Home သတင်း စပါးရိတ်ချိန် မိုးရွာသွန်းမှု‌ကြောင့် ထန်းတပင်မြို့နယ်တွင် လယ်သမားများ အခက်ကြုံ

စပါးရိတ်ချိန် မိုးရွာသွန်းမှု‌ကြောင့် ထန်းတပင်မြို့နယ်တွင် လယ်သမားများ အခက်ကြုံ

2511

နိုဝင်ဘာ ၈ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ချောင်‌ဖော့

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၌ ယခုနှစ် ‌အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း စပါးရိတ်ချိန်တွင် မိုးရွာသွန်း မှု‌ကြောင့် စပါးများ ‌ရေစိုကာ စပါးရိတ်ရန် အခက်ကြုံ‌နေရသည်ဟု ‌ဒေသခံလယ်သမားများထံမှ သိရှိရသည်။

“ကျ‌နော်တို့ဆီမှာ မိုးဆက်တိုက်ရွာတာ ၃ရက်ရှိသွားပြီး။ စပါးက မိုးရွာလို့ ရိတ်လို့မရဘူး။ ‌ကောက်လှိုင်း‌တွေ လည်း စိုတယ်။ စပါး‌စေ့‌တွေ ‌ကြွေပြီး‌တော့ အပင်ပြန်‌ပေါက်တာလည်း ရှိတယ်။ အသီးမ‌အောင်‌သေးတဲ့ စပါးပင်‌တွေ ‌လေတိုက်လို့ လှဲသွားတာလည်း ရှိတယ်။ အဲဒီစပါးပင်ဆို အသီး‌အောင်မှာ မဟုတ်ဘူး”ဟု ထန်းတပင်မြို့နယ် ပျဉ်ဂန်းရွာမှ လယ်သမား ‌စောက‌ပေါ်က ‌ကေအို်င်စီသို့ ‌ပြောသည်။

ရာသီဥတု‌ဖောက်ပြန်မှု‌ကြောင့် စပါးစတင်စိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှုနည်းပါးပြီး မိုးများလာသည့် အချိန် တွင်လည်း ‌ရေကြီးကာ စိုက်ပျိုးထားသည့် စပါးများနစ်မြှုပ်သည့်အတွက်‌ကြောင့် စပါးများပျက်စီးကာ နှစ်ကြိမ်ခန့် ထပ်မံပြန်စိုက်ပျိုးခဲ့ရသည်ဟု ‌ဒေသခံလယ်သမားများက ‌ပြောဆိုသည်။

လက်ရှိ မိုးရွာသွန်း၍ စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်‌နေသည့် ‌နေရာများမှာ ထန်းတပင်မြို့နယ်ရှိ ရှမ်းကြီးဘို၊ ပျဉ်ဂန်း၊ ‌လေးတစ် စသည့် ‌ကျေးရွာအုပ်စုတို့အတွင်း ‌ဒေသများဖြစ်ကြပြီး ‌ကျေးရွာ‌ပေါင်း ၃ဝ ဝန်းကျင်ရှိသည်ဟု သိရသည်။

မိုးရွာ၍ စပါးများ ပျစ်စီးသွားသည့်အ‌ပေါ် ‌စောက‌ပေါ်က “ဒီနှစ် စပါးက‌တော့ ‌ရောင်းရဖို့‌နေ‌နေသာသာ လုပ်အားခပြန်စပ်ရမယ်။ လယ်ထွန်ချိန်ကစပြီး လူ‌တွေလည်း ငှားရတယ်။ တချို့လယ်သမားဆိုရင် လယ်ငှားပြီး လုပ်တယ်။ ကိုယ်ပိုင်လယ်မဟုတ်‌တော့ လယ်ငှားခလည်းပြန်‌ပေးရတယ်။ ဒီလိုမျိုး မိုးရွာတဲ့ အခါကျ‌တော့ စပါးက အပျက်အစီးများ‌တော့ ဘယ်လိုလာအုံးမလဲဆိုတာ မသိရ‌သေးဘူး”ဟု ‌ပြောသည်။

အလားတူ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း၌လည်း မိုးရွာသွန်းမှု‌ကြောင့် လယ်သမားများ စပါးရိတ် သိမ်းရန် ‌စောင့်ဆိုင်း‌နေရသည်ဟု ဖားအံမြို့နယ် ‌ဒေသခံလယ်သမားတစ်ဦးဖြစ်သည့် နန်းပုလဲဖြူက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျမတို့ ဘက်မှာ‌တော့ ရိတ်လို့ရတဲ့ စပါး‌တွေကို ရိတ်ဖို့အတွက် မိုးကို ‌စောင့်‌နေတယ်။ တချို့‌နေရာ ကျ‌တော့ ရိတ်‌နေကြပြီး ရိတ်ထားတဲ့ စပါး‌တွေ ဒီလိုမျိုး မိုးဆက်တိုက်ရွာမယ်ဆိုရင်‌တော့ မဲပြီး‌တော့ ပျက်စီးနိုင်တာ‌ပေါ့”ဟု နန်းပုလဲဖြူက ‌ပြောဆိုသည်။

ထန်းတပင်မြို့နယ်ရှိ ‌ဒေသခံများသည် စပါး၊ ဖာလာ၊ ကွမ်းသီးတို့ အဓိက လုပ်ကိုင် စား‌သောက်ကြပြီး ၂၀၁၁‌နောက်ပိုင်း ရာသီဥတု‌ဖောက်ပြန်လာကာ အချိန်အခါမ‌တော် မိုးရွာသွန်းမှု‌ကြောင့် ‌ဒေသခံ‌တောင်သူ လယ်သမားများ အခက်ကြုံခဲ့ရခြင်းဖြစ်‌ကြောင်း သိရှိရသည်။