Home သတင်း ပြည်နယ်အစိုးရက ဖားအံစက်မှုဇုန်ရှိ လယ်ယာ‌မြေပိုင်ရှင်များအား နစ်နာ‌ကြေး စီစဉ်‌ပေးမည်ဟုဆို

ပြည်နယ်အစိုးရက ဖားအံစက်မှုဇုန်ရှိ လယ်ယာ‌မြေပိုင်ရှင်များအား နစ်နာ‌ကြေး စီစဉ်‌ပေးမည်ဟုဆို

1795

‌အောက်တိုဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံစက်မှုဇုန်တည်‌ဆောက်ရာတွင် ပါဝင်သွား‌သော လယ်ယာ‌မြေများ၏ ပိုင်ရှင်လယ်သမားများ နစ်နာမှုမရှိ ‌စေရန် ပြည်နယ်အစိုးရအ‌နေဖြင့် စီစဉ်လုပ်‌ဆောင်‌ပေးမည်ဟု ကရင်ပြည်နယ် စက်မှုနှင့်လျှပ်စစ်စွမ်းအင်ဝန်ကြီး ‌စောကြည်လင်း က ‌ကေအိုင်စီသို့ ‌ပြောသည်။

“စက်မှုဇုန်မှာ ပါဝင်သွားတဲ့ လယ်ယာ‌မြေ‌တွေအတွက် ပြန်စဉ်းစား‌ပေးရမယ်။ လယ်‌မြေ‌တွေကို စက်မှုဇုန်တည်‌ဆောက်ဖို့ အကွက်‌တွေကွက်ပြီး စက်ရုံ‌ဆောက်မယ်။ ဒီ‌တော့ လယ်သမား‌တွေ နစ်နာမှုမရှိရ‌လေ‌အောင် ကျ‌နော်တို့ စက်မှုဇုန်‌ကော်မတီနဲ့ အစိုးရတို့ ပြန်လည် လုပ်‌ဆောင်‌ပေးမယ်”ဟု ဝန်ကြီး‌စောကြည်လင်းက စက်တင်ဘာ ၂၇ရက်‌နေ့က ‌ပြောဆိုသည်။

ထိုသို့ လုပ်‌ဆောင်ရာတွင် ‌ဒေသခံ လယ်သမားများနှင့် အချိန်ယူ ညှိနှိုင်းကာ လယ်ယာ‌မြေများ၏ ကာလတန်ဖိုးအ‌ပေါ် မူတည်၍ နစ်နာ‌ကြေး‌ပေးသွားရန်ရှိသည်ဟု ဝန်ကြီး‌စောကြည်လင်းက ဆက်‌ပြောသည်။

ဖားအံစက်မှုဇုန်အတွင်း ပါဝင်‌သော ‌ဒေသခံ လယ်ယာ‌မြေ စုစု‌ပေါင်းမှာ ၆၅ဧကရှိပြီး ဘိုးဘွားလက်ထက်က ပိုင်ဆိုင်လာခဲ့သည့် မူလပိုင်ရှင်လယ်သမား ၁ဝဦး‌ကျော်ရှိကာ ယခု‌မြေကိစ္စအ‌ပေါ် ‌ဖြေရှင်း‌ပေးရန် သက်ဆိုင်ရာ အစိုးရဌာနထံသို့ အကြိမ်ကြိမ်စာတင် ခဲ့သည်ဟု ကိုယ်တိုင်လယ်‌မြေဆုံးရှုံးခဲ့သူ လယ်သမား ‌စော‌မောင်ဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စော‌မောင်ဝင်းက “အခုကိစ္စနဲ့ ပတ်သက်ပြီး ကျ‌နော်တို့ ‌ဒေသခံလယ်သမား‌တွေ ပြည်သူ့လွှတ်‌တော်နဲ့ ပြည်နယ်အစိုးရ‌တွေကို ၆ကြိမ်‌လောက် အထက်ကို စာတင်ထားတယ်။ ဘာမှမထူးခြား‌သေးဘူး။ အထက်လူကြီး‌တွေက ကျ‌နော်တို့ထက် ပိုနားလည်ပါ တယ်။ လူကြီး‌တွေကို ‌ပြောချင်တာက‌တော့ လယ်သမားများကို ငဲ့ညာပါလို့ ‌ပြောချင်ပါတယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ်တွင် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကျင်းပပြီး အစိုးရသစ်တက်လာသည့်‌နောက်ပိုင်း ဖားအံစက်မှုဇုန်ကို ဖားအံမြို့နှင့် ၇မိုင် ကွာ‌ဝေး‌သော ဖားအံ-လှိုင်းဘွဲသွားရာ ကားလမ်းနံ‌ဘေးရှိ ‌မြေလွတ်‌မြေရိုင်းများကို စီမံကိန်းချမှတ်လုပ်‌ဆောင်ခဲ့ရာတွင် ‌ဒေသခံ လယ်သမားများ၏ ‌မြေယာအချို့လည်း စီမံကိန်းနယ်‌မြေအတွင်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိ ဖားအံစက်မှုဇုန်တွင် UMH အထည်ချုပ်စက်၊ မြလင်းသစ်အ‌ချောထည်စက်ရုံ၊ စက်ဘီးတပ်ဆင်‌ရေးစက်ရုံ၊ ဖ‌ယောင်း တိုင်စက်ရုံနှင့် ပလပ်စတစ်စက်ရုံ စသည်တို့အပြင် အခြားစက်ရုံအချို့များလည်း လည်ပတ်လုပ်‌ဆောင်‌နေကြပြီဖြစ်သည်။ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လတွင် စတင် တည်‌ဆောက်ခဲ့သည့် ၎င်းစက်မှုဇုန်၏ အကျယ်အဝန်းမှာ စုစု‌ပေါင်းဧက တစ်‌ထောင်‌ကျော်ရှိပြီး ဇုန် (၁)မှ ဇုန်(၄)အထိရှိ‌ကြောင်း ပြည်နယ်အစိုးရ၏ မှတ်တမ်းအရ သိရသည်။