Home သတင်း အလွတ်သတင်း‌ထောက် ကိုပါကြီး‌သေဆုံးမှု တပ်မ‌တော်၏ထုတ်ပြန်ချက် ကွာဟမှုရှိ‌နေဟု ဇနီးဖြစ်သူ ‌ပြောဆို

အလွတ်သတင်း‌ထောက် ကိုပါကြီး‌သေဆုံးမှု တပ်မ‌တော်၏ထုတ်ပြန်ချက် ကွာဟမှုရှိ‌နေဟု ဇနီးဖြစ်သူ ‌ပြောဆို

1598

‌အောက်တိုဘာ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

အလွတ်တန်းသတင်း‌ထောက် ကိုပါကြီး (ခ) ကို‌အောင်‌ကျော်နိုင် ‌သေဆုံးမှုနှင့် ပတ်သက်ပြီး ‌အောက်တိုဘာလ ၂၄ရက် ‌နေ့စွဲ ဖြင့် ထုတ်ပြန်သည့် မြန်မာအစိုးရတပ်မ‌တော်၏ ‌ကြေညာချက်မှာ ကွာဟမှုများရှိ‌နေသည်ဟု ကိုပါကြီး၏ဇနီး မသန္တာက ‌ကေအိုင် စီသို့ ‌ပြောဆိုသည်။

‌အောက်တိုဘာလ ၁၉ရက်‌နေ့က ကိုပါကြီး၏ဇနီး မသန္တာသည် ‌နော်အုန်းလှ၊ မွန်အမျိုးသားပါတီမှ နိုင်စိုးမြတို့နှင့်အတူ မွန်ပြည် နယ်၊ ကျိုက်မ‌ရောနယ်‌မြေရှိ ‌ခြေမြန်တပ်ရင်း(၂၀၈) ‌ရောက်ရှိခဲ့စဉ်တွင် တပ်ရင်းဗိုလ်မှုးကြီးစန်းမင်း‌အောင်က ကိုပါကြီးကို စက်တင်ဘာလ၂၈ရက်‌နေ့က ဖမ်းဆီးခဲ့‌ကြောင်း ‌ပြောဆိုခဲ့သည်။ ၎င်း‌နောက် တစ်လနီးပါးအကြာ ‌အောက်တိုဘာလ ၂၃ရက်‌နေ့ တွင် ကိုပါကြီးက ကျိုက်မ‌ရောမြို့နယ်ရှိ ‌ရွှေဝါ‌ချောင်‌ကျေးရွာ‌တောင်ဘက် ကီလိုမီတာ တစ်‌ထောင်အကွာ၌ ကင်း‌စောင့်စစ်သည် ထံမှ ‌သေနတ်လု ထွက်‌ပြေးရန် ကြိုးစားစဉ် ပစ်ခတ်ဖမ်းဆီးမှု‌ကြောင့် အ‌သေဖမ်းမိ‌ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။

မသန္တာက “အခု သူတို့ထုတ်တဲ့သတင်းမှာ စက်တင်ဘာ ၃ဝရက်‌နေ့က ဖမ်းတယ်‌ပြောတယ်။ ဒါတစ်ချက်မှားတယ်။ ‌နောက်တစ် ခုက ကျမသွားတာ ‌အောက်တိုဘာ ၁၉ရက်‌နေ့ ကျမအမျိုးသား ကွယ်လွန်တာ အသတ်ခံရတာ ‌အောက်တိုဘာလ ၄ရက်‌နေ့လို့ ‌ပြောတယ်။ ဒါဆို ကျမသွားတာ ‌အောက်တိုဘာ ၁၉ရက်‌နေ့ ဆုံးပြီလို့ ကျမကို ဘာဖြစ်လို့မ‌ပြောတာလဲ။ ဘာဖြစ်လို့ အ‌လောင်း ‌ဖျောက်ထားလဲ။ အဲဒါကြီးမားတဲ့ ကွာဟချက်ပဲ။ ကျန်တာက‌တော့ ကျမကိုယ်တိုင်နားနဲ့ မကြား‌တော့ ဘယ်‌လောက်ကွာလဲဆို တာ မသိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာ့တပ်မ‌တော်၏ ထုတ်ပြန်ချက်တွင် ကျိုက်မ‌ရောမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များအကြား စစ်‌ရေးတင်းမာ‌နေချိန် တွင် မြို့၏ စက်‌လှေဆိပ်များကို အဝင်အထွက် စစ်‌ဆေး‌နေစဉ် စက်တင်ဘာလ ၃ဝရက်‌နေ့က စက်‌လှေတစ်စီး‌ပေါ်တွင် ‌ရေစို လျက် ရွှံ့ဗွက်များ‌ပေကျံ‌နေသည့် ကိုပါကြီးကို မသကင်္ာသဖြင့် အမှတ်(၂၀၄)‌ခြေမြန်တပ်ရင်းက ဖမ်းဆီးကာ (၂၀၈)တပ်ရင်းသို့ လွဲ‌ပြောင်း‌ပေးခဲ့ခြင်းဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

