Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် လူထုပါဝင်မှုအခန်းကဏ္ဍ ငြိမ်း‌ဖောင်‌ဒေးရှင်း ‌ဆွေး‌နွေး

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် လူထုပါဝင်မှုအခန်းကဏ္ဍ ငြိမ်း‌ဖောင်‌ဒေးရှင်း ‌ဆွေး‌နွေး

1768

‌အောက်တိုဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်၊ နန်း‌ချောင်‌ဖော့

လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ ပြည်သူလူထု ပါဝင်မှုအခန်းကဏ္ဍနှင့် ပတ်သက်၍ ကွင်းဆင်း‌လေ့လာရယူထားသည့် အချက်အ လက်များကို သက်ဆိုင်ရာ‌ဒေသခံနှင့် အဖွဲ့အစည်းများအား ပြန်လည်ချပြသည့်အ‌နေဖြင့် ကရင်ပြည်နယ်အ‌ခြေစိုက် ငြိမ်း‌ဖောင် ‌ဒေးရှင်းက ဖားအံမြို့ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်းတွင် ‌အောက်တိုဘာလ ၁ဝရက်မှ ၁၁ရက်‌နေ့အထိ ‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ငြိမ်း‌ဖောင်‌ဒေးရှင်းက ၂၀၁၃ ခုနှစ်မှ စတင်ကာ ကရင်ပြည်နယ်အတွင်း ‌ကျေးရွာအဆင့်အထိ ‌ကောက်ယူထားခဲ့သည့် အချက်အ လက်များကို ဖားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များမှ လွှတ်‌တော်အမတ်များ၊ နိုင်ငံ‌ရေးပါတီများ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ လက် နက်ကိုင်အဖွဲ့အစည်း၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ‌ဒေသခံ ရပ်မိရပ်ဖများ၊ လူငယ်‌ခေါင်း‌ဆောင်များ စုစု‌ပေါင်း ၃၀‌ကျော် အား ယခုလို ပြန်လည်ချပြ‌ဆွေး‌နွေးခြင်းဖြစ်သည်ဟု ငြိမ်း‌ဖောင်‌ဒေးရှင်းက ‌ပြောသည်။

ငြိမ်း‌ဖောင်‌ဒေးရှင်း၏ စီမံကိန်းတာဝန်ခံတစ်ဦးဖြစ်သူ ‌စောထက်‌ဝေယံ‌ကျော်က “ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ‌ဒေသအတွင်း ပြည်သူလူ ထု‌တွေရဲ့ အသံ‌တွေ ခံစားချက်‌တွေကို ‌ဖြေရှင်း‌ပေးနိုင်တဲ့ အာဏာပိုင်တို့၊ လက်နက်ကိုင်အဖွဲ့‌တွေက ဘယ်လိုကိုင်တွယ်‌ဖြေရှင်း ‌ပေးမလဲဆိုတာသိ‌အောင် ရရှိလာတဲ့ အချက်အလက်‌တွေကို ပြန်စု စည်းပြီး‌တော့ ကျ‌နော်တို့ ‌ဆွေး‌နွေးတာပါ။ ‌နောက်ပြီး အစိုးရ နဲ့ လက်နက်ကိုင်အဖွဲ့‌တွေကို ဘယ်လိုပုံစံနဲ့ချဉ်းကပ်မလဲဆိုတာ လုပ်ငန်းအ‌နေနဲ့ လုပ်သွားဖို့ ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆို သည်။

ထို‌ဆွေး‌နွေးပွဲတွင် ငြိမ်း‌ဖောင်‌ဒေးရှင်းက ‌ဒေသခံများထံမှ ကွင်းဆင်း‌လေ့လာပြီး ရရှိလာသည့် အဓိကအချက်များမှာ လက်ရှိငြိမ်း ချမ်း‌ရေးဖြစ်စဉ်တွင် ပြည်သူလူထုပါဝင်မှုအခန်းကဏ္ဍအပြင် တိုင်းရင်းသားများ၏ အ‌ခြေခံအခွင့်အ‌ရေးနှင့် အမျိုးသားတန်းတူ ‌ရေး၊ သဘာဝသယံဇာတ ပိုင်ဆိုင်ခွဲ‌ဝေမှုနှင့် စီးပွား‌ရေးစီမံကိန်းကြီးများ၊ လယ်ယာ‌မြေပြဿနာများ၊ တရားဥပ‌ဒေစိုးမိုးမှု၊ မူးယစ် ‌ဆေးဝါး စသည်တို့ဖြစ်ပြီး ယင်းအ‌ကြောင်းအရာများကို ‌ဆွေး‌နွေးခဲ့‌ကြောင်း သိရှိရသည်။

‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့သူ ‌ဒေသခံ ‌စော‌အောင်‌ကျော်ဦးက “ဒီ‌ဆွေး‌နွေးပွဲမှာ ကျ‌နော် သိလိုက်ရတာက‌တော့ ရှည်လျားတဲ့ ခရီးရှည်ကြီးတစ်ခုကို ဆက်‌လျှောက်ရမယ်ဆိုရင် ‌ခြေတစ်လှမ်းက အ‌ရေးကြီးသလို ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာလည်း ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်ခြင်းဆိုတဲ့ လမ်းစကလည်း အ‌ရေးကြီးပါတယ်။ ဒါ‌ကြောင့်မို့ အဲဒီလမ်းစဆိုတဲ့ အ‌ခြေခံအ‌ကြောင်းရင်းကို ကျ‌နော် တို့ ပြည်သူလူထု‌တွေ သိရှိ‌အောင် ‌ကျေးရွာအစည်းအ‌ဝေးပွဲမှာ အုပ်ချုပ်‌ရေးမှူး‌တွေနဲ့ ‌ဒေသခံပြည်သူ‌တွေကို ပြန်လည်း‌ပြောကြား ဖို့ ရှိတယ်”ဟု ‌ပြောဆိုသည်။

ယခင်လ စက်တင်ဘာလအတွင်းကလည်း ငြိ်မ်းချမ်း‌ရေးဖြစ်စဉ်အတွင်း လူထုပါဝင်မှု အခန်းကဏ္ဍနှင့် ပတ်သက်၍ အလားတူ ‌ဆွေး‌နွေးပွဲတစ်ရပ်ကို ကရင်ပြည်နယ်အ‌ခြေစိုက် ငြိမ်း‌ဖောင်း‌ဒေးရှင်းက ‌ကော့ကရိတ်မြို့၊ ‌တောင်‌ပေါ်‌ကျောင်းဘုန်းကြီး‌ကျောင်း တွင် ပြုလုပ်ခဲ့သည်။