌ရေ အတိအကျ ပြန်ရယူဖို့ စစ်တာလို့ပဲ သိရတယ်။ ဒါ‌ပေမဲ့ အခုက နို့ဖိုးစခန်းမှာပဲ စစ်ဖြစ်‌သေးတယ်။ တခြားစခန်းမှာ စစ်မစစ်နဲ့ ဘယ်‌တော့ စစ်‌ဆေးမှုပြန်လုပ်မလဲဆိုတာ‌တော့ မသိရ‌သေး ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းစစ်တပ်သည် လူဦး‌ရေစစ်‌ဆေးရာ၌ ယခင်စစ်‌ဆေးရာထက် စည်းကမ်း ပိုမိုတင်းကြပ်မှုများရှိလာပြီး ရပ်ကွက်အတွင်း ဝင် ‌ရောက်စစ်‌ဆေးခြင်းမဟုတ်ဘဲ ၎င်းတို့သတ်မှတ်ထားသည့်‌နေရာသို့ စခန်းရှိဒုက္ခသည်အားလုံး နံနက် ၅နာရီခွဲမှစ၍ သွား‌ရောက် စုစည်းကာ ‌စောင့်ခိုင်းခဲ့‌ကြောင်း သိရသည်။

နို့ဖိုးစခန်းအတွင်း ‌နေထိုင်သည့် ဒုက္ခသည်တစ်ဦးဖြစ်သူ ‌စောအဲ‌ခေါင်က “သူတို့ လူအားလုံးကို တစ်ရက်တည်း အပြီးလာစစ်တာ ဆို‌တော့ သူတို့စစ်တဲ့ စစ်တပ်ကုန်း‌နေရာမှာ မနက်၅နာရီခွဲက‌နေ ထမင်းထုပ်နဲ့ သွားပြီး ‌စောင့်ရတယ်‌ပေါ့။ ‌နောက်ပြီး စစ်တပ်က ဒီလိုပုံစံမျိုးနဲ့ စစ်‌ဆေးမှုပြုလုပ်တာ ဒါ ပထမဦးဆုံးပဲလို့ မြင်တယ်။ ဘယ်လိုထူးလာမလဲ‌တော့ မသိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ယခု လူဦး‌ရေစစ်သည့်အချိန်တွင် စခန်းတွင်း မရှိသူများ၏အမည်များကို ကြက်‌ခြေခတ်ထား၍ အချိန်တစ်ပတ်အထိ ပြန်လည် ‌ပေးထားရာ တစ်ပတ်အတွင်း ပြန်‌ရောက်လာလျှင် လက်ခံဦးမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ‌နေ့ရက်အတွင်း ပြန်မ‌ရောက်လာ နိုင်ပါက ‌နေထိုင်ခွင့်‌ပေး‌တော့မည်မဟုတ်ဟု စခန်းသူစခန်းသားများကို ထိုင်းအာဏာပိုင်များက ‌ပြောဆိုထား‌ကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လအတွင်းမှာလည်း သက်ဆိုင်ရာထိုင်းအာဏာပိုင်များသည် ဒုက္ခသည်စခန်းအားလုံးကို လူဦး‌ရေ စာရင်း အတိအ ကျ လိုချင်သည်ဟု အ‌ကြောင်းပြုကာ ဝင်‌ရောက်စစ်‌ဆေးမှု တစ်ခါပြုလုပ်ပြီးဖြစ်သည့်အတွက် ယခုတဖန် ထပ်မံ စစ်‌ဆေးမှု ပြု လုပ်လာသည့်အ‌ပေါ် စခန်းတွင်း‌နေထိုင်သူ ဒုက္ခသည်များက ၎င်းတို့‌နေရပ်သို့ ပြန်ပို့ခံရမည်ကို စိုးရိမ်လျှက်ရှိ‌ကြောင်း စခန်းတာ ဝန်ရှိသူများက ဆိုသည်။