Home သတင်း KNU တပ်မဟာ(၇) ‌လေးကြိမ်‌မြောက် အ‌ခြေခံစစ်သင်တန်းဆင်းပွဲပြီးစီး

KNU တပ်မဟာ(၇) ‌လေးကြိမ်‌မြောက် အ‌ခြေခံစစ်သင်တန်းဆင်းပွဲပြီးစီး

2548

‌အောက်တိုဘာ ၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင် လက်‌အောက်ခံ ကရင်အမျိုးသားလွတ် ‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ(၇)က ‌လေးကြိမ်‌မြောက် အ‌ခြေခံစစ်သင်တန်းဆင်းပွဲတစ်ရပ်ကို ၎င်းတို့၏ တပ်မဟာ ဌာနချုပ်‌နေရာတွင် ယ‌နေ့ ကျင်းပပြီးစီးခဲ့သည်။

တပ်ရင်းများအလိုက်ရှိ တပ်သားများ၏ အ‌ခြေခံ အရည်အ‌သွေးပြည့်ဝ‌စေရန် ရည်ရွယ်၍ KNLA တပ်သား ၅၅ဦးကို ဇူလိုင် ၇ရက် မှ ‌အောက်တိုဘာ ၇ရက်‌နေ့အထိ သုံးလကြာ အ‌ခြေခံစစ်သင်တန်း‌ပေးခဲ့ပြီးဖြစ်၍ ယခုလို သင်တန်းဆင်းပွဲ ပြုလုပ်ရခြင်းဖြစ် ‌ကြောင်း သင်တန်းဖြစ်‌မြောက်‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး KNLA တပ်မဟာ(၇) ဌာနချုပ်မှ ဗိုလ်ကြီးစဂျွန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီလို သင်တန်းမျိုးကို တနှစ်တခါ ‌ပေး‌နေကျဖြစ်ပါတယ်။ အဓိက က‌တော့ တချို့တပ်ရင်းမှာရှိတဲ့ ရဲ‌ဘော်‌တွေအ‌နေနဲ့ တပ်သား အ‌ဟောင်းဖြစ်‌ပေမယ့် အ‌ခြေခံစစ်သင်တန်း မရ‌သေးတဲ့သူ‌တွေ ရှိတယ်။ အဲဒီအတွက်ကို အဓိက သင်တန်း‌ပေးတာ ဖြစ်တယ်” ဟု ဗိုလ်ကြီးစဂျွန်က ‌ပြောဆိုသည်။

အဆိုပါ အ‌ခြေခံစစ်သင်တန်းတွင် KNLA တပ်မဟာ(၇ ) လက်‌အောက်ခံ အမှတ်(၁၉)၊ (၂၁)၊ (၂၂)၊ (၂၄)နှင့် (၁၀၁) တပ်ရင်း များမှ တပ်သားများ တက်‌ရောက်ခဲ့ကြပြီး သင်တန်းဆရာ ၇ဦးက သင်ကြားပို့ချခဲ့သည်။ သင်တန်းတွင် အ‌ခြေခံစစ်ပညာအပြင် လိုအပ်သည့် အ‌ခြေခံနိုင်ငံ‌ရေးကိုလည်း ထည့်သွင်းပို့ချ‌ကြောင်းနှင့် အပစ်အခတ်ရပ်စဲစဉ် ကာလအတွင်း ငြိမ်းချမ်း‌နေ‌သော် လည်း စစ်သားတိုင်းအတွက် ယခုလို သင်တန်းပြုလုပ်‌ပေးခြင်းအားဖြင့် များစွာ အကျိုးရှိ‌ကြောင်း သင်တန်းသားတစ်ဦးက ယခု လို ‌ပြောသည်။

သင်တန်းသား ‌စော‌နေဘလုမူးက “အခုလို သင်တန်းတက်လိုက်ရ‌တော့ စစ်နဲ့ပတ်သက်တဲ့ စည်းကမ်း‌တွေ၊ ဥပ‌ဒေ‌တွေ၊ အ‌ခြေခံ နိုင်ငံ‌ရေး အသိအမြင်‌တွေ ရသွားတာ‌ပေါ့။ စစ်သားတစ်‌ယောက်အ‌နေနဲ့က‌တော့ စစ်မတိုက်ရလည်း အရည်အ‌သွေး ပြည့်‌အောင် ‌တော့ အမြဲ‌လေ့ကျင့်‌နေရမှာ ဖြစ်တဲ့အတွက် ဒီလိုသင်တန်းမျိုးကို ဆက်လုပ်သွားတာ ‌ကောင်းပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ယ‌နေ့ပြုလုပ်‌သော အ‌ခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားတွင် KNU တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်ဖြူ၊ ဗျူ ဟာမှူး ဗိုလ်မှူးကြီး‌စော‌ဖောဒို၊ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေး၊ ခရိုင်အတွင်း‌ရေးမှူး ပဒို‌စော‌လေး‌တော အပါအဝင် အခြား KNLA စစ်ဖက်ဆိုင်ရာ အရာရှိများနှင့် သင်တန်းသားများ စုစု‌ပေါင်း ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။