Home သတင်း ဖက်ဒရယ်ပြည်‌ထောင်စုဖြစ်မှ ပြည်တွင်းငြိမ်းချမ်း‌ရေးရမည်ဟု ‌ဒေါ်‌အောင်ဆန်းစုကြည်‌ပြောဆို

ဖက်ဒရယ်ပြည်‌ထောင်စုဖြစ်မှ ပြည်တွင်းငြိမ်းချမ်း‌ရေးရမည်ဟု ‌ဒေါ်‌အောင်ဆန်းစုကြည်‌ပြောဆို

1228

နိုဝင်ဘာ ၆ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ဖက်ဒရယ်ပြည်‌ထောင်စုဖြစ်မှ ပြည်တွင်းငြိမ်းချမ်း‌ရေးရမည်ဖြစ်ကာ တိုင်းရင်းသားအားလုံး လက်ခံနိုင်မည်ဖြစ် ‌ကြောင်း အမျိုးသားဒီမိုက‌ရေစီ ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ ရက်‌နေ့ ည‌နေပိုင်းတွင်၊ ရန်ကုန် တိုင်း ဗဟန်းမြို့နယ်၊ အ‌နောက်‌ရွှေဂုံတိုင်းလမ်းမ‌ပေါ်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ‌ပြောဆိုခဲ့သည်။

‌ဒေါ်‌အောင်ဆန်းစုကြည်က “ဖက်ဒရယ်ဆိုတဲ့ စကားကို တခြားအဖွဲ့အစည်း‌တွေက မသုံးရဲတဲ့ အချိန်မှာ ကျမတို့က တစိုက်မတ်မတ် သုံးခဲ့တယ်။ ကျမတို့နိုင်ငံဟာ ဖက်ဒရယ်ပြည်‌ထောင်စုဖြစ်မှ ပြည်တွင်းငြိမ်းချမ်း‌ရေးရမယ်။ ကျမတို့ရဲ့ တိုင်းရင်းသားညီအစ်ကို ‌မောင်နှမများအားလုံးဟာ လက်ခံနိုင်မယ်ဆိုတာ ကျမတို့အဖွဲ့ချုပ်က ဒီမူ‌တွေကို ခိုင်ခိုင်မာမာဆုပ်ကိုင်ခဲ့ပါတယ်”ဟု ‌ပြောဆိုသည်။

NLD အ‌နေဖြင့် ကြားဖြတ်‌ရွေး‌ကော်ပွဲဝင်ခဲ့ရာ၌ တရားဥပ‌ဒေစိုးမိုး‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် ဖွဲ့စည်းပုံ အ‌ခြေ ခံဥပ‌ဒေပြင်ဆင်‌ရေး စသည့် မူသုံးခုကို ချမှတ်လုပ်‌ဆောင်ခဲ့‌သော်လည်း ပြည်တွင်းငြိမ်းချမ်း‌ရေးကိစ္စတွင် ပါဝင် နည်းခြင်းမှာ မိမိတို့‌ရွေးချယ်ခြင်း‌ကြောင့် မဟုတ်‌ကြောင်း၊ လက်နက်ကိုင် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်တို့ကြား အပစ်ရပ်‌ရေးလုပ်‌ဆောင်‌နေကာ အပစ်ရပ်ပြီး‌နောက်ပိုင်း ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲများမှသာ နိုင်ငံ ‌ရေးအင်အားစုများကို ပါဝင်ခွင့်‌ပေးမည်ဆိုထားသည့်အတွက် မဖြစ်‌သေးသည့် ကိစ္စများကို မ‌ပြောလို‌ကြောင်း ‌ဒေါ်‌အောင်ဆန်းစုကြည်က ဆက်‌ပြောသည်။

ဒီမိုက‌ရေစီ‌ရေး၊ အမျိုးသားတန်းတူ‌ရေးနဲ ့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ‌သော ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေး သည် အဖိနှိပ်ခံ တိုင်းရင်းသားများအတွက် စွဲကိုင်ရမည့် အ‌ခြေခံမူများအဖြစ် ဇူလိုင်လကုန်ပိုင်းတွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ၏ လိုင်ဇာညီလာခံက လမ်းညွှန်ချက်ချထား‌ကြောင်း NCCT အဖွဲ့‌ခေါင်း‌ဆောင်နိုင်ဟံသာက ဩဂုတ်လအတွင်းက အစိုးရနှင့် ‌ဆွေး‌နွေးပွဲတွင် ‌ပြောဆိုထားသည်။

