Home သတင်း ၆၇ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ သံ‌တောင်ကြီးမြို့နယ်တွင် ပထမဦးဆုံးအကြိမ် ကျင်းပရန် စီစဉ်‌နေ

၆၇ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ သံ‌တောင်ကြီးမြို့နယ်တွင် ပထမဦးဆုံးအကြိမ် ကျင်းပရန် စီစဉ်‌နေ

1848

၆၇ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ အခမ်းအနားဖြစ်‌မြောက်‌ရေး ညှိနှိုင်းမှု အစည်းအ‌ဝေးတစ်ခု

နိုဝင်ဘာ ၂၁ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌တောင်ငူခရိုင်နှင့် ‌ဒေသခံအလွှာစုံ ကရင်အမျိုးသားများ ပူး‌ပေါင်း၍ ၂၀၁၅ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့၌ ကျ‌ရောက်မည့် ၆၇နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ကို ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ သံ‌တောင်မြို့သစ်၊ ‌ဘောလုံးကွင်းတွင် ပထမဆုံးအကြိမ်ကျင်းပရန် စီစဉ်‌နေ‌ကြောင်း အခမ်းအနားဖြစ်‌မြောက်‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ‌စောကလိုထူးကြီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောကလိုထူးကြီးက “ကရင်မျိုးသား‌နေ့ အခမ်းအနားလုပ်မဲ့ ရည်ရွယ်ချက်က‌တော့ ကရင်တစ်မျိုးသားလုံး စည်း လုံးညီညွတ်‌ရေး၊ ကရင့်သမိုင်းကို ပြန်လည်‌လေ့လာသိရှိမှတ်သားနိုင်ဖို့နဲ ့ မိမိလူမျိုးကို တန်ဖိုးထားမြတ်နိုးပြီး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လက်တွဲ‌ခေါ်နိုင်ဖို့ လုပ်သွားမှာဖြစ်တယ်”ဟု ယမန်‌နေ့၌ ‌ပြောဆိုသည်။

လက်ရှိ အခမ်းအနားဖြစ်‌မြောက်‌ရေး‌ကော်မတီကို ဖွဲ့စည်းထားပြီး ‌ကော်မတီဥက္ကဌအဖြစ် ‌ကေအဲန်ယူ ‌တောင်ငူ ခရိုင် ဥက္ကဌ ပဒိုအယ်ဝါး၊ ဗိုလ်မှူးကြီး‌စောဒဲဖိုး၊ ‌စောအမ်မရီနှင့် ‌စောကလိုထူးကြီးတို့ပါဝင်ပြီး ကဏ္ဍအလိုက် ဆပ်‌ကော်မတီများကိုလည်း ဖွဲ့စည်းထားပြီဖြစ်‌ကြောင်း သိရသည်။

ကရင်အမျိုးသား‌နေ့ အခမ်းအနားကို ‌ဖေ‌ဖော်ဝါရီ ၉ ရက်‌နေ့မှ ၁၁ ရက်‌နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ကရင် မျိုးနွယ်စုအလိုက် ယဉ်‌ကျေးမှုပြခန်း ၁၂ ခန်း၊ အမျိုးသား‌ရေးနှင့်သက်ဆိုင်‌သော ကဗျာ၊ စာစီစာကုန်း ပြိုင်ပွဲများ၊ နံရံကပ် စာ‌စောင်များ ပါဝင်သည့် ယဉ်‌ကျေးမှုပြခန်းကို ဖွင့်လှစ်ပြသွားရန် စီစဉ်ထားသလို အားကစားပြိုင်ပွဲများ ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်ဟု ‌စောကလိုထူးကြီးက ဆက်‌ပြောသည်။

ထို့အပြင် ကရင်ဘာသာ‌ရေး အဖွဲ့အစည်းများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ‌ဒေသခံရပ်မိရပ်ဖများနှင့် နိုင်ငံ‌ရေး ပါတီများ အခမ်းအနားဖြစ်‌မြောက်‌ရေးအတွက် ဝိုင်းဝန်းလုပ်‌ဆောင်သွားမည်ဖြစ်ပြီး ကျပ်သိန်း တစ်‌ထောင့်ငါးရာ ခန့် ကုန်ကျမည်ဟု လျာထား‌ကြောင်းနှင့် ဝိုင်းဝန်းကူညီလိုသူများရှိပါက ဆက်သွယ်နိုင်‌ကြောင်း အခမ်းအနား ဖြစ်‌မြောက်‌ရေး‌ကော်မတီက ဆိုသည်။

ကရင်အမျိုးသား‌နေ့ကို အလွှာစုံကရင်အမျိုးသားများ စု‌ပေါင်းကျင်းပနိုင်မည်ဆိုပါက စည်းလုံးမှုမှတ်တိုင်တစ်ခု ဖြစ်‌သော်လည်း အခမ်းအနားကြီးဖြစ်‌နေသည့်အတွက် မနိုင်မနင်းဖြစ်မည်ကို စိုးရိမ်မိပြီး စီစဉ်သူများအ‌နေဖြင့် သတိပြု‌စေလိုသည်ဟု သံ‌တောင်ကြီးမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌နော်ခရစ်ထွန်းက ‌ပြောသည်။

“အဓိက အ‌ရေးကြီးတာက ကိုယ့်လူမျိုး‌တွေ စည်းလုံးညီညွတ်မှုရှိတယ်ဆိုတဲ့ စိတ်ဓါတ်ပဲ။ အခမ်းအနားကြီး ကျယ်‌တော့ စီစဉ်သူ‌တွေ ‌ငွေအား၊ လူအားမနိုင်မှာကို စိုးရိမ်တယ်”ဟု ‌နော်ခရစ္စထွန်းက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အဆိုပါ အခမ်းအနားသို့ ‌ကေအဲန်ယူဗဟို အပါအဝင် ခရိုင်၊ တပ်မဟာအလိုက် ကိုယ်စားလှယ်များ၊ အစိုးရ တာဝန်ရှိသူများ၊ ကရင်မျိုးနွယ်စု ၁၁ စုကိုယ်စားလှယ်များ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်လွှတ်‌တော်အမတ် များ၊ ကရင်လူမှုအဖွဲ့အစည်းများ ‌ဒေသအလိုက် ကရင်အမျိုးသားများစုစု‌ပေါင်း လူတစ်‌သောင်းခန့်ကို ဖိတ်ကြား သွားမည်ဖြစ်‌ကြောင်း အခမ်းအနားဖြစ်‌မြောက်‌ရေး‌ကော်မတီ အစည်းအ‌ဝေးမှတ်တမ်းအရ သိရသည်။

မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများစု‌ပေါင်းကာ ၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်‌နေ့၌ မြို့‌ပေါ်တက်ပြီး ဖဆပလအစိုးရထံသို့ ကရင်ပြည်လိုလား‌ကြောင်း ဆန္ဒထုတ်‌ဖော်သည့်‌နေ့ကို အစွဲပြု၍ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ မှ ၂၅ ရက်‌နေ့အထိ ဖာပွန်မြို့တွင် ကျင်းပ‌သော ‌ကောသူး‌လေ ပြည်လုံးဆိုင်ရာ ကွန်ကရက်တွင် ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့ကို ကရင်အမျိုးသား‌နေ့အဖြစ် တညီတညွှတ်တည်း သတ်မှတ်အတည်ပြုခဲ့ခြင်းဖြစ်သည်။