Home သတင်း ခရစ်ယာန် ကရင်ဘုန်း‌တော်ကြီးတစ်ပါး လူမှုအဖွဲ့အစည်းများနှင့် မပတ်သက်ရန် သတိ‌ပေးခံရ

ခရစ်ယာန် ကရင်ဘုန်း‌တော်ကြီးတစ်ပါး လူမှုအဖွဲ့အစည်းများနှင့် မပတ်သက်ရန် သတိ‌ပေးခံရ

1797
(KUPC အစည်းအ‌ဝေးတစ်ခုကို ‌တွေ့မြင်ရပုံ)

နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ (KUPC) အဖွဲ့ဝင်တစ်ဦးဖြစ်သူ တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်မြို့၊ ဦး‌ကျော်ရင်လမ်းရှိ၊ ခရစ်ယာန် ရိုမန်ကက်သလစ်ဘုရား‌ကျောင်းမှ သိက္ခာ‌တော်ရဆရာ‌တော်(ဖာသာ) ဂျိုးဇက်သိန်းခင်ကို လူမှုအ ဖွဲ့အစည်းများနှင့် မပတ်သက်ရန် နိုဝင်ဘာ ၁၂ရက်‌နေ့တွင် ထားဝယ်ခရိုင် အုပ်ချုပ်‌ရေးမှူးက ခံဝန်လက်မှတ်‌ရေးထိုးခိုင်းကာ သတိ‌ပေးခဲ့‌ကြောင်း သိရသည်။

ဆရာ‌တော်ဂျိုးဇက်သိန်းခင်သည် ‌အောက်တိုဘာလ ၁၃ရက်‌နေ့က ထားဝယ်မြို့၊ ဘန်း‌ချောင်း‌ဒေသ၌ ‌ကျောက်မီး‌သွေးစက်ရုံစီမံ ကိန်းနှင့် ပတ်သက်၍ ထားဝယ်လူမှုအဖွဲ့အစည်းများ၊ ‌ဒေသတွင်းရှိ နိုင်ငံ‌ရေးပါတီများ၊ ‌ဒေသခံများနှင့် ကုမ္ပဏီတာဝန်ရှိသူများ ‌တွေ့ဆုံပွဲသို့ တက်‌ရောက်ခဲ့ပြီး‌နောက် ၎င်းအား အုပ်ချုပ်‌ရေးမှူးက ဘာသာ‌ရေးလုပ်ငန်းများကိုသာ လုပ်ကိုင်ရန် ခံဝန် လက်မှတ် ‌ရေးထိုးခိုင်းခြင်းဖြစ်‌ကြောင်း ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ငါလည်း နားမလည်ဘူး။ ‌ခေါ်ပြီး‌တော့ လက်မှတ်ထိုးခိုင်းတယ်။ ငါလည်းထိုး‌ပေးလိုက်တယ်။ အဲ့စာရွက်မှာ ငါ့ကို‌ပြောတာက ‌အောက်တိုဘာ ၁၃ရက်က ဒို့ ‌ကျောက်မီး‌သွေးကိစ္စလုပ်လို့ တခြားအဖွဲ့အစည်း‌တွေနဲ့ မပတ်သက်ရဘူး။ ဘုန်းကြီးက ဘာသာ‌ရေး အလုပ်ပဲ လုပ်ရမယ်လို့ ‌ရေးထားတယ်”ဟု ဆရာ‌တော်ဂျိုးဇက်သိန်းခင်က ‌ပြောသည်။

ထို့အပြင် ဆရာ‌တော်က ၎င်းအ‌နေဖြင့် KUPC ‌ကော်မတီဝင်တစ်ဦးဖြစ်သလို တနသင်္ာရီတိုင်း‌ဒေသကြီး ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည့်သူကို ယခုလို ဝန်ခံလက်မှတ်ထိုးခိုင်း‌သော်လည်း ကရင်အမျိုးသား‌ရေးနှင့် ငြိမ်းချမ်း‌ရေးကိစ္စရပ်များကို ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်သည်ဟု ဆက်‌ပြောသည်။

