Home သတင်း ပြည်နယ်အုပ်ချုပ်‌ရေး အဆင့်ဆင့်ကို ပြည်သူ‌ရွေးချယ်တင်‌မြှောက်ရန် ကရင်ပြည်သူ့ဖိုရမ်၌ ‌တောင်းဆိုခဲ့

ပြည်နယ်အုပ်ချုပ်‌ရေး အဆင့်ဆင့်ကို ပြည်သူ‌ရွေးချယ်တင်‌မြှောက်ရန် ကရင်ပြည်သူ့ဖိုရမ်၌ ‌တောင်းဆိုခဲ့

1662

‌အောက်တိုဘာ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ပြည်နယ်ဝန်ကြီးနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်‌ရေးမှူးများကို ပြည်သူလူထုမှ ‌ရွေး‌ကောက်တင်‌မြှောက်ထား‌သော ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်များမှတဆင့် ‌ရွေး‌ကောက်တင်‌မြှောက်ရန် ဖားအံမြို့၊ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်း၌ ပထမဦးဆုံးအကြိမ် ပြု လုပ်သည့် ကရင်ပြည်သူ့ဖိုရမ်တွင် ‌တောင်းဆိုခဲ့သည်။

‌အောက်တိုဘာ ၁၇ရက်မှ ၁၈ရက်‌နေ့အထိ မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့က ဦး‌ဆောင်၍ ပြုလုပ်ခဲ့‌သော ယင်းကရင်ပြည်သူ့ဖို ရမ်မှ ရရှိလာ‌သော အချက်အလက်များကို ‌ကြေညာချက်ထုတ်ပြန်ရာတွင် ထိုသို့ ‌တောင်းဆိုထားခြင်းဖြစ်ပြီး ပြည်သူ့ဖိုရမ်ကို ကျင်းပခြင်းအားဖြင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ပြည်နယ်အစိုးရကို တိုက်ရိုက်ထိ‌တွေ့မှုရှိသည့် အတွက်‌ကြောင့် များစွာ အကျိုး‌ကျေးဇူးရှိသည်ဟု ‌စော‌ကျော်စွာက ‌ပြောသည်။

ကရင်ပြည်သူ့ဖိုရမ်ဖြစ်‌မြောက်‌ရေး ဦး‌ဆောင်သူ ‌စော‌ကျော်စွာက “ဒီကရင်ပြည်နယ်မှာလုပ်တဲ့ ပြည်သူ့ဖိုရမ်မှာ ငြိမ်းချမ်း‌ရေးရယ်၊ ဖွံ့ဖြိုး‌ရေးရယ်၊ တရားမျှတမှုနဲ့ လူ့အခွင့်အ‌ရေး၊ ဒီမိုက‌ရေစီ‌ဖော်‌ဆောင်‌ရေး အ‌ကြောင်းအရာ‌လေးခု ‌ဆွေး‌နွေးတယ်။ ဒီအထဲ ဒီမို က‌ရေစီအ‌ရေးမှာ ‌နောက်လာမယ့်အချိန်ကျရင် မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်‌ရေး၊ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်သူက‌နေ ‌ရွေးချယ်တင် ‌မြှောက်ဖို့ ကျ‌နော်တို့ ‌တောင်းဆိုတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်သူ့ဖိုရမ်တွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ခရိုင်အဆင့်ရှိသူ ‌ခေါင်း‌ဆောင်အချို့ အပါအဝင် ကရင်ပြည် နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း၊ နယ်စပ်‌ရေးရာလုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်နှင့် အစိုးရဌာနဆိုင်ရာများ၊ ကရင်ပြည်နယ်အ ‌ခြေစိုက် လူမှုအဖွဲ့အစည်းများ၊ ဖားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ သံ‌တောင်၊ ဖာပွန်၊ မြဝတီ၊ ‌ကော့ကရိတ်မြို့နယ်တို့မှ ကိုယ်စား လှယ်များ စုစု‌ပေါင်း ၂၀၀‌ကျော် တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။

မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့၏ အမှု‌ဆောင် ဒါရိုက်တာ ဦး‌ကျော်လင်းဦးက “ကျ‌နော်တို့ ဒီလိုပြည်သူ့ဖိုရမ်‌တွေလုပ်တဲ့အခါမှာ ပြည်နယ်ထဲမှာရှိတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း‌တွေရဲ့ အသံ‌တွေ အမြင်‌တွေ သ‌ဘောထား‌တွေအားလုံးကို ဒီ‌နေရာမှာ စုစည်း တယ်။ စုစည်းလို့ရတဲ့ အမြင်သ‌ဘောထား‌တွေကို ပြည်နယ်အစိုးရ ပြည်နယ်လွှတ်‌တော်ကို ကျ‌နော်တို့က ‌ပေးပါတယ်။ ပြည်သူ လူထု၊ အရပ်ဖက် လူမှုအဖွဲ့အစည်း‌တွေနဲ့ ပြည်နယ်အစိုးရ‌တွေ ပြည်သူလွှတ်‌တော်‌တွေကြားထဲမှာ ‌ပေါင်းကူး‌ပေး‌စေချင်တဲ့ သ‌ဘောဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က ရန်ကုန်တွင် မြန်မာပြည်သူ့ဖိုရမ်ကို ကျင်းပပြီး ယင်းဖိုရမ်တက်‌ရောက်ခဲ့သည့် အရပ်ဖက်လူမှုအဖွဲ့အ စည်းများက အကြံပြုတင်ပြချက်များကို ‌ဆွေး‌နွေးကာ နိုင်ငံ‌တော်အစိုးရ သမ္မတဆီသို့ ‌ပေးပို့ခဲ့သလို ၂၀၁၄ခုနှစ်တွင် ပြည်သူ့ဖိုရမ် ကို ပြည်နယ်အဆင့်၊ တိုင်း‌ဒေသကြီးအဆင့်ထိ ကျင်းပမည်ဟု အစီအစဉ် ‌ရေးဆွဲထားသည့်အတွက် ယခုလို ကျင်းပရခြင်းဖြစ် ‌ကြောင်း ဦး‌ကျော်လင်းဦးက ‌ပြောသည်။

မြန်မာပြည်သူ့ဖိုရမ်မှ ဦး‌ဆောင်၍ ပြည်နယ်အဆင့် ပြည်သူ့ဖိုရမ်ကို ဇွန်လအတွင်းက မွန်ပြည်နယ်တွင် ကျင်းပခဲ့ပြီး‌နောက် ယခု ကရင်ပြည်နယ်တွင် ကျင်းပခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလတွင် ကယားပြည်နယ်နှင့် ဒီဇင်ဘာလတွင် မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၄ ပြည်သူ့ဖိုရမ်ကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။

၂၀၁၄ခုနှစ်တွင် အာဆီယံ အရပ်ဖက် လူမှုအဖွဲ့အစည်းများ ညီလာခံနှင့် အာဆီယံပြည်သူ့ဖိုရမ် ကျင်းပနိုင်ရန် မြန်မာအရပ်ဖက် အဖွဲ့အစည်းများမှ အစည်းအ‌ဝေးများ အကြိမ်ကြိမ်ကျင်းပခဲ့ပြီး‌နောက် မြန်မာပြည်သူ့ဖိုရမ်ကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလတွင် စတင် ဖွဲ့စည်းတည်‌ထောင်ခဲ့သည်။