Home သတင်း အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောငြိမ်းသင် ကွယ်လွန်မှု မဲဆန္ဒရှင်များအတွက် နစ်နာဟုဆို

အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောငြိမ်းသင် ကွယ်လွန်မှု မဲဆန္ဒရှင်များအတွက် နစ်နာဟုဆို

1375

နိုဝင်ဘာ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မဲဆန္ဒနယ်၏ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောငြိမ်းသင် ၄၈နှစ်သည် အူမကင်ဆာ‌ရော ဂါဖြင့် ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့၌ နှစ်လတာ သွား‌ရောက်‌ဆေးကုသမှု ခံယူခဲ့ရာမှ နိုဝင်ဘာလ ၂၄ရက်‌နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်‌ရောက်ရှိလာပြီး ‌နောက်တစ်ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့သည်။

ယင်းသို့ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)၏ ပါတီဝင်တစ်ဦးလည်းဖြစ်သူ ‌စောငြိမ်းသင် နိုဝင်ဘာလ ၂၅ရက်‌နေ့က
ကွယ်လွန်သွားသည့်အ‌ပေါ် ၎င်း၏ ပါတီနှင့် လှိုင်းဘွဲ မဲဆန္ဒနယ်အတွက် နစ်နာမှုတစ်ရပ်ဖြစ်‌စေသည်ဟု ‌ဒေသခံများက ‌ပြောသည်။

လှိုင်းဘွဲမြို့ခံ ‌စောထွန်းခင်က “ဒီလိုဖြစ်သွားတာ ကျ‌နော်တို့ ‌ဒေသခံအတွက် အလုပ်လုပ်‌ပေးမယ့်သူတစ်ဦး ဆုံးရှုံးသွားတာ‌ပေါ့။ သူက လူငယ်လည်းဖြစ်ပြီး သွားနိုင်လာနိုင်တယ်။ ‌ဒေသခံအတွက် လယ်ယာ‌မြေကိစ္စတို့ဆိုရင် သူက လွှတ်‌တော်မှာ ‌ပြော‌ပေးဆို ‌ပေးတာလည်း ရှိတယ်။ အခု‌တော့ လွှတ်‌တော်မှာ ‌ပြော‌ပေးဆို‌ပေးမယ့်သူတစ်‌ယောက် မရှိ‌တော့ဘူး‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

PSDP ကလည်း ‌စောငြိမ်းသင်ကွယ်လွန်သွားသည့်အ‌ပေါ် ကျန်ရစ်သူ ၎င်း၏မိသားစု အပါအဝင် ‌ဒေသခံ လူထုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပြီး ကရင်ပြည်နယ်အတွင်းရှိ ‌ဒေသခံများအတွက် အားကိုးအားထားရသည့် ပါတီဝင်‌ကောင်းတစ်ဦး ဆုံးရှုံးရသည်ဟု အငြိမ်းစားတက္ကသိုလ် ‌မော်ကွန်းထိန်းလည်းဖြစ်၊ PSDP ၏ နာယကတစ်ဦးလည်းဖြစ်သူ ‌စောညွန့်‌သောင်းက ယခုလို ‌ပြောသည်။

“သူဟာ အလွန်အားကိုးရတဲ့လူငယ်တစ်ဦး ဖြစ်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလိုမျိုး ကွယ်လွန်သွားတဲ့အတွက် ပါတီအ‌နေနဲ့ ‌တော့ အလွန်ပဲ နစ်နာတယ်။ နှ‌မျောမိတာ‌ပေါ့။ ပါတီတစ်ခုလုံးအတွက် အလွန် ဝမ်းနည်းပါတယ်”ဟု ‌စောညွှန့်‌သောင်းက ‌ပြော သည်။
???????????????????????????????
‌စောငြိမ်းသင်၏ ဈာပနအခမ်းအနားကို နိုဝင်ဘာလ ၂၆ရက်‌နေ့၊ မွန်းလွဲ ၁နာရီက လှိုင်းဘွဲမြို့တွင် ကျင်းပခဲ့ပြီး ရုပ်အ‌လောင်းအား က‌မောကချူးသုဿန်သို့ ပို့‌ဆောင်ကာ ဈာပနအခမ်းအနားသို့ PSDP အပါအဝင် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ (US DP)၊ အစိုးရဌာနဆိုင်ရာဝန်ကြီးများ၊ လွှတ်‌တော်အမတ်များ၊ အစိုးရတပ်ဖက်အရာရှိများနှင့် ‌ဒေသခံများ စုစု‌ပေါင်း ၂၀၀‌ကျော် လိုက်လံပို့‌ဆောင်ခဲ့ကြသည်။

ထို့အပြင် PSDP မှ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စော‌အောင်‌ကျော်နိုင်က “အခုလို ‌သေဆုံးသွားတဲ့အ‌ပေါ် လုပ်‌ဖော်ကိုင် ဖက်တစ်ဦး ‌လျော့သွားတာ‌ပေါ့။ သူမရှိ‌တော့‌ပေမယ့် ပါတီအတွက်‌တော့ ထိခိုက်နစ်နာမှု မဖြစ်ပါဘူး။ သူ့သက်တမ်းက တနှစ်အ လိုမှာပဲ ကျန်‌တော့တဲ့အတွက်‌ကြောင့်ပါ။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ သူ့‌နေရာအတွက် အသစ်တစ်ဦး ပြန်အစားထိုးသွားမယ်‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောငြိမ်းသင်သည် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲက PSDP ပါတီအ‌နေဖြင့် မဲအနိုင်ရရှိခဲ့သူ ၉ဦးအနက် တစ်ဦးဖြစ်ပြီး လက်ရှိ အမျိုးသား လွှတ်‌တော်၏ သတ္တုတူး‌ဖေါ်‌ရေး‌ကော်မတီတွင် ပါဝင်သူဖြစ်သလို လွှတ်‌တော်အတွင်း၌လည်း လှိုင်းဘွဲတံတားပြန်လည်ပြုပြင်‌ရေး သို့မဟုတ် အသစ်‌ဆောက်လုပ်‌ရေးအတွက် အဆိုပြုခဲ့ကာ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင်ခဲ့သူဖြစ်သည်ဟု ‌စော‌အောင် ‌ကျော်နိုင်က ဆက်‌ပြောသည်။

PSDP ၏ ပါတီဝင်လည်းဖြစ်သူ အမျိုးသားလွှတ်‌တော်အမတ် ‌စောငြိမ်းသင် ကွယ်လွန်ပြီး‌နောက် ဇနီးဖြစ်သူ နန်းဥမ္မာဝင်း၊ သမီး နန်းခိုင်‌မေဦး၊ နန်းယဉ်ယဉ်ဦးနှင့် သား ‌စောစီကတဲတို့ ကျန်ရစ်ခဲ့သည်ဟု သိရသည်။