Home သတင်း ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့များ CDC ‌ကျောင်း သွား‌ရောက်‌လေ့လာ

ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့များ CDC ‌ကျောင်း သွား‌ရောက်‌လေ့လာ

1430

နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ကရင်ပြည်နယ်အ‌ခြေစိုက် အရပ်ဖက်လူမှုအဖွဲ့အစည်း ၇ဖွဲ့က ‌လေ့လာ‌ရေးခရီးစဉ်အဖြစ် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်းဖြစ်သည့် က‌လေးများဖွံ့ဖြိုးတိုးတက်‌ရေးစင်တာ(Children Development Center – CDC) အထက်တန်း ‌ကျောင်းမှ ‌ကျောင်းအုပ်မန်း‌ရွှေနှင်းနှင့် တာဝန်ရှိသူ ဆရာ၊ ဆရာမများကို ယ‌နေ့ သွား‌ရောက်‌တွေ့ဆုံခဲ့သည်။

ဇွဲကပင်‌မြေပညာ‌ရေး၊ ‌ကျေးရွာစာအုပ်ပြုစု‌ရေးအဖွဲ့၊ ကရင်လူငယ်ကွန်ရက်(ဖားအံ)၊ Education Gathering Group(EGG)၊ Myanmar Computer Company(MCC)နှင့် သူရိယစန္ဒာ ပအိုဝ်းလူငယ်အဖွဲ့ စသည့် ကရင်ပြည်နယ်အ‌ခြေစိုက် အရပ်ဖက် လူမှု အဖွဲ့အစည်းများမှ ၂၁ဦးပါ ကိုယ်စားလှယ်အဖွဲ့က CDC သို့ ပထမဆုံးအကြိမ် သွား‌ရောက်‌လေ့လာခဲ့ခြင်း ဖြစ်သည်။

ခရီးစဉ် ဦး‌ဆောင်သူ စရှိုင်းက “ကရင်ပြည်နယ်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းနဲ့ နယ်စပ်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်း‌တွေ ပိုပြီး ‌တော့ ရင်းနှီးမှုရှိ‌အောင်၊ တဖက်နဲ့တဖက်အကြား လုပ်‌ဆောင်ချက်‌တွေ ပိုပြီးနားလည်‌အောင် ‌ရှေ့ဆက်လုပ်ငန်း‌တွေ ဘယ်လိုပူး ‌ပေါင်း‌ဆောင်ရွက်မလဲ။ ‌နောက်ပြီး ဒီလိုအ‌ပြောင်းအလဲကာလမှာ ကျ‌နော်တို့ ဘာ‌တွေ တွဲလုပ်နိုင်မလဲ ရည်ရွယ်ပြီး ဒီခရီးစဉ်ကို ကျ‌နော်တို့ လာခဲ့တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
20141126_115921 (Nov 26 in CDC)

ထို့အပြင် ယခု အ‌ပြောင်းအလဲကာလတွင် နယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်းများ၏ ပညာ‌ရေး၊ လူမှု‌ရေး၊ ကျန်းမာ‌ရေး အခက်အခဲများ ကို မြန်မာပြည်တွင်းရှိ ပြည်သူလူထုက လစ်လျူမရှု‌အောင် အရပ်ဖက်လူမှုအဖွဲ့အစည်းများအ‌နေဖြင့် မူဝါဒပိုင်းဆိုင်ရာနှင့် ပတ် သက်၍ ဝိုင်းဝန်းအားဖြည့်နိုင်မည့်အရာများကို တတ်နိုင်သမျှ ပူး‌ပေါင်းလုပ်‌ဆောင်သွားလိုသည်ဟု စရှိုင်းက ဆက်‌ပြောသည်။

CDC ‌ကျောင်းသို့ ‌လေ့လာ‌ရေးသွား‌ရောက်ခဲ့‌သော ကရင်ပြည်နယ်ရှိ အရပ်ဖက်အဖွဲ့အစည်းများမှာ ဖားအံ အပါအဝင် သံ‌တောင်၊ ‌ကော့ကရိတ်နှင့် ကျုံဒိုး မြို့နယ်များတွင် အ‌ခြေစိုက်‌သောလူငယ်များဖြင့် ဖွဲ့စည်းထား‌သောအဖွဲ့များဖြစ်သည်။ ယ‌နေ့မနက် ၁၁နာ ရီမှ ၁၂နာရီ‌ကျော်အထိ ပြုလုပ်ခဲ့‌သော အဆိုပါ နှစ်ဖက်‌တွေ့ဆုံပွဲတွင် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား CDC ‌ကျောင်း စတင်ဖြစ်‌ပေါ်လာပုံ၊ လက်ရှိ နယ်စပ်ပညာ‌ရေးအ‌ခြေအ‌နေ၊ ‌ကျောင်းသူ‌ကျောင်းသားနှင့် ဆရာ၊ ဆရာမများ၏ ရင်ဆိုင် ကြုံ‌တွေ့‌နေရသည့် အခက်အခဲများကို CDC ‌ကျောင်းတာဝန်ရှိသူများနှင့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းဆရာ၊ဆရာမများအသင်း(Burmese Migrant Teachers Association) ရှင်းပြခဲ့သည်။

CDC ‌ကျောင်းအုပ် မန်း‌ရွှေနှင်းက “ကရင်ပြည်နယ်အတွင်းက အရပ်ဖက်လူမှုအဖွဲ့အစည်း‌တွေ ပညာ‌ရေးနဲ့ ပတ်သက်ပြီး ကျ‌နော် တို့ကို ဒီလို လာ‌ရောက်‌တွေ့ဆုံတဲ့အခါ သူတို့သိလိုတဲ့ နယ်စပ်ပညာ‌ရေးအ‌ခြေအ‌နေ‌တွေကို သိခွင့်ရသွား‌တော့ ကရင်ပြည်နယ် အတွင်းကဖြစ်ဖြစ်၊ နယ်စပ်ကဖြစ်ဖြစ် ရှိ‌နေတဲ့ က‌လေး‌တွေရဲ့ ‌ရှေ့ဆက်ပညာ‌ရေးအတွက် အစုံတရာ လုပ်‌ပေးနိုင်မယ်လို့ ယုံကြည် ပါတယ်။ ပြီး‌တော့ သူတို့ဘက်က တင်ပြလာတဲ့ ပြည်တွင်းပညာ‌ရေးအ‌ခြေအ‌နေ‌တွေ သိခွင့်ရတဲ့အတွက် အများကြီး အကျိုးရှိပါ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအရပ်ဖက်လူမှုအဖွဲ့များသည် နိုဝင်ဘာ ၂၇ရက်‌နေ့တွင် မဲ‌ဆောက်‌ဒေသရှိ အထက်တန်းလွန်‌ကျောင်းအချို့နှင့် ‌ကျောင်းသား အဖွဲ့တချို့ကို ‌တွေ့ဆုံသွားရန်ရှိပြီး ယ‌နေ့တွင်လည်း CDC ‌ကျောင်းမသွား‌ရောက်မီ ‌ဒေါက်တာစင်သီယာ‌မောင် ပါဝင်တည်‌ထောင် ခဲ့‌သော မယ်‌တော်‌ဆေးခန်းသို့ သွား‌ရောက်‌လေ့လာခဲ့‌သေးသည်။