Home သတင်း UNFC မှ ယာယီရပ်စဲခြင်းနှင့် KAF ကိစ္စအ‌ပေါ် နိုင်ငံတကာကရင်အဖွဲ့များ သ‌ဘောထားထုတ်ပြန်

UNFC မှ ယာယီရပ်စဲခြင်းနှင့် KAF ကိစ္စအ‌ပေါ် နိုင်ငံတကာကရင်အဖွဲ့များ သ‌ဘောထားထုတ်ပြန်

1996

‌အောက်တိုဘာ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC) အဖွဲ့ဝင်မှ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ယာယီရပ်စဲခြင်းနှင့် လက်ရှိ ဖြစ်‌ပေါ်‌နေ‌သော ‌ကော်သူး‌လေတပ်မ‌တော်(KAF) ပြန်လည်ဖွဲ့စည်းခြင်းကိစ္စအ‌ပေါ် ကရင်တစ်မျိုးသားလုံးအတွက် ‌ရှေးရှု၍ ဆုံးဖြတ်လုပ်‌ဆောင်‌ပေးရန် နိုင်ငံတကာ‌ရောက် ကရင်အမျိုးသားအစည်းအရုံး(IKO)က သ‌ဘောထား‌ကြေညာချက်နှစ်‌စောင် ထုတ်ပြန်‌တောင်းဆိုလိုက်သည်။

UNFC အဖွဲ့ဝင်အဖြစ်မှ KNU မခွဲထွက်‌ရေး ‌တောင်းဆိုမှု အပါအဝင် ‌ကော်သူး‌လေတပ်မ‌တော် (KAF)ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ကြိုဆို‌ထောက်ခံ‌ကြောင်း နိုင်ငံတကာ‌ရောက် ကရင်အမျိုးသားများ၏ သ‌ဘောထားကို ပြသသည့်အ‌နေဖြင့် ‌အောက်တိုဘာလ ၁၈ရက်နှင့် ၂ဝရက်‌နေ့များတွင် ‌ကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဩစ‌တြေးလျားနိုင်ငံအ‌ခြေစိုက် IKO ၏‌ပြောခွင့်ရသူ မန်း‌အော်လန်းဒိုက “KNU ဟာ လူတစ်စုရဲ့အဖွဲ့အစည်း မဟုတ်သလို တစ် မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းဖြစ်တာ‌ကြောင့် ကရင်လူထု‌တွေအသံကို နား‌ထောင်ပြီး အ‌ကောင်းဆုံးလုပ်‌စေချင်တယ်။ မိမိလုပ်ချင်သလိုလုပ်ပြီး‌တော့ ‌ခေါင်း‌ဆောင်တစ်စုက ဆုံးဖြတ်တာမျိုးကို မဖြစ်‌စေချင်တဲ့အတွက် အခုလို တိုက်တွန်း‌တောင်းဆို တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် UNFC အဖွဲ့အဝင်အဖြစ်မှ KNU လုံးဝခွဲထွက်ခြင်း မပြုလုပ်ရန် IKO ထုတ်ပြန်ချက်တွင် ‌တောင်းဆိုထားခဲ့ပြီး ထိုသို့ ခွဲ ထွက်သွားမည်ဆိုပါက ပြုလုပ်သူ‌ခေါင်း‌ဆောင်တချို့ကို ကရင်တစ်မျိုးသားလုံး အကျိုးစီးပွားနှင့် ကရင်‌တော်လှန်‌ရေးကို ‌ကျော ခိုင်းသွားသူများဟု သတ်မှတ်မည်ဖြစ်ကာ မှန်ကန်သည့် ရပ်တည်မှုရှိ‌သော ‌ခေါင်း‌ဆောင်များကိုသာ နည်းမျိုးစုံဖြင့် ဆက်လက် အား‌ပေး‌ထောက်ခံသွားမည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

