Home သတင်း ‌ကော်သူး‌လေတပ်မ‌တော် ဖွဲ့စည်းသည့်အ‌ပေါ် PSDP နှင့် KDP ကြိုဆို

‌ကော်သူး‌လေတပ်မ‌တော် ဖွဲ့စည်းသည့်အ‌ပေါ် PSDP နှင့် KDP ကြိုဆို

3178

‌အောက်တိုဘာ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်လက်နက်ကိုင်တပ်ဖွဲ့များစုစည်းပြီး ‌ကော်သူး‌လေတပ်မ‌တော်(KAF) ပြန်လည်ဖွဲ့စည်းသည့်အ‌ပေါ် ကရင်ပြည်နယ်အတွင်းရှိ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)နှင့် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)တို့က ‌ထောက်ခံကြိုဆို‌ကြောင်း ပါတီ‌ခေါင်း‌ဆောင် များက ‌ပြောဆိုသည်။

KDP ဥက္ကဌ ‌စောရဲဝင်းနိုင်က “ကရင်လက်နက်ကိုင်များ တစ်ခုတည်း‌သော တပ်မ‌တော် ဖွဲ့စည်းနိုင်တာ ကျ‌နော်တို့က ‌ထောက်ခံ တယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းလူထုကလည်း အား‌ပေး‌ထောက်ခံတာလည်း ‌တွေ့ရတယ်။ အခုလို ပြန်လည်‌ပေါင်းစည်းတာ ကရင်အမျိုးသားအတွက် အားတက်စရာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)၊ ကရင်အမျိုးသားကာကွယ်‌ရေး တပ်ဖွဲ့(KNDO)၊ ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်(DKBA)နှင့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC)တို့ စု‌ပေါင်း၍ KAF ကို ‌အောက်တိုဘာလ ၁၃ရက်‌နေ့က ပြန်လည်ဖွဲ့စည်း‌ကြောင်း ‌ကြေညာချက်ထုတ်ပြီး‌နောက် PSDP နှင့် KDP တို့က ယခု လို ကြိုဆို‌ထောက်ခံလိုက်ခြင်းဖြစ်သည်။

KAF ဖွဲ့စည်းနိုင်ခဲ့ပါက ကရင်ပြည်နယ်သူပြည်နယ်သားများအတွက်သာမက မြန်မာနိုင်ငံအတွင်းရှိ ကရင်ပြည်သူလူထုအားလုံး အတွက်လည်း အကျိုးရှိမည်ဟု ‌မျှော်လင့်‌ကြောင်း အခြားကရင်ပါတီဖြစ်သည့် PSDP ဒုတိယဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ကေ အိုင်စီသို့ ယခုကဲ့သို့ ‌ပြောသည်။

“ကျ‌နော်တို့ပါတီနဲ့ ပြည်တွင်းမှာရှိ‌နေကြတဲ့ လူထု‌တွေ‌တော့ ‌ကော်သူး‌လေတပ်မ‌တော်ကို ‌ထောက်ခံအား‌ပေးပါတယ်။ စနစ်တကျ ဖြစ်ဖို့က‌တော့ လို‌နေဦးမယ်လို့‌တော့ ထင်တယ်”ဟု မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

သို့‌သော် ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီတစ်ခုဖြစ်သည့် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP) အ ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောသန်းမြက ‌ကော်သူး‌လေတပ်မ‌တော် ဖွဲ့စည်းလိုက်ခြင်းသည် ကရင်လက်နက်ကိုင်ကိစ္စဖြစ်၍ ၎င်းတို့ ပါတီအ‌နေဖြင့် တစုံတရာ မှတ်ချက်မ‌ပေးလို‌ကြောင်း ‌ပြောဆိုသည်။

KAF ပြန်လည်ဖွဲ့စည်းလိုက်သည့်အ‌ပေါ် ကရင်အမျိုးသမီးအဖွဲ့အစည်းများဖြစ်ကြသည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)၊ Karen Women Union(KWU)တို့သည် ‌အောက်တိုဘာလ ၁၉ရက်‌နေ့က ကြို ဆို‌ကြောင်းနှင့် နိုင်ငံတကာကရင်အမျိုးသားအစည်းအရုံး(IKO)ကလည်း ‌အောက်တိုဘာလ ၁၈ရက်‌နေ့က ‌ကြေညာချက် ထုတ် ပြန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) အဖွဲ့အတွင်း၌မူ KAF နှင့်ပတ်သက်၍ ယခုလက်ရှိကျင်းပ‌နေသည့် ၎င်းတို့၏ ဗဟို အမြဲတမ်း‌ကော်မတီ အ‌ရေး‌ပေါ် အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးလျှက်ရှိပြီး လာမည့် ၂၉ရက်တွင်လည်း ဒီမိုက‌ရေစီအကျိုးပြုကရင့် တပ်မ‌တော်(ဒီ‌ကေဘီ‌အေ) ဌာနချုပ်ရှိရာ ‌ကော်သူးမွဲခီးတွင် ‌ဆွေး‌နွေးပွဲပြုလုပ်ရန်ရှိသည်ဟု ဒီ‌ကေဘီ‌အေက ဖိတ်ကြားထား သည်။