Home တွေ့ဆုံမေးမြန်းခန်း ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ‌စောကြည်လင်းအား ‌ကေအိုင်စီ သတင်း‌ထောက် ‌စောညွှန့်‌သောင်းက ‌တွေ့ဆုံ‌မေးမြန်းခြင်း

ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ‌စောကြည်လင်းအား ‌ကေအိုင်စီ သတင်း‌ထောက် ‌စောညွှန့်‌သောင်းက ‌တွေ့ဆုံ‌မေးမြန်းခြင်း

2194

‌အောက်တိုဘာ ၁၁ရက်၊ ၂၀၁၄ခုနှစ်။

‌မေး။ ။ ဖားအံစက်မှုဇုန် ဘယ်အချိန်က စတင်တည်‌ဆောက်ပါသလဲ။
‌ဖြေ။ ။ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲပြီး အစိုးရသစ်တက်လာပြီး‌နောက်ပိုင်း ၂၀၁၁ခုနှစ်၊ ဩဂုတ်လမှာ စတင်တည်‌ဆောာက်ပါ တယ်။ ဖားအံမြို့နဲ့ ၇မိုင်‌ဝေးတဲ့ ဖားအံ-လှိုင်းဘွဲကားလမ်းမ‌ဘေးမှာရှိတဲ့ အရင်က စက်မှုဝန်ကြီးဌာနက ပိုင်တဲ့ ရာဘာခြံ‌နေရာ‌ပေါ့။ အဲဒီ‌နေရာကို ‌တောင်းပြီး‌တော့ ပထမဦးဆုံး ဖားအံစက်မှုဇုန်အဖြစ် တည်‌ထောင်ဖြစ်ခဲ့တာပါ။

‌မေး။ ။ စက်မှုဇုန်ရဲ့ စုစု‌ပေါင်းအကျယ်အဝန်း ဘယ်‌လောက်ရှိပါသလဲ။
‌ဖြေ။ ။ စုစု‌ပေါင်း ဧက ၁‌ထောင်‌ကျော်ရှိပါတယ်။ ဒါက‌တော့ ဖားအံ‌မြေစာရင်းဌာန အဆိုအရ‌ပေါ့။ ဇုန်‌နေရာ‌ပေါင်း ၄ခု ရှိပါ တယ်။ ဇုန်(၁)မှ ဇုန်(၄)အထိ ရှိပါတယ်။ ၂ဧကအကွက်နှင့် ‌ပေ ၈ဝပတ်လည်တို့ဖြစ်တယ်။

‌မေး။ ။ စတင်တည်‌ဆောက်တဲ့အခါ ၆လအတွင်း အပြီးသတ် လုပ်ရမယ်လို့‌တော့ သိရတယ်။ အခုထိ ကြန့်ကြာရတဲ့ အ‌ကြောင်းရင်းက ဘာ‌တွေပါလဲ။
‌ဖြေ။ ။ ၆လအတွင်း ‌ပြောထား‌ပေမယ့်လည်း အမှန်‌တော့ အမြန်ဆုံး ပြီးချင်လို့ပါ။ လွှတ်‌တော်မှာလည်း ကတိကဝတ်ရခဲ့ပါ တယ်။ အမြန်ဆုံးပြီး‌အောင်လို့‌တော့ လုပ်မယ်။ ဒါ‌ပေမယ့် အ‌ခြေအ‌နေအမျိုးမျိုး‌ပေါ့‌နော်။ စက်မှုဇုန်တစ်ခုကို ၆လအတွင်း ပြီးဆုံး တယ်ဆိုတာ‌တော့ ထုံးစံ မရှိပါဘူး။ ဥပမာအားဖြင့် သုံးနှစ်၊ ‌လေးနှစ်‌လောက်မှပဲ လုပ်ရမယ့်အ‌နေအထားပါ။ ‌မြေရှင်းတဲ့အလုပ် ‌တွေ၊ လမ်း‌တွေ၊ တံတား‌တွေ၊ ဓါတ်တိုင်‌တွေကို လုပ်ခဲ့တာ တနှစ်‌ကျော်နီးပါး‌လောက် လုပ်ခဲ့ပါတယ်။ အခုက‌တော့ အားလုံး ပြီးစီးပါပြီ။ စက်ရုံ‌မြေ‌နေရာ‌တွေကိုလည်း ပြည်နယ်အစိုးရကပဲ အကွက်ချပြီး ‌ရောင်းချခဲ့ပါတယ်။

