Home သတင်း UNFC တပ်‌ပေါင်းစုကိစ္စ ဆက်ညှိနှိုင်းလုပ်‌ဆောင်ရန် KNU-EC အား တာဝန်‌ပေး

UNFC တပ်‌ပေါင်းစုကိစ္စ ဆက်ညှိနှိုင်းလုပ်‌ဆောင်ရန် KNU-EC အား တာဝန်‌ပေး

1806

KNU ‌ခေါင်း‌ဆောင်များကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်စဉ်က

‌အောက်တိုဘာ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေးကို ‌အောက်တိုဘာလ ၂၃ရက် ‌နေ့က စတင် ကျင်းပပြုလုပ်ခဲ့ရာ တပ်‌ပေါင်းစုကိစ္စနှင့် ပတ်သက်၍ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီမှ UNFC နှင့် ဆက်လက် ညှိနှိုင်း‌ဆောင်ရွက်သွားရန် ယ‌နေ့ ‌ဆွေး‌နွေးဆုံးဖြတ်လိုက်သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

“ဒီ‌နေ့မှာ‌တော့ UNFC ကိစ္စ ‌ဆွေး‌နွေးတဲ့ အစီအစဉ်က ပြီးသွားပြီ။ တပ်‌ပေါင်းစုအ‌နေနဲ့ ပါဝင်သွားမယ် မသွားဘူးဆိုတာက ‌လော ‌လောဆယ် ယာယီရပ်ဆိုင်းသ‌ဘောမျိုးပဲ ရှိ‌နေ‌သေးပြီး UNFC ‌ခေါင်း‌ဆောင်‌တွေနဲ့ ဆက်လက် ‌ဆွေး‌နွေးသွားဖို့ကို အမြဲတမ်း ‌ကော်မတီက ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ ၁၁ဦးကို တာဝန်‌ပေးလိုက်တယ်”ဟု KNLA တပ်ဖက်ဆိုင်ရာ ထိပ်ပိုင်းအရာရှိ တဦး၏ ‌ပြောဆိုချက်အရ သိရသည်။

အဆိုပါအစည်းအ‌ဝေးမှာ ယ‌နေ့အချိန်ထိ မပြီးစီး‌သေး‌သော်လည်း ‌ဆွေး‌နွေးပြီးခဲ့သည့်အထဲတွင် ညီညွှတ်‌သော တိုင်းရင်းသားလူ မျိုးများဖက်ဒရယ်‌ကောင်စီ (UNFC)နှင့် ပတ်သက်၍ ယခုကဲ့သို့ တာဝန်‌ပေးအပ်မှုများကို အလုပ်အမှု‌ဆောင်များအ‌နေဖြင့် အချိန် ကာလ မည်မျှကြာ သတ်မှတ်သွားမည်ကိုလည်း တပ်အပ် မ‌ပြောဆိုနိုင်‌သေး‌ကြောင်း ‌ကေအဲန်ယူ အသိုင်းအဝိုင်းက ‌ပြောသည်။

အစည်းအ‌ဝေးတွင် ပြီးခဲ့သည့် ၁၅ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်မှ ဆုံးဖြတ်ချမှတ်ထား‌သော လမ်းစဉ်၊ လုပ်ငန်းစဉ်များနှင့် လက်‌တွေ့ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေမှုများကို ပြန်လည် သုံးသပ်ကာ ‌ဆွေး‌နွေးခဲ့ကြရာ ကိုက်ညီမှုရှိ‌ကြောင်း တက် ‌ရောက်လာသည့် ဗဟိုအမြဲတမ်း‌ကော်မတီဝင်များက သ‌ဘောတူခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ‌အောက်တိုဘာလ ၁၃ရက်‌နေ့က ဖွဲ့စည်းကာထုတ်ပြန်လိုက်သည့် ‌ကော်သူး‌လေတပ်မ‌တော် (KAF)ကိစ္စ ‌ဆွေး‌နွေးရာ တွင် တက်‌ရောက်လာသူ ဗဟိုအမြဲတမ်း‌ကော်မတီဝင် ခရိုင်၊ တပ်မဟာအသီးသီးမှ ‌ခေါင်း‌ဆောင်များက KAF မှာ ယခင်က ဖွဲ့ စည်းထားခဲ့ဖူးသည်ဖြစ်၍ ၎င်းကို မူအားဖြင့် သ‌ဘောတူခဲ့ကြ‌သော်လည်း ဖွဲ့စည်း‌ရေး အတည်ပြုရန်မှာ လာမည့် ၁၆ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်ကျင်းပသည့်အခါမှသာ ဆုံးဖြတ်‌ပေးနိုင်မည်ဖြစ်သည်ဟု သိရသည်။

‌ကော်သူး‌လေတပ်မ‌တော် ဖွဲ့စည်းရာတွင် KNLA, KNDO, KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီနှင့်အတူ ပါဝင်လက်မှတ်ထိုးထား သည့် ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော်(DKBA)က ‌ကော်သူး‌လေ တပ်မ‌တော်ဖွဲ့စည်းမှုနှင့် ပတ်သက်သည့် ‌ဆွေး‌နွေးပွဲတစ် ခုကို ၎င်းတို့ဌာနချုပ်ရှိရာ ‌ကော်သူးမွဲခီး(ဆုံဆည်းမြိုင်‌ကျေးရွာ)၌ ‌အောက်တိုဘာ ၂၉ရက်‌နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် သည်။

ကရင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုလှုပ်ရှားကွန်ယက်အဖွဲ့(KESAN) ဒါရိုက်တာ ‌စော‌ပေါလ်စိန်ထွားက “အားလုံး စိုးရိမ်‌နေ ကြတာက ‌ကေအဲန်ယူထဲ အကွဲအပြဲ ဖြစ်သွားမှာကိုပါပဲ။ ‌ကေအဲန်ယူဟာ ကိုယ့်အဖွဲ့အစည်းထဲမှာဖြစ်‌စေ၊ ကရင်လက်နက်ကိုင် ‌တွေ အချင်းချင်းဖြစ်‌စေ၊ အခြားအဖွဲ့‌တွေနဲ့ဖြစ်‌စေ၊ စည်းလုံးညီညွှတ်မှုရှိ‌စေချင်တယ်။ တနိုင်ငံလုံးရဲ့ နိုင်ငံ‌ရေးကို ‌ဆောင်ရွက်ရာမှာ အခြားတိုင်းရင်းသား‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်မှုက အ‌ရေးကြီးသလို ဒီအ‌ပေါ်မှာ လူထု‌တွေကလည်း တိကျပြတ်သားတဲ့ ဆုံး ဖြတ်ချက်ရလဒ်ကို မြင်ချင်ကြပါတယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်‌ကောင်စီ(UNFC) ၏ ပထမအကြိမ် ညီလာခံမှ ‌ကေအဲန်ယူ ကိုယ်စားလှယ်များ ထွက်ခွါလာခဲ့ပြီး‌နောက်ပိုင်း UNFC အဖွဲ့ဝင် အဖြစ် ဆက်လက်ပါဝင်မည်၊ မပါဝင်မည်ကို ဆုံးဖြတ်နိုင်‌ရေးအတွက် ‌ကေအဲန်ယူက ၎င်းတို့၏ ဗဟိုအမြဲတမ်း‌ကော်မတီ အ‌ရေး ‌ပေါ် အစည်းအ‌ဝေးကို ယခုလို ‌ခေါ်ယူကျင်းပခဲ့ရပြီး ဗဟို‌ကော်မတီဝင် ၄၉ဦးအနက် ၄၇ဦး တက်‌ရောက်ခဲ့ကြသည်။