Home သတင်း ကရင်နိုင်ငံ‌ရေးပါတီ ၃ ခု မဟာမိတ်ဖွဲ့စည်း

ကရင်နိုင်ငံ‌ရေးပါတီ ၃ ခု မဟာမိတ်ဖွဲ့စည်း

1484

နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွန့်‌သောင်း

လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ပူး‌ပေါင်းလုပ်‌ဆောင်၍ ဝင်‌ရောက်ယှဉ်ပြိုင်ရန်နှင့် ကရင်နိုင်ငံပါတီများ အားလုံး ညီညွှတ်မှုပိုမိုရရှိ‌စေရန် ရည်ရွယ်ပြီး ကရင်နိုင်ငံ‌ရေးပါတီ ၃ခုက နိုဝင်ဘာ ၂၂ရက်‌နေ့က မဟာမိတ်ဖွဲ့ စည်းလိုက်သည်။

ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး ပါတီ(KSDDP)၊ ရန်ကုန်အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)တို့သည် ဖားအံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ (KSDDP)ရုံး၌ ပြုလုပ်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတစ်ရပ်တွင် ထိုသို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မဟာမိတ်ဖွဲ့စည်းမှုတွင် ပါဝင်သည့် KDP ဥက္ကဌ ‌စောရဲဝင်းနိုင်က “မဟာမိတ်အဖြစ် ပူး‌ပေါင်းဖို့ ကျ‌နော်တို့ ကရင် ၃ ပါတီ သ‌ဘောတူညီလက်မှတ်‌ရေးထိုးနိုင်ခဲ့တယ်။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် မဲဆန္ဒနယ်‌တွေ ဝင်‌ရောက် ယှဉ်ပြိုင်တဲ့အခါ ကရင်ပါတီ‌တွေ မဟာမိတ်ဖွဲ့ပြီး‌တော့မှ ‌နေရာမထပ်မိဖို့ ညှိညှိနှိုင်းနှိုင်း လုပ်‌ဆောင်သွားကြမယ်။ ပြီး‌တော့ ကရင်ပါတီအချင်းချင်း ဝိုင်းဝန်းကူညီ‌ဆောင်ရွက်သွားကြမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
DSC00017
ထိုအစည်းအ‌ဝေးတွင် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)လည်း တက်‌ရောက်ခဲ့ပြီး ကရင်ပါတီများ မဟာ မိတ်အဖြစ် ပူး‌ပေါင်းခြင်းအပိုင်းမှာ နိုင်ငံ‌ရေးရပ်တည်ချက် မတူညီသည့်အတွက် ၎င်းတို့ပါတီအ‌နေဖြင့် လတ်တ‌လော မလက်ခံ‌သေး‌ကြောင်း PSDP အမျိုးသမီး ဥက္ကဌ ‌နော်ယုဇနဝါက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“ကျမတို့ ကရင်ပါတီပူး‌ပေါင်း‌ရေးမှာ နိုင်ငံ‌ရေးရပ်တည်ချက်‌တွေ မတူညီကြတဲ့အတွက် မဟာမိတ်လုပ်ဖို့ အခက် အခဲရှိတယ်။ ၂၀၁၅ လွန်ပြီးမှ တခြားကရင်နိုင်ငံ‌ရေးပါတီ‌တွေနဲ့ ပူး‌ပေါင်းဖို့‌တော့ ရှိပါတယ်။ လူထု‌တွေကို ‌ပြော ချင်တာက လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ ကရင်လူထုကိုယ်စားလှယ်‌တွေကို မှန်မှန်ကန်ကန် ‌ရွေးချယ်ဖို့ပါပဲ” ဟု ‌နော်ယုဇနဝါက ‌ပြောသည်။

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် PSDP အမျိုးသမီး ဥက္ကဌ ‌နော်ယုဇနပါ၊ KPP ဖားအံတာဝန်ခံ ‌စောရှင်းမြူရယ်၊
KSDDP အတွင်း‌ရေးမှူး ‌စောသန်းမြ၊ KDP ဥက္ကဌ ‌စောရဲဝင်းနိုင် အပါအဝင် ကိုယ်စားလှယ် ၉ ဦး တက်‌ရောက် ‌ဆွေး‌နွေးခဲ့ကြသည်။

ကရင်ပါတီပူး‌ပေါင်းရာတွင် ပါဝင်သည့် KSDDP မှ အတွင်း‌ရေးမှူး ‌စောသန်းမြက “ကရင်ပြည်သူ‌တွေက ကရင် နိုင်ငံ‌ရေးပါတီ‌တွေများ‌နေတယ်။ စု‌ပေါင်းလုပ်‌ဆောင်နိုင်ရင် ‌ကောင်းမယ်လို့ လူထု‌တွေဆန္ဒရှိတယ်။ ဒါ‌ကြောင့် အခုလို လုပ်‌ဆောင်ရတယ်။ ကျ‌နော်တို့ ၃ ပါတီ‌ပေါင်းပြီး မဲဆန္ဒနယ်‌နေရာ‌တွေ မထပ်ရ‌အောင် ကရင်ပြည်နယ် မှာ ‌နေရာအားလုံး ဝင်ယှဉ်ပြိုင်နိုင်‌အောင်ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်နိုင်ငံ‌ရေးပါတီများဖြစ်သည့် PSDP, KDP, KSDDP နှင့် KPP တို့သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက် ‌နေ့က ဖားအံမြို့၊ ခွဲက‌ဘောင်ဂါးဒင်း၌ ‌တွေ့ဆုံကြပြီး မဟာမိတ်ဖွဲ့စည်းရန် မူအရ သ‌ဘောတူခဲ့သည်။ သို့‌သော် ပါတီမူဝါဒ မတူညီကြသဖြင့် KSDP သည် ယခု ကရင်ပါတီများ ပူး‌ပေါင်းခြင်းကို မပါဝင်နိုင်‌သေးခြင်းဖြစ်‌ကြောင်း သိရသည်။