Home သတင်း KNU ဘိတ်-ထားဝယ်ခရိုင်တွင် နီပွန်‌ဖောင်‌ဒေးရှင်း လူသားချင်းစာနာမှုဆိုင်ရာ အ‌ထောက်အပံ့‌ပေးအပ်

KNU ဘိတ်-ထားဝယ်ခရိုင်တွင် နီပွန်‌ဖောင်‌ဒေးရှင်း လူသားချင်းစာနာမှုဆိုင်ရာ အ‌ထောက်အပံ့‌ပေးအပ်

2311

‌အောက်တိုဘာ ၅ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

တနသင်္ာရီတိုင်း‌ဒေသကြီးရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်အတွင်း ‌ရေဖြူမြို့နယ်၊ ‌ကျေးဇူး‌တော်ရွာတွင် The Nippon Foundation (နီပွန်‌ဖောင်‌ဒေးရှင်း)က ဆန်အိတ်နှင့် အခြား ပစ္စည်းများကို ပထမဆုံးအကြိမ်အဖြစ် ‌အောက်တိုဘာ ၃ ရက်‌နေ့က သွား‌ရောက်‌ထောက်ပံ့‌ပေးအပ်ခဲ့‌ကြောင်း သိရသည်။

အိမ်‌ထောင်စု (၆၄)စုရှိပြီး လူဦး‌ရေ (၂၅၂) ဦးရှိ‌သော ‌ကျေးဇူး‌တော်ရွာအတွက် နီပွန်‌ဖောင်‌ဒေးရှင်းက ဆန်အိတ် ၂၀ဝ အပါအဝင် စားသုံးဆီ ၁ လီတာရှိသည့် ဆီဗူး (၆၀၀)၊ ဆား၊ ‌နေ‌ရောင်ခြည် စွမ်းအင်သုံး 1set(၄၁ )စုံ၊ ‌ဆေးခြင် ‌ထောင်(၄၁)လုံးတို့ကို လူသားချင်းဆိုင်ရာ အ‌ထောက်အပံ့အဖြစ် ‌ပေးအပ်ခဲ့ခြင်း ဖြစ်‌ကြောင်း သိရသည်။

KNU ဘိတ်-ထားဝယ်ခရိုင်ရှိ ယခင်ပဋိပက္ခဖြစ်ပွားခဲ့‌သော ၎င်းနယ်‌မြေအတွင်းတွင် ‌နေထိုင်‌သော ကရင် တိုင်းရင်းသား‌ကျေးရွာများအတွက် ယခုလို လာ‌ရောက်‌ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု နီပွန်‌ဖောင်‌ဒေးရှင်းက ‌ပြောဆို‌ကြောင်း KNU ဘိတ်-ထားဝယ်ခရိုင် အလုပ်အမှု‌ဆောင်တစ်ဦးဖြစ်သူ ပဒို‌စောတူးရယ်က ပြန်လည်ရှင်းပြသည်။
photo-welcome to peace
“နီပွန်‌ဖောင်‌ဒေးရှင်းက‌နေပြီး‌တော့ ဒီမှာရှိတဲ့ ခရိုင်လူကြီး‌တွေ၊ အစိုးရဘက်က တာဝန်ရှိသူ‌တွေနဲ့ တိုင်ပင်ညှိနှိုင်း ပြီး‌တော့ သူတို့ကိုယ်တိုင် လာလှူတာ ဖြစ်ပါတယ်”ဟု ပဒို‌စောတူးရယ်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထိုသို့ ‌ပေးအပ်ရာတွင် နီပွန်‌ဖောင်‌ဒေးရှင်းမှ စီမံကိန်းမန်‌နေဂျာ တကဲပာီရို အူမဲမူရ(မြန်မာနိုင်ငံ ဆက်ဆံ‌ရေးရုံး)၊ (စီမံချက် မန်‌နေဂျာ)ရှိုးတ နကရစုတို့က KNU ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒို‌စောဘီးလယ်၊ ဆက်ဆံ‌ရေး ရုံးတာဝန်ခံ ပဒိုဝင်းခိုင်၊ တနသင်္ာရီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ‌ဇော်လွင်နှင့် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်‌ရေးမှူး၊ ရဲတပ်ဖွဲ့မှူး စသည့် တာဝန်ရှိပုဂ္ဂိုလ်များကို ‌တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

‌ကျေးဇူး‌တော်‌ကျေးရွာသည် (ထားဝယ်-‌မော်လမြိုင်)ကားလမ်း ထားဝယ်မှ ၃၂မိုင်၊ ၇ဖာလုံ နှမ်းကျဲ‌ကျေးရွာ အ‌ကျော် အ‌ရှေ့ဘက် ၂ မိုင်ခွဲတွင် တည်ရှိပြီး KNU ဘိတ်-ထားဝယ် ခရိုင်၊ တပ်မပာာ(၄) တပ်ရင်း(၁၀) ခွဲ ၁ နယ်‌မြေတွင် ပါဝင်သည့်အတွက် ယခင်က တိုက်ပွဲများ မကြာဖြစ်ပွားခဲ့ဖူး‌သော ‌ကျေးရွာဖြစ်သည်ဟု သိရသည်။

နီပွန်‌ဖောင်‌ဒေးရှင်းသည် ပညာ‌ရေး၊ ကျန်းမာ‌ရေးလုပ်ငန်းများနှင့် စားနပ်ရိက္ခာ စသည်များ အကူအညီ‌ပေး‌လေ့ ရှိပြီး မြန်မာနိုင်ငံတွင် နီပွန်‌ဖောင်‌ဒေးရှင်း၏ ကူညီ‌ထောက်ပံ့‌ပေးမှုလုပ်ငန်း‌ပေါင်း ၄၀‌ကျော်ရှိ‌ကြောင်း သိရသည်။