Home သတင်း KWEG ဒါရိုက်တာ ‌နော်စူစဲန်နာလှလှစိုး ရန်ကုန်မြို့‌တော် စည်ပင်‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်မည်

KWEG ဒါရိုက်တာ ‌နော်စူစဲန်နာလှလှစိုး ရန်ကုန်မြို့‌တော် စည်ပင်‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်မည်

1727

‌အောက်တိုဘာ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG) ဒါရိုက်တာ ‌နော်စူစဲန်နာလှလှစိုးက လာမည့် ဒီဇင်ဘာ ၂၇ရက်‌နေ့၌ ပြုလုပ်မည့် ရန်ကုန်မြို့‌တော်စည်ပင်သာယာ‌ရေး‌ကော်မတီဝင် ‌ရွေး‌ကောက်ပွဲကို လူမှု‌ရေးအဖွဲ့ ကိုယ်စားလှယ်‌နေရာမှ ဝင်‌ရောက်ယှဉ်ပြိုင် အ‌ရွေးခံမည်ဖြစ်‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

“ရည်ရွယ်ချက်က‌တော့ ဒီမိုက‌ရေစီအ‌ရေးကို တွန်းအား‌ပေးတဲ့ အင်အားစုအနနဲ့ အရင်က မြို့‌တော်စည်ပင်သာယာ‌ရေး‌ကော်မတီ သည် စစ်တပ်ထွက်‌တွေ၊ အာဏာရှင်‌တွေက ကိုင်ထားတဲ့အဖွဲ့ဖြစ်တယ်။ အခု ပြည်သူလူထုက ‌ရွေး‌ကောက်တင်‌မြှောက်ရ‌တော့ မယ်။ ကျမကလည်း အမျိုးသမီး‌ခေါင်း‌ဆောင်တစ်‌ယောက်အ‌နေနဲ့ ပြည်သူ‌တွေ ‌နေ့တဓူဝ ခံစားရတဲ့ ပြဿနာ‌တွေကို သိတယ်။ ကျမကိုယ်တိုင်လည်း ခံစားရတယ်။ အဲ့ဒါ‌တွေကို ဝိုင်းဝန်း‌ဖြေရှင်းဖို့ ဝင်ပြိုင်ရခြင်းဖြစ်တယ်”ဟု ‌နော်စူစဲန်နာလှလှစိုးက ‌ပြော သည်။

သူမအ‌နေဖြင့် ရန်ကုန်မြို့‌တော်စည်ပင်သာယာ‌ရေး‌ကော်မတီဝင်အဖြစ် ‌ရွေးခံရပါက မြို့‌တော်အတွင်း ‌နေထိုင်သူများ ‌နေ့စဉ် ကြုံ ‌တွေ့ခံစား‌နေရသည့် သွားလာ‌ရေးကြန့်ကြာသည့် ကိစ္စ၊ အ‌ခြေခံကျသည့် မြို့‌တော်သန့်ရှင်းသာယာ‌ရေးနှင့် အများပြည်သူ အပန်း ‌ဖြေအနားယူရန် ‌နေရာများ ပြန်လည်‌ဖော်ထုတ်‌ပေး‌ရေးတို့ အပါအဝင် မြို့‌တော်အတွင်း ‌နေထိုင်သူများထံမှ လိုအပ်ချက်များကို စစ်တမ်း‌ကောက်ယူကာ လုပ်ကိုင်သွားရန်ရှိသည်ဟု ၎င်းက ဆက်‌ပြောသည်။

ရန်ကုန်မြို့‌တော်စည်ပင်သာယာ‌ရေး‌ကော်မတီတွင် အရာရှိအဆင့် တာဝန်ထမ်း‌ဆောင်ခဲ့ဖူးပြီး လက်ရှိ ရန်ကုန် ကရင်နှစ်သစ်ကူး ပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ တွဲဖက်အတွင်း‌ရေးမှူး မန်းဖိုး‌စောက “‌ကော်မတီဝင် လုပ်ရမဲ့‌နေရာက ‌တော်‌တော်ကျယ်ဝန်း တယ်။ ဝင်ပြိုင်ရင်လည်း ပြိုင်ကြည့်‌ပေါ့‌လေ။ ‌ရွေးချယ်ခံရင်လည်း ခံရမယ်။ တာဝန်ထမ်း‌ဆောင်တဲ့အခါမှာ ‌တော်‌တော်ကို ‌အောက်သက်‌ကျေမှရမယ်။ ‌နောက်ပြီး‌တော့ စည်ပင်သာယာရဲ့ လုပ်ထုံးလုပ်နည်း‌တွေကို ‌တော်‌တော်နားလည်ဖို့လိုမယ်”ဟု မှတ် ချက်‌ပေး ‌ပြောဆိုသည်။

၎င်းစည်ပင်‌ကော်မတီအတွက် ကိုယ်စားလှယ်‌လောင်းအမည်စာရင်း တင်သွင်းပါက မှတ်ပုံတင်‌ကြေး ကျပ်သုံးသိန်း‌ပေးရမည်ဖြစ် ပြီး ‌ကော်မတီကို အဖွဲ့ဝင် ၉ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်‌ကြောင်း၊ လူမှု‌ရေး တတ်သိပညာရှင်နှင့် မြို့မိမြို့ဖများထဲမှ ကိုယ်စားလှယ် ၄ဦး ကို စည်ပင်သာယာနယ်နိမိတ်အတွင်း ‌နေထိုင်သည့် မိသားစုများက အိမ်‌ထောင်စုတစ်စုလျှင် မဲတစ်မဲ ‌ပေး‌ရွေးရမည်ဖြစ်‌ကြောင်း၊ မြို့‌တော်ဝန်မှ အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ‌ကော်မတီဝင် ၄ဦးကို တိုက်ရိုက်ခန့်အပ်မည်ဖြစ်‌ကြောင်းနှင့် မြို့‌တော်ဝန်ကိုလည်း အစိုးရ အဖွဲ့မှ ခန့်အပ်မည်ဖြစ်‌ကြောင်း သိရသည်။

လက်ရှိ ‌ကော်မတီဝင်အဖြစ် အ‌ရွေးခံသွားမည့် ‌နော်စူစဲန်နာလှလှစိုးသည် ရန်ကုန်တက္ကသိုလ်၌ မဟာသိပ္ပံ (ဇီဝ‌ဗေဒ) ဘွဲ့ရရှိခဲ့ပြီး အ‌မေရိကန်ပြည်‌ထောင်စုတွင် စီးပွား‌ရေးစီမံခန့်ခွဲမှု မဟာဘွဲ့(MBA) ရရှိခဲ့သူဖြစ်သည်။ ထို့အပြင် ရန်ကုန်အ‌ခြေစိုက် ကရင်အမျိုး သမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်း‌ဆောင်လျှက်ရှိသည်။

အလားတူ အမျိုးသမီးလူမှု‌ရေးအဖွဲ့အစည်း‌ပေါင်း ၃၄ဖွဲ့ဖြင့် ချိတ်ဆက်ထားသည့် အမျိုးသမီးအဖွဲ့အစည်းများကွန်ယက်(WON) တွင် အကြံ‌ပေးအဖြစ် လုပ်ကို်င်‌နေသူဖြစ်ပြီး ယခုစည်ပင်‌ကော်မတီ‌ရွေး‌ကောက်ပွဲတွင် အ‌ရွေးခံရပါက လူမှု‌ရေးလုပ်ငန်းများကို လည်း ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်‌ကြောင်း ‌နော်စူစဲန်နာလှလှစိုးက ‌ပြောဆိုသည်။