Home သတင်း ‌ကေအဲန်ယူတပ် KNLA နှင့် အစိုးရစစ်တပ် ပစ်ခတ်မှု ထပ်မံဖြစ်ပွား

‌ကေအဲန်ယူတပ် KNLA နှင့် အစိုးရစစ်တပ် ပစ်ခတ်မှု ထပ်မံဖြစ်ပွား

1946

‌အောက်တိုဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ပဲခူးတိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၃)၊ မုန်းမြို့နယ် ‌မောနဲလမ်း၌ ယမန်‌နေ့နံနက် ၁၁နာရီခွဲတွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ရင်း(၈)မှ တပ်ဖွဲ့ဝင်အချို့နှင့် မြန်မာအစိုးရစစ်တပ် တို့အကြား ပစ်ခတ်မှုတစ်ရပ် ထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာနချုပ်(စကခ-၁၀)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း(ခမရ-၅၉၈)မှ အင်အား ၂၀‌ကျော် လှုပ် ရှား‌နေသည့်အဖွဲ့နှင့် အင်အား ၃ဦးရှိ KNLA လှုပ်ရှားအဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း KNLA တပ်ရင်း(၈)၏ ဒုတပ်ရင်း မှူး ဒုဗိုလ်မှူးကြီး‌စော‌ရေးဒို့က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အစိုးရစစ်တပ်က တက်လာတာ ဘာမှအ‌ကြောင်းမကြားဘူး။ ကျ‌နော်တို့ဘက်ကလည်း သွားလာရင်းနဲ့ ရုတ်တရက် ထိပ်တိုက် တိုး‌တော့ ပစ်ခတ်မှုဖြစ်တာပါ။ ကျ‌နော်တို့ဖြစ်တာ‌တော့ မိနစ်ပိုင်း‌လောက်ပါပဲ။ နှစ်ဖက်ထိခိုက်မှု ဘာမှမရှိပါဘူး”ဟု ဒုဗိုလ်မှူးကြီး‌စော‌ရေးဒို့ ‌ပြောဆိုသည်။

မုန်းမြို့နယ်အတွင်းရှိ လှုပ်ရှား‌နေ‌သော မြန်မာအစိုးရစစ်တပ် ခမရ(၅၉၈)သည် ဒုဗိုလ်မှူးကြီး‌ဇော်ဝင်းနိုင် ဦး‌ဆောင်‌သော တပ်ရင်း ဖြစ်‌ကြောင်း သိရသည်။

ယခင်လ စက်တင်ဘာ ၂၇ရက်‌နေ့ကလည်း ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်အတွင်းရှိ မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲ‌ရေးဌာန ချုပ်-စကခ(၁၀)၏ ‌ခြေမြန်တပ်ရင်း(ခမရ-၃၆၁)မှ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက်ခံ ကရင်အမျိုးသားကာ ကွယ်‌ရေးအဖွဲ့(KNDO)ကို ပစ်ခတ်ခဲ့သဖြင့် ၁ဦး‌သေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်။