Home သတင်း KAF ‌ကော်သူး‌လေတပ်မ‌တော် ပြန်လည်တည်‌ထောင်ခြင်းအ‌ပေါ် ကရင်အမျ်ိုးသမီးအဖွဲ့များ ကြိုဆို

KAF ‌ကော်သူး‌လေတပ်မ‌တော် ပြန်လည်တည်‌ထောင်ခြင်းအ‌ပေါ် ကရင်အမျ်ိုးသမီးအဖွဲ့များ ကြိုဆို

1931

‌အောက်တိုဘာ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသားလက်နက်ကိုင်‌တော်လှန်‌ရေးတပ်ဖွဲ့များ စု‌ပေါင်းပြီး ‌ကော်သူး‌လေတပ်မ‌တော်(KAF) ပြန်လည်ထူ‌ထောင်ခြင်းအ ‌ပေါ် ကြိုဆို‌ထောက်ခံ‌ကြောင်း ‌အောက်တိုဘာလ ၁၉ရက်‌နေ့တွင် ကရင်အမျိုးသမီးအဖွဲ့ ၃ဖွဲ့က ပူးတွဲ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်လိုက်သည်။

ကရင်အမျိုးသမီးအဖွဲ့များဖြစ်သည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)၊ Karen Women Union(KWU) စသည့်အဖွဲ့အစည်းများက KAF ‌ကော်သူး‌လေတပ်မ‌တော် ပြန်လည် ထူ‌ထောင်ခြင်းကို ‌ထောက် ခံသည့် ရည်ရွယ်ချက်ဖြင့် ‌ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်‌ကြောင်း KWU ကို တည်‌ထောင်ခဲ့သူ ‌နော်အုန်းလှက ‌ပြောသည်။

“ကျမတို့ ဒီ‌ကြေညာချက်ထုတ်တာက အထူးသဖြင့် KAF ကို ကျမတို့ ကရင်အမျိုးသမီးအဖွဲ့‌တွေ ‌ထောက်ခံတယ်ဆိုတာ ပြချင် တာ ဖြစ်ပါတယ်”ဟု ‌နော်အုန်းလှက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထို့အပြင် ငြိမ်းချမ်း‌ရေးအတွက် အစိုးရနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးရာတွင် KNU ကို ပြန်လည်အ‌ထောက်အကူပြုရန်၊ KAF အဖွဲ့ဝင်တပ် မ‌တော်စီမံခန့်ခွဲသူများ အတည်ပြုရန်၊ ဥပ‌ဒေ‌ဘောင်အတွင်း လူ့အခွင့်အ‌ရေးမြှင့်တင်ရန်နှင့် ‌လေးစားလိုက်နာရန်၊ အာဏာယူ၍ တစ်ဦးတစ်‌ယောက်၏ ကိုယ်ကျိုးစီးပွားကို မကြည့်ရန်၊ အမျိုးသမီးများအ‌ပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းမဖက်ရန်၊ က‌လေးစစ်သား များစု‌ဆောင်းခြင်း မပြုလုပ်ရန် စသည့်အချက်များကို ၎င်းကရင်အမျိုးသမီးအဖွဲ့များက ‌ကြေညာချက်တွင် အကြံပြု‌တောင်းဆို ထားသည်။

KWO ဥက္ကဌ ‌နော်ဒါးအဲကလယ်က “စည်းလုံး‌နေတဲ့ ကရင်လက်နက်ကိုင်‌တွေရဲ့ စုစည်းမှုကို ကြိုဆိုတယ်။ ‌နောက်ပြီး ဒီလက်နက် ကိုင်‌တွေ သူတို့‌တွေရဲ့ ယုံကြည်ချက်‌တွေကို ပြတ်ပြတ်သားသားဆက်ပြီး အ‌ကောင်အထည်‌ဖေါ်သွားဖို့။ ပြီး‌တော့ ခုလိုစည်းလုံး ခြင်းဟာ ငြိမ်းချမ်းမှုကို ‌ဆောင်ကျဉ်းလာ‌ပေမဲ့ အမှတ်အသားလို့ ယူဆလို့ပါပဲ။ KAF အားသာချက်အချို့ကို ကြိုပြီး‌ပြောမယ်ဆိုရင် ညီညွတ်တယ်။ စည်းလုုံးတယ်ဆိုမှ‌တော့ တူညီတဲ့အမြင်‌တွေကို စုစည်းနိုင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လက်နက်ကိုင်ပြန်လည်‌ပေါင်းစည်းလျှင် စစ်မှန်‌သောငြိမ်းချမ်း‌ရေးအခွင့်အလမ်းကို ပြန်လည်ထူ‌ထောင်နိုင်မည့်အပြင် ကရင်အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုကိုလည်း KAF က ကာကွယ်‌ပေးနိုင်သည်ဟု ယုံကြည်‌ကြောင်း အဆိုပါထုတ်ပြန်ချက် တွင် ‌ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်အ‌ပေါ် Salween Institute for Public Policy ကို တည်‌ထောင်သူ ‌စောကပိကလည်း “ဒီအမျိုးသမီးအဖွဲ့‌တွေ စတိတ်မန့်ကို ကြည့်ခြင်းအားဖြင့် KAF ကို ကရင်လူထုအ‌ခြေပြု အဖွဲ့အစည်း‌တွေကပါ ကြိုဆို‌ထောက်ခံ‌နေပြီဆိုတဲ့သ‌ဘောလို့ မြင်ပါတယ်။ ကရင်လူထုအ‌နေနဲ့ ကရင်လက်နက်ကိုင်အဖွဲ့ ဘယ်လိုပဲ ပူး‌ပေါင်းပူး‌ပေါင်း၊ တစ်နည်းနည်းနဲ့ပူး‌ပေါင်းတာကို ‌တွေ့မြင် ချင်‌နေကြတာကို သိ‌စေလိုတဲ့ဆန္ဒနဲ့ ထုတ်ပြန်တယ်လို့ မြင်ပါတယ်”ဟု သုံးသပ်‌ပြောဆိုသည်။

လက်ရှိ ‌ကော်သူး‌လေတပ်မ‌တော် KAF တွင် ပူး‌ပေါင်းပါဝင်ဖို့ရန် ကရင်အမျိုးသား လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့များဖြစ် သည့် KNLA, KNDO, DKBA, KNU/KNLA-PC အဖွဲ့များမှ ‌အောက်တိုဘာလ ၁၃ရက်‌နေ့တွင် ပြန်လည်ပူး‌ပေါင်းရန် ထုတ်ပြန် ‌ကြေညာချက်တစ်‌စောင်ထုတ်ပြန်ခဲ့သည်။ ‌ကော်သူး‌လေကရင်တပ်မ‌တော်သည် ၁၉၄၉ခုနှစ်ကတည်းက ဖွဲ့စည်းထားခဲ့ဖူးသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။