‌မေး။ ။ အခုလက်ရှိမှာ စက်ရုံတစ်ရုံ၊ နှစ်ရုံသာ လည်ပတ်နိုင်တာ‌တွေ့ရတယ်။ အားလုံးလည်း စက်ရုံအလုပ်ရုံ‌တွေ မတည် ‌ဆောက်‌သေးဘူး၊ မလည်ပတ်နိုင်‌သေးဘူး။ ဘာ‌ကြောင့်ပါလဲ။
‌ဖြေ။ ။ ‌ပြောရရင်‌တော့ နည်းနည်းရှည်မယ်။ စက်ရုံမှာ ဇုန်(၄)ခုပါတယ်။ ဇုန် ၁နဲ့ ၃အထိ ၂ဧကအကွက် ဖြစ်တယ်။ တချို့အ ကွက်‌တွေကျ‌တော့ ၃ဧကအထိလည်း ရှိပါတယ်။ ဇုန် ၄က‌တော့ ‌ပေ ၈ဝပတ်လည် ဖြစ်တယ်။ ဇုန် ၁ဆိုလို့ရှိရင် နိုင်ငံခြားက လာ ‌ရောက်ရင်းနှီးမြှုပ်နှံမှုအတွက် ဇုန်‌ပေါ့‌နော်။ ဇုန် ၂ဆို‌တော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်တွင်းလုပ်ငန်းရှင်‌တွေအတွက် ထား‌ပေး တယ်။ ဇုန် ၃ဆိုလို့ရှိရင် ကရင်ပြည်နယ်မှာရှိတဲ့ ငြိမ်းချမ်း‌ရေးအဖွဲ့အစည်း‌တွေ၊ ‌ဒေသခံဖြစ်တဲ့ စက်မှုလုပ်ငန်းရှင်‌တွေ လုပ်နိုင်ဖို့အ တွက် ကျ‌နော်တို့ လျာထား‌ပေးတယ်။ ဇုန် ၄က‌တော့ အ‌သေးစား စက်မှုလက်မှုလုပ်ငန်းရှင်‌တွေအတွက် ဖြစ်ပါတယ်။ ‌ပြောရရင် ‌တော့ စက်မှုဇုန်တစ်ခုဖြစ်ဖို့ ‌မြေ‌နေရာ၊ အ‌ဆောက်အဦး၊ လမ်း၊ မီး၊ ‌ရေ‌တွေ လိုအပ်တယ်။ မီးဆိုရင်လည်း ချက်ချင်း လက်ငင်းမ ‌ရောက်လာဘူး။ လွန်ခဲ့တဲ့ ဩဂုတ် ၁၄‌လောက်မှာပဲ အခက်အခဲ‌တွေ ‌ကျော်ဖြတ်ပြီး‌တော့ ‌ရောက်လာရတဲ့ အ‌နေအထားဖြစ် တယ်။ ‌ရေကလည်း တချို့က အဝီစိတူးပြီး မရတဲ့သူလည်း ရှိပါတယ်။ ‌ရေရဖို့ ဆည်‌တွေ‌ဆောက်ပြီး ဆည်‌တွေ ၄ခု‌လောက် ကျ‌နော်တို့ ကြံ‌ဆောင်ခဲ့ပါတယ်။ ‌နောက်ဆုံး သံလွင်မြစ်နဲ့ သိပ်မ‌ဝေးဘူးဆို‌တော့ ‌ရေ‌တော့ မခက်ခဲဘူး။ ကျ‌နော်တို့ စက်မှုဇုန် ကြီးကြပ်‌ရေး‌ကော်မတီနဲ့ လုပ်ငန်းရှင်‌တွေ သ‌ဘောတူညီချက်‌တွေ လက်မှတ်ထိုးကြပါတယ်။ ဘယ်အချိန်ဆိုရင် အပြီးလုပ် ‌ဆောင်ရမယ်ဆိုတာ‌ပေါ့။ ဒါ‌ပေမယ့် သူတို့က မလိုက်ကြဘူးဆို‌တော့ အခုထိ ကြန့်ကြာမှု‌တွေ ဖြစ်‌ပေါ်လာတယ်။ ကျ‌နော်တို့ လည်း အတတ်နိုင်ဆုံး‌တော့ တွန်းအား‌ပေး‌နေပါတယ်။

