Home သတင်း မြန်မာ့နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှုကိစ္စအ‌ပေါ် နယ်စပ်လူထုအကျိုးပြုအဖွဲ့အစည်းများနှင့် NCCT ‌တွေ့ဆုံ

မြန်မာ့နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှုကိစ္စအ‌ပေါ် နယ်စပ်လူထုအကျိုးပြုအဖွဲ့အစည်းများနှင့် NCCT ‌တွေ့ဆုံ

1535

NCCT အဖွဲ့‌ခေါင်း‌ဆောင် နိုင်ဟံသာ

နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

မြန်မာနိုင်ငံအတွင်း လက်ရှိ နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှုကိစ္စအ‌ပေါ် ထိုင်း-မြန်မာနယ်စပ် လူထုအကျိုးပြုအဖွဲ့ အစည်းများနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ဆောင်ရွက်‌ရေးအဖွဲ့(NCCT)တို့ ပထမဆုံး အကြိမ်အဖြစ် ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး နိုဝင်ဘာ ၂၄ရက်‌နေ့တွင် ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)မှ ဦး‌ဆောင်ပြီး နိုဝင်ဘာ ၂၂ မှ ၂၃ရက်‌နေ့အထိ ထိုင်း-မြန်မာ နယ်စပ်တစ်‌နေရာ၌ ပြုလုပ်သည့် ယင်း‌ဆွေး‌နွေးပွဲတွင် NCCT မှ နိုင်ဟံသာ ဦး‌ဆောင်သည့် အဖွဲ့နှင့် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ သတင်းဌာန၊ ‌ရွှေ့‌ပြောင်း အလုပ်သမားအခွင့်အ‌ရေး၊ ဒုက္ခသည်‌ကော်မတီ၊ သဘာဝ ပတ်ဝန်းကျင်၊ အမျိုးသမီးအ‌ရေးနှင့် လူ့အခွင့်အ‌ရေးလှုပ်ရှား ‌ဆောင်ရွက်‌နေသည့် နယ်စပ်အ‌ခြေစိုက် လူထု အ‌ခြေပြုအဖွဲ့အစည်း‌ပေါင်း ၂၅ဖွဲ့မှ ကိုယ်စားလှယ် ၄၂ဦးတို့ ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ပါဝင်သည့် (WLB) အတွင်း‌ရေးမှူး ‌ဒေါ်တင်တင်ညိုက “NCCT နဲ့ ‌တွေ့တယ်ဆိုတာ လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပိုပြီး‌တော့ ဂဃနဏ သိချင်တာလည်း ပါတယ်။ ‌နောက် ကျမတို့ လူထုအကျိုးပြုအဖွဲ့အစည်းအ‌နေနဲ့လည်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ဘာများ ကူညီဝိုင်းရံ‌ပေးနိုင်မလဲဆိုတာ ပွင့်ပွင့်လင်းလင်း ‌ဆွေး‌နွေးချင်လို့ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌တွေ့ဆုံပွဲ၌ လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွင်း အမျိုးသမီးပါဝင်မှု အခန်းကဏ္ဍ၊ လူထုအ‌ခြေပြု အဖွဲ့အစည်းနှင့် မီဒီယာ များ၏ ကဏ္ဍ၊ ဖွံ့ဖြိုး‌ရေးစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု အ‌ခြေအ‌နေ၊ လူ့အခွင့်အ‌ရေးနှင့် တရားမျှတမှုတို့ကို တင်ပြ ‌ဆွေး‌နွေးခဲ့ပြီး NCCT ဘက်မှလည်း ၎င်းတို့ ကြုံ‌တွေ့‌နေရသည့် စိန်‌ခေါ်မှုများ၊ အစိုးရစစ်တပ်၏ သ‌ဘောထား တင်းမာမှု‌ကြောင့် တစ်နိုင်ငံလုံး အပစ်ရပ်‌ရေး သ‌ဘောတူညီမှုကိစ္စ ‌ရှေ့မတိုးနိုင်ဘဲ ဖြစ်‌နေရ‌ကြောင်းတို့ကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း များအကြား သွား‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်ပတ်သက်၍ ‌ရှေ့မတိုး၊ ‌နောက်မဆုတ်အ‌ခြေအ‌နေတွင် ရှိ‌နေ‌သော်လည်း ငြိမ်းချမ်း ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးအတွက် ‌ရှေ့ဆက်နိုင်‌အောင် ကြိုးပမ်းသွားမည်ဖြစ်‌ကြောင်း NCCT က ‌တွေ့ဆုံပွဲတွင် ‌ပြောဆိုခဲ့သည်ဟု သိရသည်။

NCCT အဖွဲ့‌ခေါင်း‌ဆောင် နိုင်ဟံသာက “ကျ‌နော်တို့ လူထုအကျိုးပြုအဖွဲ့အစည်း ‌တွေနဲ့ ‌တွေ့ဆုံတဲ့အခါ အထူးသဖြင့် သူတို့ သိချင်တဲ့ လက်ရှိ NCCT နဲ့ UPWC(အစိုးရ)တနိုင်ငံလုံး အပစ်ရပ်‌ရေး ‌ဆွေး‌နွေး‌နေတဲ့ အ‌နေအထား‌မေး‌တော့ ကျ‌နော်တို့ကလည်း အလုံးစုံ ရှင်းပြတယ်။ ‌နောက်ပြီး တစ်နိုင်ငံလုံး အပစ်ရပ်‌ရေး ကိစ္စမှာ သူတို့ဘက်ကလည်း ပါဝင်နိုင်တဲ့ အခန်းကဏ္ဍက‌နေ ပါဝင်နိုင်ဖို့ ‌ပြောကြပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

တဆက်တည်းမှာပင် တစ်နိုင်ငံလုံး အပစ်ရပ်‌ရေး ‌ဆွေး‌နွေး‌နေချိန်ကာလအတွင်း နိုဝင်ဘာ ၁၉ရက်‌နေ့က အစိုးရစစ်တပ်မှ ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO) ဗိုလ်‌လောင်းသင်တန်း‌ကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းသည် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးကိစ္စများအတွက် ‌နှောင့်‌နှေး‌စေသလို ယုံကြည်မှုလည်း ကျဆင်း‌စေ သည်ဟု နိုင်ဟံသာက ဖြည့်စွက်‌ပြောဆိုသည်။

NCCT နှင့် လူထုအကျိုးပြုအဖွဲ့အစည်းများက ၎င်းတို့ ‌တွေ့ဆုံမှုမှတဆင့် လာမည့်အနာဂတ်တွင် ကျယ်ပြန့် ‌သော အမြင်သ‌ဘောထားဖလှယ်မှုနှင့် ‌တွေ့ဆုံမှုများ လုပ်‌ဆောင်သွားနိုင်မည်ဟု ယုံကြည်‌ကြောင်းနှင့် ယခုလို‌တွေ့ဆုံမှုမျိုး ‌နောက်ထပ် ‌တွေ့ဆုံနိုင်ရန် နှစ်ဦးနှစ်ဘက် ကြိုးပမ်းလုပ်‌ဆောင်သွားမည်ဟု သိရသည်။