ယခုကဲ့သို့ KUPC ‌ကော်မတီဝင်တစ်ဦးကို လူမှုအဖွဲ့အစည်းများနှင့် မပတ်သက်ရန် ခရိုင်အဆင့် အစိုးရ တာဝန်ရှိသူများက ခံဝန် လက်မှတ်ထိုးခိုင်းသည်မှာ မဖြစ်သင့်‌ကြောင်း KUPC ‌ကော်မတီဝင်တစ်ဦးဖြစ်သူ ဆရာ‌စော‌ကျော်စွာက ယခုလို မှတ်ချက်ပြု ‌ပြောဆိုသည်။

ဆရာ‌စော‌ကျော်စွာက “KUPC ရဲ့မူဝါဒ သုံးချက်ရှိတယ်။ ငြိမ်းချမ်း‌ရေး၊ စည်းလုံးညီညွတ်‌ရေးနဲ့ ပြည်သူ‌တွေရဲ့ သာယာဝ‌ပြော‌ရေး ‌ပေါ့။ ဆို‌တော့ ပြည်သူ‌တွေရဲ့ သာယာဝ‌ပြော‌ရေးလုပ်တဲ့‌နေရာမှာ လူမှုအဖွဲ့အစည်းနဲ့ မပူး‌ပေါင်းဘဲ ဘယ်လိုလုပ်လို့ ရမလဲ။ ပူးကို ပူး‌ပေါင်းရမှာပဲ။ ဒါက ဘယ်လိုအ‌ခြေအ‌နေပဲဖြစ်ဖြစ် လုပ်ရမှာပဲ။ ဒီလိုမျိုး လက်မှတ်ထိုးခိုင်းတာ ဒီအချိန်မှာမဖြစ်သင့်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ထားဝယ်‌ဒေသခံ ‌နော်ပီသ‌လောက “ဒီလိုမျိုး ဖါသာ(ဆရာ‌တော်)ကို ‌ခေါ်ပြီး‌တော့ လက်မှတ်ထိုးခိုင်းတာက ‌အောက် ‌ခြေမှာ ဘာမှမ‌ပြောင်းလဲ‌သေးဘူးဆိုတာ ‌ပေါ်သွားတာ‌ပေါ့”ဟု ဆိုသည်။

ဝန်ခံလက်မှတ်ထိုးခိုင်းခြင်းနှင့်ပတ်သက်၍ ဆရာ‌တော်ဂျိုးဇက်သိန်းခင်က နိုဝင်ဘာ ၁၃ရက်‌နေ့နံနက်ပိုင်းတွင် တနသင်္ာရီတိုင်း ‌ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် သွား‌ရောက်‌တွေ့ဆုံ၍ အ‌ခြေအ‌နေ ‌မေးမြန်းရာတွင် ၎င်းက အ‌ခြေအ‌နေ အ‌သေးစိတ် မသိရှိ ‌သေးဘဲ ‌အောက်‌ခြေကို‌မေးဦးမည်ဟု ‌ပြောဆိုခဲ့‌ကြောင်း သိရသည်။

KUPC ကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ မတ်လ ၂၉-၃ဝရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့၌ ကျင်းပခဲ့သည့် ကရင့်‌ရေးရာ အစည်းအ ‌ဝေးတွင် နယ်ပယ်စုံမှ ‌ကော်မတီဝင် ၃၇ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး‌နောက် ‌ကော်မတီဝင် ၅၉ဦးဖြင့် ထပ်မံ ဖွဲ့စည်းခဲ့သည်။ KUPC သည် ‌ဒေသစုံ ကရင်လူထု‌တွေ့ဆုံပွဲများ၊ ကရင်ဘာသာ‌ရေးဆရာများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများ၊ ပြည်‌ထောင်စုလွှတ်‌တော်အတွင်းရှိ ကရင်လွှတ်‌တော်ကိုယ်စားလှယ်များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများ ပြုလုပ်‌လေ့ရှိသည်။