‌မေး။ ။ ဖားအံစက်မှုဇုန်မှာ မီး၊ ‌ရေ‌တွေလည်း ဝန်ကြီး‌ပြောသလို ရ‌နေပြီ‌ပေါ့‌နော်။ ဒါ‌ပေမယ့် ဘာ‌ကြောင့် လုပ်ငန်း‌တွေ လာ ‌ရောက်မတည်‌ဆောက်ကြရ‌သေးတာလဲ။
‌ဖြေ။ ။ အခု‌မြေ‌တွေယူထားကြတဲ့ လူ‌တွေက အများအားဖြင့်‌တော့ လုပ်ငန်းရှင်‌တွေများကြပါတယ်။ ဒီဖားအံစက်မှုဇုန်က မြန် မာနိုင်ငံမှာ ၁၉ခု‌မြောက်ပါ။ စက်မှုဇုန်စာရင်းထဲလည်း ဝင်သွားပါပြီး။ အခြားစက်မှုဇုန် ၁၈ခုမှာလည်း အလားတူ အဲဒီပြဿနာ ရှိ ကြပါတယ်။ ရန်ကုန်လို‌နေရာ‌တောင်မှ အခုထိ ‌မြေ‌တွေကိုပဲ ယူထားပြီး‌တော့ ဘာမှ မလုပ်ရ‌သေးတဲ့ ‌နေရာ‌တွေလည်း ရှိ‌ကောင်း ရှိပါလိမ့်မယ်။ ရှိတယ်လို့လည်း သိကြပါတယ်။ အချို့လည်း ‌မြေဦးတဲ့ ပုံစံမျိုးလည်း ရှိကြပါတယ်။ ကျ‌နော်တို့ စီမံခန့်ခွဲအဖွဲ့အ‌နေနဲ့ အဲဒီလိုမဖြစ်ရ‌အောင် လုပ်သွားရမယ့် အ‌နေအထားရှိတာ‌ပေါ့။