သို့‌သော် KNU အ‌နေဖြင့်မူ UNFC မှ အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်‌ရေး မပါဝင်‌ရေးကို ‌အောက်တိုဘာလ ၂၃ရက်‌နေ့မှ စတင် ကာ ပြုလုပ်သွားမည့် ၎င်းတို့၏ ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေးတွင် အ‌ကျေအလည် ‌ဆွေး‌နွေးကာ ဆုံးဖြတ် သွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ အစည်းအ‌ဝေးတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်များကို အ‌ကောင်းဆုံး ချမှတ်နိုင်ရန် ‌မျှော်လင့်‌ကြောင်းနှင့် ထိုသို့ မလုပ် ‌ဆောင်နိုင်ပါက မြန်မာပြည် တိုင်းရင်းသား‌တော်လှန်‌ရေးသမိုင်းတွင် ‌ကေအဲန်ယူသည် အမည်းစက်ကြီးတစ်ခုအဖြစ် ကျန်ရှိပြီး သမိုင်းတရားခံဖြစ်သွားမည်ဟုလည်း မန်း‌အော်လန်းဒိုက ဆက်‌ပြောသည်။

‌ကေအဲန်ယူ၏ ခွဲထွက် ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်‌ပေါင်းစည်း‌ရေးလုပ်ငန်း‌ကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ က “ဒီဗဟို‌ကော်မတီ ၃ရက်တာ အစည်းအ‌ဝေးမှာ‌တော့ အဲဒီကိစ္စ‌တွေကို အဓိကထား ‌ဆွေး‌နွေးသွားကြမှာပါ။ ရန်သူဖြစ်တဲ့ ဗမာ အစိုးရနဲ့‌တောင် မျက်နှာချင်းဆိုင် ‌ဆွေး‌နွေး‌သေးတာပဲ။ ကိုယ့်အဖွဲ့အစည်းအချင်းချင်း ဘာလို့ မ‌ဆွေး‌နွေးနိုင်စရာရှိသလဲ။ ဒီ‌တော့ အ‌ကောင်းဆုံး ‌ဆွေး‌နွေးသွားရမှာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

IKO အ‌နေဖြင့် နိုင်ငံတကာရှိ ကရင်လူမျိုးများကို Asia Pacific Region, European Region နှင့် US/ Canada Region ဟူ၍ ‌နေရာ‌ဒေသ သုံးပိုင်း ခွဲခြားသတ်မှတ်ထားပြီး ယခု ထုတ်ပြန်ချက်ထဲတွင် KAF ပြန်လည်ဖွဲ့စည်းလိုက်ခြင်းမှာ ကရင်တစ်မျိုးသား လုံးဆန္ဒဖြစ်သည့် တစ်ခုတည်း‌သော ကရင်တပ်မ‌တော်တစ်ရပ်အဖြစ် တည်ရှိ‌ရေး အ‌ကောင်အထည်‌ဖော်လာခြင်းဖြစ်‌ကြောင်း လည်း ‌ဖော်ပြထားသည်။

ထို့အပြင် KAF တွင် ပါဝင်သည့်အဖွဲ့များမှာ မိခင် ‌ကေအဲန်ယူမှ ခွဲထွက်‌သောအဖွဲ့များဖြစ်သည့်အတွက် ခံယူချက်အမျိုးမျိုး ကွဲ ပြား‌နေ‌သော်လည်း ‌တော်လှန်‌ရေး‌အောင်ပွဲခံနိုင်သည်အထိ KAF အ‌နေဖြင့် တစ်စုတစ်စည်း ဆက်လက် ရပ်တည်သွားကြရန် နိုင်ငံတကာ‌ရောက် ကရင်များက ဆန္ဒသ‌ဘောထားများ ရှိကြသည်ဟု မန်း‌အော်လန်းဒိုက ထပ်မံ ‌ပြောဆိုသည်။

အလားတူ အ‌မေရိကန်ပြည်‌ထောင်စုရှိ ကရင်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် (Karen Society Of Buffalo- KSB)ကလည်း KAF ဖွဲ့စည်းလိုက်သည်မှာ မှန်ကန်‌သော အ‌ခြေအ‌နေနှင့် သင့်‌လျော်သည့်အချိန်ခါဖြစ်ပြီး ကရင်လူထုစည်းလုံးညီညွှတ်မှုကို အစ ပြုခြင်းဖြစ်သည့်အတွက် အပြည့်အဝ ‌ထောက်ခံကြိုဆို‌ကြောင်း ‌အောက်တိုဘာလ ၂ဝရက်‌နေ့က သ‌ဘောထားထုတ်ပြန်ခဲ့သည်။