Home သတင်း အလုပ်ရှင်၊ အလုပ်သမားအကြား ‌စေ့စပ်နိုင်‌ရေး ထိုင်း-မြန်မာအလုပ်သမားအဖွဲ့များ ‌ဆွေး‌နွေး

အလုပ်ရှင်၊ အလုပ်သမားအကြား ‌စေ့စပ်နိုင်‌ရေး ထိုင်း-မြန်မာအလုပ်သမားအဖွဲ့များ ‌ဆွေး‌နွေး

1495

နိုဝင်ဘာ ၁ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်ရှင်နှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအကြား ဖြစ်‌ပေါ် လာသည့် ပြဿနာများကို ငြိမ်းချမ်းစွာ ‌စေ့စပ်‌ရေးနည်းလမ်းများ ရရှိနိုင်ရန် ရည်ရွယ်၍ ‌အောက်တိုဘာ ၃ဝရက် ‌နေ့တွင် အလုပ်ရှင်၊ အလုပ်သမား‌စေ့စပ်ဖြန်‌ဖြေ‌ရေး‌ကော်မတီက မဲ‌ဆောက်မြို့တွင် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့သည့် အဆိုပါအလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် မြန်မာနိုင်ငံအလုပ်သမား ကိုယ်စားလှယ် အဖွဲ့က အလုပ်သမားဘက်မှ ဖြစ်‌ပေါ်လာသည့် အခက်အခဲများကို တင်ပြ‌ဆွေး‌နွေးကြပြီး ထိုင်းနိုင်ငံမှ ကိုယ်စား လှယ်များကလည်း အလုပ်ရှင်နှင့် အလုပ်သမားအကြား ငြိမ်းချမ်းစွာ ‌ဖြေရှင်းကြရန် တိုက်တွန်းခဲ့ကြသည်။

အလုပ်ရှင် အလုပ်သမား ‌စေ့စပ်ဖြန်‌ဖြေ‌ရေး‌ကော်မတီနှင့် နိုင်ငံလုံးဆိုင်ရာ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားကွန် ရက်ကြီးမှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦးမိုးကြိုးက “အဓိက သူတို့တိုက်တွန်းတာ နှစ်ဦးနှစ်ဖက်ကြားပြဿနာကို ငြိမ်းချမ်းစွာ ‌ဖြေရှင်းဖို့၊ အလုပ်သမားဘက်က တစ်ခုခုဖြစ်လို့ အလုပ်ရှင်ကို ဆန္ဒပြရင် ထိုင်းဥပ‌ဒေအရ ၂၄နာရီ အတွင်းမှာ ကြိုအ‌ကြောင်းကြားဖို့၊ မဟုတ်ရင် ရုတ်တရက် အလုပ်ရုံရပ်ဆိုင်းသွားပြီး အလုပ်ရှင်ဘက်က နစ်နာ မယ်။ အလုပ်သမားဘက်မှာလည်း ဒါကို နားလည်ထားဖို့ ရှင်းပြဖို့လိုတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ထိုင်းနိုင်ငံအတွင်း လာ‌ရောက်လုပ်ကိုင်သည့် ‌နေ့ချင်းပြန် မြန်မာအလုပ်သမားများ၏ အ‌ခြေအ‌နေများ၊ OSS ရုံးဖွင့်လှစ်ပြီး ယာယီ အလုပ်သမားမှတ်ပုံတင်ပြုလုပ်သည့် အ‌ခြေအ‌နေများနှင့် အလုပ်သမားများ ကြုံ‌တွေ့ ‌နေရ‌သော ပြဿနာများကိုလည်း အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် အပြန်အလှန် အမြင်ဖလှယ်ခဲ့ကြသည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ‌ရောင်ခြည်ဦးအဖွဲ့ မက်‌ဖောင်‌ဒေးရှင်းအဖွဲ့ အပါအဝင် အလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌ပေး‌နေသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားအဖွဲ့များ၊ အစိုးရမဟုတ်‌သောအဖွဲ့အစည်းများဖြစ်သည့် IRC၊ Labor Law Clinic-LLC နှင့် သက်ဆိုင်ရာ ထိုင်းအစိုးရ တာဝန်ရှိသူများ၊ အလုပ်ရှင်များလည်း တက် ‌ရောက်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်သည့် ရခိုင်အလုပ်သမားအ‌ရေးလှုပ်ရှားမှုအဖွဲ့မှ ကို‌အောင်‌အောင်က “အလုပ်သမား ကဒ်ရှိတာနဲ့ မရှိတာနဲ့ အဲဒီပြဿနာ‌တွေ ဖြစ်တယ်။ အဲဒါ‌တွေ အခွင့်အ‌ရေး‌တွေရတာချင်း မတူဘူး။ ‌နောက်ပြီး ထိုင်းတာဝန်ရှိသူ‌တွေဘက်က‌တော့ ဘာသာစကား အပြန်အလှန်သင်ကြဖို့ အလုပ်ရှင် အလုပ်သမားအကြား တိုက်ရိုက်‌ဖြေရှင်းဖို့ ဘာသာစကား‌ကြောင့် ရသင့်ရထိုက်တဲ့ အခွင့်အ‌ရေး‌တွေ ဆုံးရှုံးမှု‌တွေ ရှိတာ‌တွေကို တင်ပြ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ထိုင်းအစိုးရဌာနဆိုင်ရာ အကြီးအကဲများကလည်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ အ လုပ်ရှင်နှင့် အလုပ်သမားများ ပြဿနာ‌ဖြေရှင်းရာတွင် တစ်ဦးတစ်‌ယောက်‌သော်လည်း‌ကောင်း၊ အစုအဖွဲ့အား ဖြင့်‌သော်လည်‌ကောင်း ‌စေ့စပ်ဖြန်‌ဖြေ‌ရေးနည်းလမ်းကိုသာ လက်‌တွေ့ကျင့်သုံးကြရန် တိုက်တွန်း‌ပြောကြားသည် ဟု သိရသည်။

အလုပ်ရှင် အလုပ်သမား‌စေ့စပ်ဖြန်‌ဖြေ‌ရေး‌ကော်မတီအဖွဲ့ကို ထိုင်းဌာနဆိုင်ရာ အကြီးအကဲ ၁၄ဦးနှင့် လုပ်ငန်း ရှင်ကိုယ်စားလှယ် ၃ဦး၊ မြန်မာအလုပ်သမားကိုယ်စားလှယ်အဖွဲ့အစည်းမှ ၃ဦး စုစု‌ပေါင်းအဖွဲ့ဝင် ၂ဝဦးဖြင့် ယမန် နှစ်က ဖွဲ့စည်းထားခြင်းဖြစ်သည်။