‌မေး။ ။ ‌နောက်တစ်ခုက ဝန်ကြီးတို့ရဲ့ စက်မှုဇုန်အတွင်းမှာ ‌ဒေသခံရဲ့ လယ်ယာ‌မြေ‌တွေလည်း ပါဝင်သွားတယ်။ အဲဒီကိစ္စကို ဝန်ကြီးတို့ ဘယ်လိုမျိုး ‌ဖြေရှင်းဖို့ ရှိပါသလဲ။
‌ဖြေ။ ။ ဟုတ်တယ်။ ကျ‌နော် စက်မှုဇုန်‌နေရာ ‌ဖေါ်လိုက်တဲ့အခါ အမှန်‌တော့ ‌တောရိုင်း‌မြေလွတ်‌မြေရိုင်း‌တွေပါပဲ။ ‌မြေလွတ်‌မြေ ရိုင်း‌တွေကြားမှာ လယ်‌မြေ‌တွေလည်း ရှိ‌နေပါတယ်။ အဲဒီလယ်‌မြေ‌တွေမှာလည်း လက်ငုတ်လက်ရင်း လုပ်ကိုင်‌နေတဲ့ လယ်သ မား‌တွေလည်း ရှိ‌နေ‌သေးပါတယ်။ ဒီ‌မြေရဲ့ရာဇာဝင်က ‌ရှေးပ‌ဝေသဏီ‌တော့ ဘယ်လိုရှိသလဲဆိုတာ ကျ‌နော်မသိဘူး။ ကျ‌နော် မှတ်မှတ်ရရ သိလိုက်ရတာ‌တော့ အရင်ပါတီ‌ကောင်စီ‌ခေတ်တုန်းက ဒီ‌မြေကို ပြည်သူ့လုပ်အားချထား‌ရေးအဖွဲ့(ပ.လ.ဖ)က ရာဘာခြံစိုက်ခဲ့ပါတယ်။ ပ.လ.ဖ သိမ်းတဲ့ အခါ ဒီလယ်‌မြေ‌တွေ ပါသွားပါလိမ့်မယ်။ ‌နောက်ပိုင်း အဲဒီလယ်‌မြေ‌တွေ ရာဘာ မဖြစ် ထွန်းဘူးဆို‌တော့ နဂို လယ်သမား‌တွေက အစိုးရဆီ ပြန်‌တောင်းပြန်လုပ်‌တော့ အစိုးရလည်း သီးစားပြန်ချတယ်။ ဒါ‌ကြောင့် အဲဒီလယ်‌မြေ‌တွေတချို့‌ပြေစာ‌တွေဆိုရင် (ပ.လ.ဖ)လို့ ‌ရေးထားတယ်။ အဲဒီလယ်သမား‌တွေက‌တော့ လက်ငုတ်လက်ရင်း လုပ် ကိုင်ခဲ့တဲ့သူ‌တွေပါ။ ကျ‌နော်တို့လည်း ပြန်စိစစ်ပါတယ်။ အ‌ယောက် ၁၀‌ကျော်‌တော့ ရှိပါတယ်။ အားလုံးအတိအကျ‌တော့ မမှတ်မိ ‌တော့ဘူး။ အမှန်တကယ် လက်ငုတ်လက်ရင်း လုပ်ကိုင်ခဲ့တယ်ဆိုရင် ကျ‌နော်လည်း အဲဒီလယ်သမား‌တွေကို မနစ်နာ‌အောင် လုပ်‌ဆောင်‌ပေးပါမယ်။ အစိုးရအဖွဲ့က ဒါ‌တွေကို ‌ဖြေရှင်း‌ပေးဖို့ တာဝန်ရှိပါတယ်။
DSC00711
‌မေး။ ။ ဒီစက်မှုဇုန် တည်‌ဆောက်ရတဲ့ အဓိက ရည်ရွယ်ချက်က ဘာ‌တွေလဲ။
‌ဖြေ။ ။ ကျ‌နော်တို့ ဒီစက်မှုဇုန်တည်‌ဆောက်ရတဲ့ အဓိက ရည်ရွယ်ချက်က ‌ပြောရရမယ်ဆိုရင် ကျ‌နော်တို့ ပြည်နယ်မှာ တစ် ဘက်နိုင်ငံမှာ သွား‌ရောက်အလုပ်လုပ်ကိုင်‌နေကြတဲ့ ပြည်သူ‌တွေအတွက်ကို အဓိကထား ရည်ရွယ်ပါတယ်။ အခြားနိုင်ငံမှာ သွား လုပ်တဲ့အခါ တချို့လူ‌တွေ အဆင်‌ပြေသွားသလို အဆင်မ‌ပြေသူ‌တွေလည်း ရှိပါတယ်။ ဘာဖြစ်လို့ သွားလုပ်‌နေရလဲဆို‌တော့ ကျ‌နော်တို့နိုင်ငံက အလုပ်အကိုင်အခွင့်အလမ်း‌တွေ မ‌ပေးနိုင်လို့ပဲ။ ကိုယ့်နိုင်ငံမှာ အလုပ်မ‌ပေးနိုင်လို့ အခြားနိုင်ငံကို သွားအလုပ် လုပ်ကြတာ‌တော့ ဒါက ဓမ္မတာပဲ။ ‌ရေကြည်ရာမြက်နုရာကို သွားကြတာပဲ။ အဲဒီလူ‌တွေရဲ့ လုပ်အား‌တွေ သူများနိုင်ငံ ‌ရောက်သွား တယ်။ ကိုယ့်ပြည်သူ‌တွေအတွက် ပြည်နယ်မှာ အလုပ်အခွင့်အလမ်း ‌ဖော်‌ဆောင်နိုင်ရင်၊ အလုပ်သမားအခွင့်အ‌ရေး၊ လုပ်ခက အခြားနိုင်ငံနဲ့ တူ‌နေမယ်ဆိုရင်‌တော့ ပြန်လာလုပ်ကြမှာပဲ။ ကိုယ့်မိသားစုနဲ့လည်း အတူတူ‌နေရတယ်။ ဒါ‌ကြောင့် ကိုယ့်နိုင်ငံသား ပြည်နယ်သား‌တွေ အလုပ်အကိုင်ရ‌အောင် ရည်ရွယ်ပြီး အခုလို တည်‌ဆောက်လုပ်‌ဆောင်ရခြင်း ဖြစ်တယ်။

