Home လူငယ့်အသံ လူငယ့်အမြင် လူငယ်များရဲ့ စကားလက်‌ဆောင်

လူငယ်များရဲ့ စကားလက်‌ဆောင်

1314

‌နော်ပါမူထူး ၂၄နှစ်

ဝါသနာ နိုင်ငံ‌ရေး
ပညာအရည်အချင်း ဆယ်တန်းလွန်‌ကျောင်း

ကျမငယ်ငယ်က မိဘ‌တွေနဲ့ ပဲခူးတိုင်း၊ ‌တောင်ငူမြို့နယ် မာလာကုန်းမှာ ‌နေတယ်။ ‌မောင်နှမက ၇‌ယောက်မှာ ကျမက အကြီးဆုံး သမီးပါ။ ငယ်ငယ်က မာလာကုန်း‌ကျောင်းမှာ သုံးတန်းအထိ‌နေပြီး အဲဒီကတဆင့် ကရင်နီပြည်နယ် လွိုင်‌ကော်မြို့မှာ ‌ဆွေမျိုးအိမ် မှာသွား‌နေပြီး ‌ကျောင်းဆက်တက်တယ်။ လွိုင်‌ကော် အမှတ်(၄) အထက်တန်း‌ကျောင်းမှာ ရှစ်တန်းအထိ၊ ၂၀၀၈ခုနှစ်မှာ ဖာပွန် မြို့နယ်က အီတိုးထာ့ဒုက္ခသည်စခန်းမှာ ကိုးတန်းက‌နေ ဆယ်တန်း‌အောင်တဲ့အထိတက်ပြီး ၂၀၁ဝခုနှစ်မှာ ဆယ်တန်း‌အောင် ‌တော့ အထက်လွန်‌ကျောင်း “‌ကော်လာ‌ဟေး က‌ညောသာ့ဆာ က‌တော်စိုး”‌ကျောင်းကို ဆက်တက်တယ်။

အဲဒီ‌နောက် ထိုင်း-မြန်မာနယ်စပ် မယ်လအူးဒုက္ခသည်စခန်းမှာ Karen Leadership and Management Training Course (KLMTC) ၂နှစ်တက်ပြီး ၂၀၁၃ခုနှစ်မှာ ‌ကျောင်းပြီးတယ်။ ကျမက နိုင်ငံ‌ရေး ဝါသနာပါ‌တော့ ဒီ‌ခေါင်း‌ဆောင်မှု‌ကျောင်းကို တက်ခဲ့ ပါတယ်။ ကျမတို့ ကရင်တိုင်းရင်းသား‌တွေဟာ အဖိနှိပ်ခံဘဝက‌နေ သက်ရှင်‌နေထိုင်ရတာ‌တွေကို ငယ်ငယ်ကတည်းက မျက်ဝါး ထင်ထင် ‌တွေ့မြင်ရသလို ကိုယ်ကိုယ်တိုင်လည်း ကြုံ‌တွေ့ခံစား‌နေရ‌တော့ နိုင်ငံ‌ရေးလုပ်ချင်စိတ် ပြင်းထန်လာတာ ဖြစ်ပါတယ်။ ကျမငယ်စဉ်က မိဘ‌တွေ ‌ပြေးရလွှားရနဲ့ဆို‌တော့ ကိုယ်က ဟို‌နေရာ၊ ဒီ‌နေရာသွားပြီး ‌ကျောင်းတက်‌နေရတယ်။ အမြဲတမ်း မိဘပဲ ကိုယ့်ကို ကူညီ‌ထောက်ပံ့‌ပေးတာမျိုး မလိုချင်ဘူး။ အဲဒီနှစ်ကလည်း မိဘက ကျန်းမာ‌ရေး သိပ်မ‌ကောင်း‌တော့ ပညာ‌ရေးအတွက် အီတိုးထာ့စခန်းမှာ ‌ကျောင်းတက်ခဲ့ရတာပါ။

ကျမ အီတိုးထာ့စခန်းမှာ လာ‌နေစကတည်းက ကိုယ်နဲ့ ဘဝတူ ဖိနှိပ်ခံလူငယ်‌တွေ အများကြီး ‌တွေ့ရတယ်။ အဲလို‌တွေ့‌တော့ အမျိုးသား‌ရေး လုပ်ချင်တဲ့စိတ်ဘက်ကို တွန်းပို့သွားသလိုပါပဲ။ အီတိုးထာ့မှာ ‌ကျောင်းတက်စဉ်က ကရင်‌ကျောင်းသူ‌ကျောင်းသား ‌တွေကို ကူညီ‌ထောက်ပံ့မှု‌တွေ‌ပေး‌နေတဲ့ ကရင်‌ကျောင်းသားများကွန်ရက်အဖွဲ့(KSNG)ထဲကို စဝင်တယ်။ အဲဒီက‌နေတဆင့်ပြီး တဆင့် KSNG ဗဟို‌ကော်မတီဝင်အထိ တာဝန်ယူခဲ့တယ်။ လက်ရှိမှာဆိုရင် KSNG မှာ သုံးလတစ်ကြိမ် ထုတ်‌ဝေတဲ့ “ကျိုးဖိုးအ သို့(‌ကျောင်းသားများရဲ့အ‌ဖော်မွန်)”စာ‌စောင် ဖြန့်ချိ‌ရေးမှာ တာဝန်ယူလုပ်‌ဆောင်‌နေပါတယ်။ ကျမဘဝမှာ လုပ်လာခဲ့တဲ့အရာမှန် သမျှ မိဘတိုက်တွန်းလို့၊ နီးစပ်ရာ ‌ဆွေမျိုး‌တွေ တိုက်တွန်းမှု‌ကြောင့် တစ်ခုမှ မပါဘူး။ ကျမ လုပ်ချင်တဲ့ နိုင်ငံ‌ရေးကို တဖြည်း ဖြည်းနဲ့ လုပ်သွားမယ်။ ‌ကျောင်းဆက်တက်ဖို့က‌တော့ ဘဝ‌ပေးအ‌ခြေအ‌နေအ‌ပေါ် မူတည်ပါတယ်။ ဘာဖြစ်လဲဆိုရင် ကျမညီမ တစ်‌ယောက် ‌ကျောင်းတက်‌နေတာကို ကူညီ‌ပေး‌နေရလို့ အပြင်‌လောကမှာပဲ ပညာဗဟုသုတ‌တွေ သင်ယူပြီး အလုပ်လုပ်သွားဖို့ စိတ်ကူးထားပါတယ်။

ဘဝမှာ အခက်အခဲ‌တွေ‌တော့ အများကြီးပဲ။ ဘဝရဲ့ ဖြတ်သန်းမှုကို သင်ယူပြီး ‌ရှေ့ဆက်ရမှာပဲ။ လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေကို ကြည့်ရင် ကျမတို့ လူငယ်‌တွေ အလုပ်‌တွေ အများကြီး ဆက်လုပ်ရဦးမယ်။ ဒါ‌ကြောင့် ပြည်တွင်းပြည်ပ၊ နယ်စပ် စတဲ့‌နေရာ‌တွေ မှာ ‌ရောက်ရှိ‌နေတဲ့ ကရင်လူငယ်‌တွေအ‌နေနဲ့ ကိုယ့်အမျိုးသား‌ရေးအတွက် တတ်နိုင်တဲ့ဘက်က‌နေ လက်တွဲအလုပ်လုပ်ကြဖို့ ကျမ တိုက်တွန်းချင်ပါတယ်။