Home သတင်း KNLA တပ်သား‌စောတာနိုကို သတ်ခဲ့သည်ဟု ယူဆရသူအား ခရိုင်ရဲတပ်ဖွဲ့သို့ လွှဲ‌ပြောင်းစစ်‌ဆေး‌နေ

KNLA တပ်သား‌စောတာနိုကို သတ်ခဲ့သည်ဟု ယူဆရသူအား ခရိုင်ရဲတပ်ဖွဲ့သို့ လွှဲ‌ပြောင်းစစ်‌ဆေး‌နေ

2033

‌အောက်တိုဘာ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) လက်‌အောက်ခံ တပ်မဟာ(၆) ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNL A)တပ်သား ‌စောတာနိုကို သတ်ခဲ့သူဟု ယူဆရသူတစ်ဦးကို နယ်ခြား‌စောင့်တပ်-BGF တာဝန်ရှိသူများက မြဝတီခရိုင် ရဲတပ်ဖွဲ့ သို့ လွှဲ‌ပြောင်း‌ပေးလိုက်ပြီး စစ်‌ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။

‌အောက်တိုဘာ ၇ရက် ည ၇နာရီအချိန်က ယင်းသို့ လွဲ‌ပြောင်း‌ပေးလိုက်ရာတွင် နယ်ခြား‌စောင့်တပ်အရာရှိများ၊ မြဝတီရှိ ‌ကေအဲန် ယူ တပ်မဟာ(၇) ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စော‌ဇောရိုးနှင့် တပ်မဟာ(၆)မှ ဗိုလ်မှူးရန်နိုင်တို့ ပါဝင်ခဲ့သည်ဟု သိရသည်။

အမည်မ‌ဖော်လိုသူ နယ်ခြား‌စောင့်တပ် အရာရှိတစ်ဦးက “သံသယရှိတဲ့ ငါး‌ယောက်ထဲက နှစ်‌ယောက်ကို ‌ဖော်ထုတ်ရရှိတယ်။ အဲဒီက တစ်‌ယောက်ဖြစ်တဲ့ ချက်ကြီးဆိုတဲ့သူဟာ ကိုယ်ပိုင်နံပါတ်မရှိဘဲ အရံတပ်ဖွဲ့ဝင်တစ်‌ယောက်ဖြစ်‌နေတဲ့အတွက် သက်ဆိုင် တဲ့ အရပ်ဖက်ဥပ‌ဒေနဲ့ အ‌ရေးယူလို့ရ‌အောင် လွှဲ‌ပြောင်း‌ပေးလိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောတာနိုအသတ်ခံမှုနှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သူဟု သံသယရှိသူ BGF အမှတ်(၁၀၂၂)မှ တပ်သာငါးဦးကို သက်ဆိုင်ရာ BGF စုံစမ်း‌ရေး‌ကော်မတီဖွဲ့စည်းကာ စစ်‌ဆေးမှုပြုလုပ်ခဲ့ပြီး‌နောက် တရားဥပ‌ဒေနှင့်အညီ အ‌ရေးယူ ‌ဆောင်ရွက်နိုင်ရန် မြဝတီ ခရိုင် ရဲတပ်ဖွဲ့သို့ လွှဲ‌ပြောင်း‌ပေးလိုက်ခြင်းဖြစ်သည်ဟု အဆိုပါနယ်ခြား‌စောင့်တပ် အရာရှိက ဆက်‌ပြောသည်။

လက်ရှိ လွှဲ‌ပြောင်း‌ပေးခံရသည့် BGF တပ်သားကို တရားစွဲဆိုမှုမရှိ‌သေးဘဲ စစ်‌ဆေး‌နေဆဲဖြစ်ပြီး အကယ်၍ တရားစွဲဆိုမည်ဆိုပါ က ခရိုင်တရားရုံးမှတဆင့် လူသတ်မှု ပြစ်မှုဆိုင်ရာ ဥပ‌ဒေ ပုဒ်မ-၃၀၂ ဖြင့် စွဲဆိုသွားရန်ရှိ‌ကြောင်း မြဝတီမြို့ရှိ အမည်မ‌ဖော်လိုသူ ရဲအရာရှိတစ်ဦးကလည်း ‌ကေအိုင်စီသို့ ယခုလို အတည်ပြု ‌ပြောဆိုသည်။

၎င်းက “စုံစမ်း‌ဖော်ထုတ်ချက်များအရ အရက်မူးပြီး အချင်းချင်း စကားများကာ ပြစ်မှုကျူးလွန်မိ‌ကြောင်း ‌ဖော်ထုတ်ရရှိထားတယ်။ တရားခံလို့ ယူဆရသူနှစ်ဦးအနက် တစ်ဦးဖြစ်သူ ‌စောကုလားက အရက်ကို နှစ်ရှည်လများ ‌သောက်လာတဲ့သူတစ်‌ယောက် ဖြစ် တဲ့အတွက် အချုပ်ခံရတဲ့ ဆယ်ရက်အတွင်းမှာ အရက်နာကျပြီး ‌နေမ‌ကောင်းဖြစ်တာနဲ့ အပြင်ထုတ် ‌ဆေးကုတာမမှီ‌တော့ဘူး။ ဖမ်းဆီးချုပ်‌နှောင်ခံရစဉ်အတွင်းမှာပဲ နာမကျန်းဖြစ်ပြီး ‌သေဆုံးသွားခဲ့တယ်”ဟု ဆိုသည်။

ထို့အပြင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လွှဲ‌ပြောင်း‌ပေးလိုက်သည့် တရားခံဟု ယူဆရသူအား မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ပြီး မည်သို့ အ‌ရေးယူ‌ဆောင်ရွက်‌နေသည်ကို သိရှိနိုင်ရန်အတွက် မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဦး‌အောင်မြင့်ကို ကြိုးစား ဆက်သွယ်‌သော်လည်း ဆက်သွယ်၍ မရခဲ့‌ပေ။

‌သေဆုံးသွားသူ ‌စောတာနိုမှာ စက်တင်ဘာလ ၁ရက်‌နေ့ ည‌နေက မြဝတီမြို့နှင့် ‌မေတ္တာလင်းမြိုင်‌ကျေးရွာအကြား BGF အမှတ် (၁၀၂၂)တပ်ဖွဲ့ဝင်များရှိရာ မင်းခန့်ဂိတ်တွင် အခြားအရပ်သားနှစ်ဦးနှင့်အတူ ဖမ်းဆီးခံရပြီး‌နောက် ‌ပျောက်ဆုံးသွားခဲ့သည်။ ထို့ ‌နောက် စက်တင်ဘာလ ၂၂ ရက်‌နေ့၊ နံနက်၁၁နာရီအချိန်၌ ‌သောင်ရင်းမြစ် သံတံတားအနီးတွင် ‌စောတာနို၏ ရုပ်အ‌လောင်းကို ပြန်လည်‌တွေ့ရှိခဲ့သည်။