‌မေး။ ။ ဖားအံစက်မှုဇုန် ဘယ်အချိန်မှာ တည်‌ဆောက်မှု အပြီးသတ်မလဲဆိုတာ ‌ပြောလို့ရမလား။
‌ဖြေ။ ။ ‌ပြောရရင်‌တော့ စည်းကမ်းအတိုင်း တွန်းအား‌ပေးရ‌တော့မှာ‌ပေါ့။ ပြတ်ပြတ်သားသား လုပ်ရမယ့် အချိန်‌လေး ‌ရောက် လာပြီးဆို‌တော့ ‌နောက်ဆုံးစည်းကမ်းအတိုင်း မလုပ်‌ဆောင်နိုင်ဘူးဆိုရင် ‌မြေပြန်သိမ်းရင်လည်း သိမ်းရမှာ‌ပေါ့။ သိမ်းတယ်ဆို တာက သူတို့သွင်းထားတဲ့‌ငွေကို ပြန်‌ပေးပြီး‌တော့ ‌မြေ‌နေရာ ကျ‌နော်တို့ ပြန်ယူရမှာ‌ပေါ့။ တကယ်တမ်း လုပ်မယ့်သူ‌တွေကို ကျ‌နော်တို့ ‌နေရာပြန်ချ‌ပေးကြ‌ပေါ့။ အဲဒီနည်းနဲ့‌တော့ ကျ‌နော်တို့‌ကော်မတီက ဆုံးဖြတ်ထားတယ်။ ဘယ်‌နေ့ဘယ်ရက် ပြီးမလဲဆို တာ‌တော့ နည်းနည်း‌ဖြေရခက်တာ‌ပေါ့‌နော်။ အချိန်ကာလတစ်ခု‌တော့ ရှိဦးမယ်‌ပေါ့။

‌မေး။ ။ ဒီစက်မှုဇုန်တည်‌ဆောက်ပြီးရင်‌တော့ ‌ဒေသခံ‌တွေအတွက် ဘယ်လိုအကျိုးရရှိကြမလဲ။
‌ဖြေ။ ။ အဓိက‌တော့ အလုပ်အကိုင်ရရှိ‌ရေးပဲ။ အလုပ်အကိုင်ရှိပြီးဆိုရင် လူတစ်ဦးဟာ စားဝတ်‌နေ‌ရေး အဆင်‌ပြေလာမယ် ‌လေ။ တကယ်တမ်းဆိုရင် သာမန်အလုပ်သမားတစ်‌ယောက်က အနည်းဆုံးလုပ်ခ တစ်သိန်းဝန်းကျင်မှာ ရှိကြတာပဲ။ တစ်သိန်း ဝန်းကျင်ဆိုတာ ကျ‌နော်တို့ ဆင်းရဲနွမ်းပါးသူ မဟုတ်‌တော့ဘူး။ အလုပ်မရှိ အကိုင်မရှိမှပဲ သတ်မှတ်လို့ ရတာကိုး။ အလုပ်မရှိ ‌တော့ ‌ငွေမရဘူး‌လေ။ ‌ငွေမရ‌တော့ ဆင်းရဲတာ‌ပေါ့။ အလုပ်ရှိရင် ‌ငွေရှိလာမယ်။ ‌ငွေရှိလာရင်‌တော့ ဆင်းရဲမှု ‌လျှော့နည်းလာမယ်။ ဒါ‌တွေက နိုင်ငံတကာစံနှုန်းပါ။ ဆင်းရဲမှု‌လျှော့ချ‌ရေးအတွက် တဖက်တလမ်းက‌နေ လုပ်‌ပေးတဲ့သ‌ဘော‌ပေါ့‌နော်။ ကုန်ထုတ်မှုရှိ ပြီး‌တော့ ‌ဒေသထွက်ကုန်ကြမ်း‌တွေ ‌ရောင်းဝယ်မှုရှိလာမယ်။ စက်မှုအတတ်ပညာ‌တွေလည်း သိရှိလာမယ်။ အခြားကဏ္ဍ‌တွေမှာ လည်း အများကြီး အကျိုးရှိလာမယ်လို့ ယူဆတယ်။

