Home သတင်း ပြည်နယ်လွှတ်‌တော် ဒဿမပုံမှန်အစည်းအ‌ဝေးတွင် ယဉ်‌ကျေးမှုဥပ‌ဒေမူကြမ်း အဆိုတင်သွင်းမည်

ပြည်နယ်လွှတ်‌တော် ဒဿမပုံမှန်အစည်းအ‌ဝေးတွင် ယဉ်‌ကျေးမှုဥပ‌ဒေမူကြမ်း အဆိုတင်သွင်းမည်

1735

‌အောက်တိုဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၌ လာမည့် ပြည်နယ်လွှတ်‌တော် ပထမအကြိမ် ဒဿမပုံမှန်အစည်းအ‌ဝေးအတွင်း ကရင်ပြည်နယ်ယဉ်‌ကျေးမှု အ‌မွေအနှစ်များ ထိန်းသိမ်း‌ရေး ဥပ‌ဒေမူကြမ်းကို တင်သွင်းသွားမည်ဟု ပြည်နယ်လွှတ်‌တော်အမတ် ‌စောမင်း‌အောင်လင်းက ‌အောက်တိုဘာ ၁ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖွံ့ဖြိုး‌ရေးလုပ်ငန်းများလုပ်‌ဆောင်ရာတွင်လည်း‌ကောင်း၊ ဟိုတယ်မိုတယ်အ‌ဆောက်အဦးများ ‌ဆောက်လုပ်ရာတွင်လည်း‌ကောင်း၊ စက်ရုံအလုပ်ရုံများ တည်‌ဆောက်ရာတွင် ယဉ်‌ကျေးမှုအ‌မွေအနစ်များ ထိခိုက်မှု မရှိ‌စေရန် ရည်ရွယ်၍ လက်ရှိတင်သွင်းမည့် ဥပ ‌ဒေကို စု‌ပေါင်း‌ရေးဆွဲရာ ပြီးလုနီးပြီဖြစ်သည်ဟု သူက ယခုကဲ့သို့ ‌ပြောသည်။

“ပြည်နယ်အစိုးရ၊ ဝန်ကြီးများ၊ ဆိုင်ရာ‌ကော်မတီများ ဖွံ့ဖြိုး‌ရေးလုပ်‌ဆောင်ရာမှာ ပြည်သူလူထု သတ်မှတ်ထားတဲ့ ယဉ်‌ကျေးမှု အ‌မွေအနစ်များကို မထိခိုက်‌အောင် ဌာနဆိုင်ရာများနဲ့ ပြည်သူများက ကာကွယ်ရမယ်။ ဒီဥပ‌ဒေအတည်ပြုနိုင်ခြင်းအားဖြင့် ပြည် နယ်နဲ့ လူမျိုးအတွက် အကျိုး‌ကျေးဇူး အများအပြားရှိတယ်”ဟု ‌စောမင်း‌အောင်လင်းက ‌ပြောဆိုသည်။

လာမည့် ပြည်နယ်လွှတ်‌တော် ပထမအကြိမ် ဒဿမပုံမှန်အစည်းအ‌ဝေးတွင် ထိုဥပ‌ဒေမူကြမ်း တင်သွင်းနိုင်‌ရေးအတွက် လက်ရှိ သက်ဆိုင်ရာဥပ‌ဒေပညာရှင်များနှင့် စု‌ပေါင်း‌ရေးဆွဲလျှက်ရှိပြီး အခန်းကဏ္ဍ‌ပေါင်း ၁၂ခန်း ထည့်သွင်းထားသည်ဟု သိရသည်။

၎င်းဥပ‌ဒေမူကြမ်း အဆိုတင်သွင်းမည့်ကိစ္စကို ပြည်သူလူထုတစ်ဦးအ‌နေဖြင့် ကြိုဆို‌ထောက်ခံပြီး ကရင်ပြည်နယ်အတွင်းသာမက အခြားပြည်နယ်နှင့် တိုင်း‌ဒေသကြီးများ၌လည်း ရှိသင့်သည်ဟု ကရင်ပြည်နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌စော‌အေးမြက ယခုလို ‌ပြောသည်။

‌စော‌အေးမြက “ဒီဥပ‌ဒေတင်မယ့်အတွက် ကြိုဆို‌ထောက်ခံတယ်။ အခြားပြည်နယ်နဲ့ တိုင်း‌တွေလည်း ရှိသင့်တယ်။ ဒါ‌ပေမယ့် အဆိုတင်မယ့် ဥပ‌ဒေမူကြမ်းကို‌တော့ မဖတ်ကြည့်ရဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်လွှတ်‌တော် ပထမအကြိမ် နဝမပုံမှန်အစည်းအ‌ဝေးကို စက်တင်ဘာ ၄ရက်‌နေ့မှစ၍ သုံးရက်ကြာ ကျင်းပခဲ့ပြီး အဆိုပါယဉ်‌ကျေးမှု ဥပ‌ဒေမူကြမ်းကို ပြည်နယ်လွှတ်‌တော်စတင်လာကတည်းက ထိုနဝမပုံမှန်အစည်းအ‌ဝေးအထိ အဆိုတင် သွင်းခဲ့သည်။ သို့‌သော်လည်း အတည်ပြုထားသည့် ဥပ‌ဒေ မူကြမ်း ၇ခုရှိသည့်အနက် နည်းဥပ‌ဒေကို မူတစ်ခုသာ အတည်ပြုနိုင် ခဲ့‌ကြောင်း ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များက ဆိုသည်။

ကရင်ပြည်နယ်လွှတ်‌တော် ပထမအကြိမ် ပုံမှန်အစည်းအ‌ဝေးကို သုံးလ သို့မဟုတ် ‌လေးလအကြာတွင် ပုံမှန် ပြုလုပ်‌လေ့ရှိ ‌ကြောင်း သိရသည်။