Home သတင်း မြဝတီတွင် ‌လောင်းကစားဂိမ်းစက် ၂၃၅လုုံးကို အာဏာပိုင်က မီးရှို့ဖျက်ဆီး

မြဝတီတွင် ‌လောင်းကစားဂိမ်းစက် ၂၃၅လုုံးကို အာဏာပိုင်က မီးရှို့ဖျက်ဆီး

1800

‌အောက်တိုဘာလ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် မြဝတီမြို့အတွင်း ဖမ်းဆီးရမိ‌သော ‌လောင်းကစားပစ္စည်း(ဂိမ်းစက်)မျိုးစုံ ၂၃၅ခုကို ‌အောက်တိုဘာလ ၂၅ရက် (ယ‌နေ့) မနက်တွင် မြဝတီခရိုင်၊ မြို့နယ်များမှ အရပ်ဘက်၊ ရဲဘက်နှင့် စစ်ဖက်တာဝန်ရှိသူများက အမှတ်(၄)ရပ်ကွက်ရှိ အဓိဋ္ဌာန် ‌အောင်ဘုရားအနီးရှိ ‌ဘောလုံးကွင်း၌ မီးရှို့ဖျက်ဆီးလိုက်‌ကြောင်း သိရသည်။

‌လောင်းကစားစက် မီးရှို့မှုအ‌ပေါ် မြဝတီမြို့ရှိ ရဲအရာရှိတစ်ဦးက “အခုမီးရှို့လိုက်တဲ့ ဂိမ်းစက်‌တွေက ဒီနှစ် ဧပြီလ‌နောက်ပိုင်း ဖမ်း ဆီးရရှိမှု‌တွေပါ။ အရင် ပန်းသီးပုံးတို့ ဘာတို့က သိပ်‌ခေတ်မစား‌တော့ဘူး။ အရင်ကထက်စာရင် ‌လောင်းကစားဂိမ်းစက်‌တွေက မရှိ‌တော့သ‌လောက်ပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၃ခုနှစ် စက်တင်ဘာလ ပထမပတ်မှစ၍ မြဝတီမြို့ရှိ ‌လောင်းကစားရုံများနှင့် ဂိမ်းစက်များကို စီမံချက်ဖြင့် စတင်ကာ ဖမ်းဆီး အ‌ရေးယူမှုများ ပြုလုပ်‌နေပြီး ထိုဂိမ်းစက်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့တွင်ရှိ‌သော ‌လောင်းကစားဂိမ်းစက်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများ အမည်ခံကာ ဖွင့်လှစ်မှုများရှိ‌နေသည့်အပြင် လူသိရှင်ကြား ဖွင့်လှစ်ထား‌သော ‌လောင်းကစားရုံများလည်း ရှိ‌နေ‌သေး‌ကြောင်း မြို့ခံများက ‌ပြောဆို‌နေကြသည်။

“အရင်ကထက်စာရင် အခု‌တော်‌တော် သက်သာသွားတယ်။ ‌နောက်‌တော့မ‌ပြောတတ်ဘူး‌ပေါ့‌နော်။ ထိထိ‌ရောက်‌ရောက် ဖမ်းနိုင် ရင် ‌ကောင်းပါတယ်။ မဟုတ်ရင် က‌လေး‌တွေ တအားပျက်စီးတယ်။ ဖမ်းမိတယ်ကြားရင်လည်း သူ‌ဌေး‌တွေ‌တော့မမိဘူး။ မန်‌နေ ဂျာ‌တွေပဲ မိတာများတယ်”ဟု မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီးသည့် ‌လောင်းကစားဂိမ်းစက်များတွင် ငါးပစ်စက်ဟု‌ခေါ်သည့် ‌လောင်းကစားဂိမ်းစက် အ‌ရေအတွက် မှာ အများဆုံးဖြစ်ပြီး မြဝတီမြို့တွင် ယခုတစ်ကြိမ် အပါအဝင် ‌လောင်းကစားစက် မီးရှို့ဖျက်ဆီးမှုမှာ ၃ကြိမ်‌မြောက်ရှိပြီဖြစ်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ် မတ်လ ၃ရက်‌နေ့ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသည့် အံဂလုံခုံ ၉၂ခုံနှင့် ဂိမ်းပုံး ၁၄ပုံးကို ပထမအ ကြိမ်အဖြစ်လည်း‌ကောင်း၊ ၂၀၁၃ခုနှစ် ‌အောက်တိုဘာလ ၂၄ရက်‌နေ့တွင် ဖမ်းဆီးရမိသည့် ‌လောင်းကစားဂိမ်းစက်အလုံး ၁၉ဝ ‌ကျော်ကို ဒုတိယအကြိမ်အဖြစ်လည်း‌ကောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။