‌မေး။ ။ ‌နောက်ထပ် ဒီဖားအံစက်မှုဇုန်နဲ့ပတ်သက်ပြီး ဝန်ကြီးအ‌နေနဲ့ ဘာများ‌ပြောကြားချင်‌သေးလဲ။
‌ဖြေ။ ။ ကရင်ပြည်နယ်မှာ စက်မှုဇုန်က‌တော့ ဖားအံစက်မှုဇုန်၊ ဘုရားသုံးဆူစက်မှုဇုန်နဲ့ မြဝတီစက်မှုဇုန် စုစု‌ပေါင်း ၃ခု ရှိပါ တယ်။ မြဝတီစက်မှုဇုန်က‌တော့ သိပ်မကျယ်ပါဘူး။ ဧက ၂၀၀‌ကျော်‌ကျော်ပါပဲ။ တည်‌ဆောက်မှုလည်း ပြီး‌တော့မှာပါ။ အထူးသ ဖြင့် ထိုင်းက လုပ်ငန်းရှင်‌တွေ ဝင်လာကြမယ်ဆို‌တော့ ကျ‌နော်တို့မှာ MIC(Myanmar Investment Commission) လို့‌ခေါ်တဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု‌ကော်မရှင်ရဲ့ မူမှာဆိုရင် နယ်စပ်‌ဒေသရဲ့ ၁ဝမိုင်အကွာအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု‌တွေကို ခွင့်မပြုဘူး ဆိုတာ မူရှိတယ်။ အဲဒီမူနဲ့ သွားညှိ‌နေတယ်။ ကျ‌နော်တို့က ဘာပြန်လုပ်ရသလဲဆိုရင် မြဝတီစက်မှုဇုန်က‌နေ မြဝတီစီးပွား‌ရေးဇုန် လို့ ပြန်လုပ်ရတယ်။ ဒီ‌တော့ ကျ‌နော်တို့က MIC ကို မြဝတီစက်မှုဇုန်က‌နေ မြဝတီစီးပွား‌ရေးဇုန်လို့ ပြန်တင်ထားပါတယ်။ အဲဒီ ‌တော့မှ နိုင်ငံခြားက လုပ်ငန်းရှင်‌တွေဝင်လာမယ်။ မြဝတီ‌တောင်မှ ဒီဖားအံစက်မှုဇုန်ထက် တိုးတက်မှု ပိုမြန်လာမယ်လို့‌တော့ ထင်တယ်။

‌စောကြည်လင်းကို ဧရာဝတီတိုင်း‌ဒေသကြီးတွင် ၁၉၅၅ခုနှစ်၊ နိုဝင်ဘာ ၇ရက်‌နေ့က ‌မွေးဖွားခဲ့သည်။ ၅နှစ်အရွယ်တွင် ကရင်ပြည်နယ်ကို ‌ပြောင်း‌ရွှေ့ပြီး ဖားအံ အ.ထ.က(၂)၌ ၁၉၇၄ခုနှစ်တွင် ဆယ်တန်း‌အောင်မြင်ခဲ့သည်။ သတ္တ‌ဗေဒ အဓိကဘာ သာရပ်ဖြင့် ‌မော်လမြိုင်‌ကောလိပ်တွင် နှစ်လကြာ တက်‌ရောက်ခဲ့ပြီး က‌လောမြို့ရှိ မိုင်းအင်ဂျင်နီယာ GTI ‌ကျောင်းကို ‌ပြောင်းလဲ တက်‌ရောက်ခဲ့သည်။ ၁၉၇၆ခုနှစ် ဒုတိယနှစ် ‌ကျောင်းသားဘဝတွင် မှိုင်းရာပြည့် အ‌ရေးအခင်းဖြစ်ရာ တက်ကြွစွာ ပါဝင်ခဲ့သည့် အတွက် အဖမ်းခံရပြီး ‌ထောင် ၅နှစ်ကျခဲ့သည်။ ၁၉၈ဝခုနှစ်တွင် ‌ထောင်မှပြန်လွှတ်လာပြီး ဖားအံမြို့၌ ၁၅နှစ်ကြာ ‌ကျောင်းဆရာ လုပ်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ခွဲထွက်လာသည့် တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော် (DKBA)၌ ဆယ်နှစ်‌ကျော် တာဝန်ထမ်း‌ဆောင်ခဲ့သည်။ DKBA မှထွက်ခဲ့ပြီးသည့်‌နောက် ၂၀၁ဝတွင် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ် ပါတီကို စတင် တည်‌ထောင်ကာ ပါတီစုံအ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် ဖားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ် ‌တော်ကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအနိုင်ရရှိခဲ့ပြီး လက်ရှိအချိန်၌ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး အဖြစ် ကရင်ပြည်နယ် အစိုးရအဖွဲ့တွင် တာဝန်ထမ်း‌ဆောင်လျှက်ရှိသည်။