Home သတင်း တိုင်းအဆင့် ၂၇၅၄ ခုနှစ် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ပဲခူးတက္ကသိုလ်တွင် ပြုလုပ်မည်

တိုင်းအဆင့် ၂၇၅၄ ခုနှစ် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ပဲခူးတက္ကသိုလ်တွင် ပြုလုပ်မည်

1613

ပဲခူးတိုင်း‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီး ‌စောဂျူပလီစံလှက

နိုဝင်ဘာ ၂၁ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီးအဆင့် ၂၇၅၄ ခုနှစ် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ပဲခူးမြို့၊ ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမ၌ ပြုလုပ်သွား မည်ဖြစ်‌ကြောင်း ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောဂျူဘလီစံလှက နိုဝင်ဘာ ၂ဝရက်‌နေ့တွင် ‌ကေအိုင် စီသို့ ‌ပြောသည်။

၎င်းက “တိုင်းအဆင့်ကို အရင်နှစ်‌တွေက ပဲခူးတိုင်းအ‌ရှေ့ခြမ်းနဲ့ အ‌နောက်ခြမ်း‌တွေမှာလုပ်ခဲ့ပြီးပြီ။ ဒီနှစ်‌တော့ ပဲခူးမြို့‌တော်မှာ လုပ်မယ်။ ရည်ရွယ်ချက်က‌တော့ ကရင်နှစ်သစ်ကူးကို ပီပီပြင်ပြင်သိ‌အောင် တန်ဖိုးထားတတ်‌အောင်နဲ့ အနှစ်သာရက‌တော့ ယဉ် ‌ကျေးမှုဓ‌လေ့‌တွေကို ပြန်‌ဖော်ချင်လို့ပဲ အခမ်းအနားမှာ ယဉ်‌ကျေးမှုဓ‌လေ့ ပြန်လည်‌ဖော်ထုတ်တဲ့ အစီအစဉ်‌တွေ လုပ်သွားမယ်” ဟု ‌ပြောသည်။

အဆိုပါနှစ်သစ်ကူးပွဲ‌တော်သို့ ပဲခူးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင်များကို ဖိတ်ကြားမည်ဖြစ်သလို တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ် ၂၄မြို့နယ်မှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများကို တစ်မြို့နယ်လျှင် ၅ဦးဆီ ဖိတ်ကြားမည်ဖြစ်ပြီး ပဲခူး‌ဒေသခံ လူ ၁၀၀ဝ ခန့်ကို အခမ်းအနားတက်‌ရောက်ရန် ဖိတ်ကြားသွားမည်ပြီး အခမ်းအနားတွင် ကရင့်ယဉ်‌ကျေးမှုများပြန်လည်‌ဖော်ထုတ်သည့် အစီအစဉ်များနှင့် တက္ကသိုလ်ဝင်စာ‌မေးပွဲ ထူးချွန်စွာ ‌အောင်မြင်သည့် ကရင်‌ကျောင်းသူ‌ကျောင်းသားများကို ဆု‌ပေးသွားမည်ဖြစ် ‌ကြောင်း အခမ်းအနား စီစဉ်‌နေသူများက ‌ပြောဆို‌နေကြသည်။

ထို့အပြင် ဒီဇင်ဘာ ၂၁ရက်‌နေ့တွင် ကျ‌ရောက်သည့် နှစ်သစ်ကူးအခမ်းအနား အစီအစဉ်အပြီးတွင် မြို့နယ်အလိုက် စာ‌ပေယဉ် ‌ကျေးမှုအသင်းကိုယ်စားလှယ်များ အစည်းအ‌ဝေးပြုလုပ်ကာ တိုင်း‌ဒေသကြီးအတွင်း ကရင်စာ‌ပေသင်ကြား‌နေမှု အ‌ခြေအ‌နေ အရပ်ရပ်ကို သုံးသပ်ကာ ‌ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားရန်လည်းရှိ‌ကြောင်း ဝန်ကြီး ‌စောဂျူဘလီစံလှက ဆက်‌ပြောသည်။

ယခင်နှစ်များက ပဲခူးမြို့နယ်အတွင်းရှိ ‌ကျေးရွာများအလိုက် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပ‌လေ့ရှိ‌သော်လည်း ယခုနှစ်တွင် ‌ကျေးရွာများ စု‌ပေါင်းကာ ပဲခူးမြို့နယ်အဆင့် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ပဲခူး၊ ဘုရားကြီးမြို့နယ်၊ သရက်ကုန်း‌ကျေးရွာတွင် ပြု လုပ်ရန် စီစဉ်ထားပြီး ယင်းအခမ်းအနားအပြီး ပဲခူးမြို့အဝင်ရှိ ပဲခူးတက္ကသိုလ်သို့ တိုင်းအဆင့် အခမ်းအနား သွား‌ရောက်ရန် မလွယ်ကူ‌ကြောင်း၊ တိုင်းအဆင့် နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး စီစဉ်‌နေသူများက မည်သို့ အစီအစဉ်ရှိသည်ကိုလည်း မသိရ ‌သေး‌ကြောင်း ပဲခူးမြို့ခံ ‌စောက‌ပေါ်မူးက ‌ပြောသည်။

“ပဲခူးမြို့မှာ နှစ်သစ်ကူးပွဲကို ရွာအလိုက်လုပ်‌နေတာက‌နေ ဒီနှစ်မြို့နယ်အဆင့် စုလုပ်မယ်ဆိုပြီး မြို့နယ် စာ/ယဉ်က ‌ပြောတယ်။ ဒါနဲ့ သရက်ကုန်းရွာမှာ စုလုပ်မယ်ဆိုပြီး ဖြစ်သွားတယ်။ ‌နောက်‌တော့တိုင်းအဆင့်လည်း လုပ်မယ်။ သရက်ကုန်းရွာက ပြီးရင် လူ တစ်‌ထောင်‌လောက် ပဲခူးတက္ကသိုလ်ကို သွားရမယ်လို ့‌ပြောတယ်။ သရက်ကုန်းရွာက ပဲခူး၊ ဘုရားကြီး-‌နေပြည်‌တော် အမြန် လမ်းနားမှာ အဲ့က‌နေ ပဲခူးမြို့အဝင် တက္ကသိုုလ်ကို လာဖို့က မလွယ်ဘူး။ ဒီ‌တော့ ဘယ်လိုစီစဉ်ထားလဲဆိုတာလည်း ‌မေး‌တော့ လည်း မ‌ဖြေနိုင်ဘူး။ စနစ်တကျဖြစ်မှ အဆင်‌ပြေမယ်”ဟု ‌စောက‌ပေါ်မူးက ‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးက ဦး‌ဆောင်ကာ ၂၇၅၂ခုနှစ်တွင် ပဲခူး တိုင်းအ‌ရှေ့ခြမ်း ‌ကျောက်ကြီးမြို့တွင်လည်း‌ကောင်း၊ ၂၇၅၃ခုနှစ်တွင် ပဲခူးတိုင်းအ‌နောက်ခြမ်း သာယာဝတီမြို့တွင်လည်း‌ကောင်း အသီးသီး ကျင်းပခဲ့ပြီး ယခုနှစ်တွင် ပဲခူးမြို့‌တော်၌ ကျင်းပသွားမည်ဖြစ်သည်။