Home သတင်း KAF ဖွဲ့စည်းခြင်းကို အားလုံးပါဝင်မှုဖြင့် လုပ်‌ဆောင်သွားရန် ဆုံးဖြတ်

KAF ဖွဲ့စည်းခြင်းကို အားလုံးပါဝင်မှုဖြင့် လုပ်‌ဆောင်သွားရန် ဆုံးဖြတ်

2511

‌အောက်တိုဘာ ၃၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်တိုင်းရင်းသား ‌တော်လှန်‌ရေးလက်နက်ကိုင်များဖြင့် စုဖွဲ့ထားသည့် ‌ကော်သူး‌လေတပ်မ‌တော်(KAF) ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအ‌ဝေးတွင် KAF ဖွဲ့စည်းခြင်းကို အားလုံးပါဝင်‌သော လုပ်‌ဆောင်မှုဖြင့် ‌ဆောင်ရွက်သွားရန် ဆုံးဖြတ်လိုက်‌ကြောင်း ‌အောက်တိုဘာ ၃ဝရက်(ယမန်‌နေ့)က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA)ဌာနချုပ် (‌ကော်သူးမွဲခီး)ဆုံဆည်းမြိုင်တွင် ‌အောက်တိုဘာ ၂၉ရက်မှ ၃ဝရက်‌နေ့ အထိ ကျင်းပသည့် ယင်းအစည်းအ‌ဝေးအပြီး ထုတ်ပြန်ချက်တွင် KAF ဖွဲ့စည်းခြင်းကို အားလုံး ပါဝင်‌သော ဦး‌ဆောင်မှုဖြင့် လုပ် ‌ဆောင်ခြင်း၊ တက်‌ရောက်သူ အဖွဲ့အစည်းကိုယ်စားလှယ်များ KAF ဖွဲ့စည်းမှုကို သ‌ဘောတူခြင်းနှင့် KAF သည် ကရင်အမျိုးသား ‌ခေါင်း‌ဆောင်ကြီး ‌စောဘဦးကြီး၏ မူ‌လေးချက်အ‌ပေါ် ရပ်တည်သွားခြင်း အပါအဝင် အချက် ၅ချက် ‌ဖော်ပြပါရှိသည်။

ထုတ်ပြန်‌ကြေညာချက်အ‌ပေါ် KNU ၏ ခွဲထွက်ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်‌ပေါင်းစည်း‌ရေးလုပ်ငန်း‌ကော်မတီ အတွင်း ‌ရေးမှူး ဗိုလ်မှူးကြီး‌စော‌ဖောဒိုက “အခုအစည်းအ‌ဝေးက DKBA က တစ်ဖွဲ့တည်း ဦး‌ဆောင်ပြီး လုပ်‌နေတဲ့ အ‌နေအထားဖြစ်‌နေတဲ့ အတွက် တစ်ခုတည်း သ‌ဘောမဖြစ်ဖို့ ‌နောက်လာမယ့် အဖွဲ့အားလုံး‌တွေ့ဆုံပြီး အစည်းအ‌ဝေးတစ်ရပ်ရှိမှသာလျှင် ဒီလုပ်ငန်းကြီး အ‌ကောင်အထည်‌ဖော်ရာမှာ တစ်ခုတည်းဖြစ်သွားမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် KAF ဖွဲ့စည်းခြင်းကို KNU ၏ တတိယအကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီအစည်းအ‌ဝေးကလည်း မူအရ လက်ခံ ‌ကြောင်း ဆုံးဖြတ်လိုက်သကဲ့သို့ KNU ၏ ဖွဲ့စည်းပုံ၊ နိုင်ငံ‌ရေးလမ်းစဉ်၊ လုပ်ငန်းစဉ်နှင့်အညီ ‌ဆောင်ရွက်နိုင်ရန် လာမည့် ၁၆ကြိမ် ‌မြောက် KNU ကွန်ဂရက်တွင် ဆုံးဖြတ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ အစည်းအ‌ဝေးတွင် KAF ဖွဲ့စည်း‌ရေး သ‌ဘောထားများ၊ ကရင်တပ်မ‌တော်တစ်ရပ်‌အောက်ရှိ တပ်ပိုင်းဆိုင်ရာ စုဖွဲ့မှုပုံစံ သ‌ဘောထားများ၊ နိုင်ငံ‌ရေးဦး‌ဆောင်မှု‌ပေးမည့် ဦး‌ဆောင်အဖွဲ့အစည်း သ‌ဘောထားတို့ကို တစ်ဖွဲ့ချင်းအလိုက် ‌ဆွေး‌နွေးခဲ့ကြ သည်ဟု သိရသည်။

အစည်းအ‌ဝေးတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းများဖြစ်သည့် KNLA၊ KNDO၊ DKBA နှင့် ပြည် တွင်းပြည်ပမှ ကရင်အဖွဲ့ အစည်းများ၊ ‌ဒေသခံကရင်လူထုနှင့် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ‌လေ့လာသူများအဖြစ် UNR Army၊ ၈၈ မျိုးဆက်သစ်ကရင်‌ကျောင်းသားအဖွဲ့၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)၊ ဖလုံစ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၊ ဧရာဝတီ ‌တောင် သူလယ်သမားသမဂ္ဂနှင့် မြန်မာလူမှုဖွံ့ဖြိုးတိုးတက်‌ရေးတို့မှ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၃၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

KAF အတည်ပြုဖွဲ့စည်းသွားမည့်အ‌ပေါ် DKBA ၏ နိုင်ငံ‌ရေးဦး‌ဆောင်မှုအဖွဲ့ဖြစ်သည့် ကလို့ထူး‌ဘော ကရင်အစည်းအရုံး(KKO) အတွင်း‌ရေးမှူး ဗိုလ်မှူး‌စောလုံ့လုံက “အစည်းအ‌ဝေးမှာ တချို့က တပ်ကိစ္စဟာ တပ်ပိုင်းအ‌နေနဲ့ပဲ သွားချင်တဲ့သူရှိတယ်။ ဒါက နိုင်ငံ‌ရေးအပိုင်းနဲ့ မပတ်သက်ချင်တဲ့ သ‌ဘောထား‌တွေလည်း ရှိတယ်။ အဲဒီ‌တော့ အစည်းအ‌ဝေးမှာ ဘယ်လိုဦး‌ဆောင်ဖွဲ့စည်းမှုနဲ့ သွားမလဲဆိုတာ ‌ရှေ့ဆက် ‌ဆွေး‌နွေးသွားမှာပါ”ဟု ‌ပြောသည်။

‌ကော်သူး‌လေတပ်မ‌တော်(KAF)ကို ကရင်လက်နက်ကိုင်‌တော်လှန်‌ရေးတပ်ဖွဲ့ဝင်များဖြစ်သည့် KNLA, KNDO, DKBA နှင့် KNU/ KNLA(PC)တို့က ‌အောက်တိုဘာလ ၁၃ရက်‌နေ့၌ ပြန်လည်ဖွဲ့စည်း‌ကြောင်း ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့ပြီး‌နောက် DKBA ဌာနချုပ်တွင် ယခု အစည်းအ‌ဝေးကို ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။