နိုင်ဟံသာက “ဒီအချက်နဲ့ပတ်သက်လို့ သမိုင်း‌ကြောင်းအရ ထင်ရှားပြီး လူမျိုးတစ်မျိုးရဲ့ လက္ခဏာရပ်‌တွေ ပြည့်စုံတဲ့ တိုင်းရင်းသားလူမျိုး‌ပေါင်းစုံနဲ ့ဖွဲ့စည်းထားတဲ့ နိုင်ငံမှာ စစ်မှန်‌သောပြည်‌ထောင်စု မဖွဲ့စည်းခဲ့လို့ နှစ်‌ပေါင်း‌ခြောက်ဆယ်‌ကျော်ကြာ‌နေပြီးဖြစ်တဲ့ လက်နက်ကိုင်‌တော်လှန်‌ရေးတိုက်ပွဲများ မပြီးဆုံးနိုင်ရတာ ဖြစ်ပါတယ်။ ဒါ‌ကြောင့် ဒီအချက်ဟာ အ‌ရေးကြီးပြီး‌တော့ အ‌ရေးကြီးဆုံး ဦးစား‌ပေး‌ဖြေရှင်းရမဲ့ အချက်ဖြစ်ပါ တယ်”ဟု ‌ပြောခဲ့သည်။

ည‌နေ ၄ နာရီမှ ၅ နာရီထိ တစ်နာရီကြာပြုလုပ်သည့် ယင်းသတင်းစာရှင်းလင်းပွဲသို ့ ပြည်တွင်းပြည်ပမီဒီယာ သမား ၁၅ဝ ဦး‌ကျော်နှင့် နိုင်ငံခြား သံတမန် အချို့တက်‌ရောက်ခဲ့ပြီး မီဒီယာများက ဖွဲ့စည်းပုံပြင်ဆင်‌ရေး၊ ‌နေပြည်‌တော်၌ ‌အောက်တိုဘာ ၃၁ ရက်‌နေ့၊ ၉ ပွင့်ဆိုင်‌တွေ့ဆုံပွဲ အ‌ခြေအ‌နေ၊ NLD ၏ လက်ရှိ မူဝါဒနှင့် လွှတ်‌တော်အတွင်း လုပ်‌ဆောင်‌နေမှုအ‌ခြေအ‌နေများကို ‌မေးမြန်းခဲ့ကြသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်‌ရေးကို ဥပ‌ဒေ‌ဘောင် အတွင်းမှသာ လုပ်‌ဆောင်သွားရန် NLD အ‌နေဖြင့် မူဝါဒချမှတ်ထား‌ကြောင်း၊ နိုင်ငံအ‌ခြေအ‌နေအရပ်ရပ်သည် အ‌ရေးကြီးသည့် အ‌ခြေအ‌နေကို ‌ရောက် ရှိ‌နေပြီးဖြစ်ကာ အမျိုးသားပြန်လည်ရင်ကြား‌စေ့‌ရေးသည် အ‌ရေးကြီးဆုံး အ‌ခြေခံမူဖြစ်သည့် မိမိတို့ယုံကြည်ထား ပြီး ကလဲ့စား‌ချေသည့် စိတ်ဓါတ်မျိုးဖြင့်သွားမည် မဟုတ်ဘဲ နိုင်ငံ‌ကောင်းကျိုးအတွက် အားလုံးပူး‌ပေါင်း ‌ဆောင်ရွက်နိုင်မည့် အခင်းအကျင်းဖြစ်‌အောင် ကြိုးစားသွားမည်ဖြစ်‌ကြောင်း ပြန်လည်‌ပြောဆိုခဲ့သည်။

NLD ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ၂၀၁၀၊ နိုဝင်ဘာ ၁ဝ ‌နေ့တွင် ‌နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွှတ်‌မြောက်ခဲ့ပြီး ၂၀၁၂ခုနှစ်၊ ဧပြီ ၁ ရက်‌နေ့တွင် ပြုလုပ်သည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် ‌ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည်။

လက်ရှိပြည်သူ့လွှတ်‌တော်တရား ဥပ‌ဒေစိုးမိုး‌ရေးနှင့် တည်ငြိမ်း‌အေးချမ်း‌ရေး ‌ကော်မတီဥက္ကဌ အဖြစ်တာဝန်ယူ လုပ်‌ဆောင်‌နေသလို ယခုသတင်းစာရှင်းလင်းပွဲကို အခြားအ‌ခြေအ‌နေ တစ်ခုခု‌ကြောင့် ပြုလုပ်ခြင်းမဟုတ်ဘဲ သတင်း‌ထောက်များနှင့် မ‌တွေ့ဆုံဖြစ်သည်မှာ အနည်းငယ်ကြာပြီးဖြစ်သည့်အတွက် မိမိအား ‌မေးမြန်းစရာ ရှိသည်များကို ‌မေးမြန်းနိုင်ရန် ပြုလုပ်ခြင်းဖြစ်‌ကြောင်း ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောသည်။