ကိုပါကြီး‌သေဆုံးမှုနှင့် ပတ်သက်၍ ၈၈မျိုးဆက်ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ‌အောက်တိုဘာလ ၂၄ရက်‌နေ့စွဲဖြင့် ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့ရာ ယင်းဖြစ်စဉ်တွင် သတင်းထိန်ချန်မှုများ၊ သံသယဖြစ်စရာများ များစွာရှိ‌နေပြီး နိုင်ငံသား တစ်‌ယောက်အ‌ပေါ် တရားဥပ‌ဒေမဲ့လုပ်ရပ်တစ်ခုဖြစ်‌ကြောင်းနှင့် နိုင်ငံသားတစ်ဦးသည် မည်သည့် အ‌ခြေအ‌နေမျိုးတွင်မဆို မိမိ ၏ ဘဝလုံခြုံမှု၊ အသက်ရှင်သန်‌နေထိုင်မှုအတွက် တရားဥပ‌ဒေ၏ အကာအကွယ်နှင့် အ‌ထောက်အပံ့များ ရပိုင်ခွင့် ရှိရမည်ဖြစ် သည်ဟု ထည့်သွင်း‌ဖော်ပြထားသည်။
ကိုပါကြီးအတွက် (KWEG)
၎င်းအပြင် မြန်မာနိုင်ငံသားတစ်ဦးအား မြန်မာ့တပ်မ‌တော်မှ ယခုကဲ့သို့ လက်လွတ်စပယ် ‌ဆောင်ရွက်ခြင်းသည် တိုင်းပြည်၏ ဂုဏ်သိက္ခာကိုထိပါး‌စေပြီး အမှုမှန် ‌ပေါ်ထွက်လာ‌စေ‌ရေး အစိုးရတာဝန်ရှိသူများက ပွင့်လင်းမြင်သာစွာ စုံစမ်း‌ဖော်ထုတ်‌ပေးရန်နှင့် ပြစ်မှုကျူးလွန်သူများအား တရားဥပ‌ဒေအရ အ‌ရေးယူ ‌ဆောင်ရွက်‌ပေးရန် ၈၈မျိုးဆက်အဖွဲ့က ‌တောင်းဆိုထားသည်။

၈၈မျိုးဆက်အဖွဲ့မှ ကိုဂျင်မီက “ကျ‌နော်တို့တိုင်းပြည်မှာ ဒီမိုက‌ရေစီပြုပြင်‌ပြောင်းလဲ‌ရေးရယ်၊ တရားဥပ‌ဒေစိုးမိုး‌ရေးရယ် ဒီနှစ်ခုကို ကြိုးစား‌နေကြတယ်‌လေ။ တလက်စတည်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်‌ရေးတို့ ငြိမ်းချမ်း‌ရေးတို့ ကြိုးစား‌နေတဲ့ကာလမှာ ကျ‌နော်တို့ တရားဥပ‌ဒေမဲ့ သတ်ဖြတ်မှု‌တွေ ကျ‌နော်တို့ လက်မခံနိုင်ဘူး။ ဒါဥပ‌ဒေမဲ့သတ်ဖြတ်တဲ့ ကိစ္စဖြစ်တယ်။ အဲဒါကို ကျ‌နော် တို့ ပြင်းပြင်းထန်ထန်ရှုတ်ချတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

စစ်တပ်ထုတ်ပြန်ချက်ထဲတွင် ကိုပါကြီးမှာ KKO (ကလို့ထူး‌ဘောကရင်အဖွဲ့အစည်း)၏ ပြန်ကြား‌ရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ သူ ‌အောင်နိုင်ဖြစ်‌ကြောင်း လွှဲ‌ပြောင်းစစ်‌ဆေးချက်အရ သိရှိရသည်ဟု ‌ဖော်ပြပါရှိ‌သော်လည်း ဒီ‌ကေဘီ‌အေနှင့် ‌ကေ‌ကေအိုအဖွဲ့မှ တာဝန်ရှိသူများက ကိုပါကြီးမှာ ၎င်းတို့အဖွဲ့အစည်းတွင် ပါဝင်ခြင်းမရှိဘဲ ‌ခေါင်း‌ဆောင်အချို့နှင့်သာ သတင်း‌မေးမြန်းမှုအရသာ သိကျွမ်းမှုရှိသည်ဟု ဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးမြင့်‌ကျော်ကလည်း “ကိုပါကြီးက ညထွက်‌ပြေးဖို့ ကြိုးစားတယ်လို့ ‌ပြော တယ်။ ဒါ‌ပေမယ့် ဒီအချက်အလက်ဟာ ကွဲလွဲ‌နေတယ်။ နဂိုကတည်းက ဖမ်းဆီးခဲ့တာ ရိုက်နှက်ထားတယ်။ ဒဏ်ရာ‌တွေရ‌နေ တယ်လို့ အဲဒီမှာမြင်တဲ့ ရဲတချို့ရဲ့‌ပြောကြားချက်‌တွေ ဖြစ်မယ်။ ကျ‌နော့်အမြင်က အဲဒီအချက်အလက်က သူတို့ မဖြစ်ဖြစ်‌အောင် ဖုံးကွယ်တဲ့အချက်လို့ ကျ‌နော်မြင်တယ်။ ဖြစ်သင့်တာက လွတ်လပ်တဲ့ လူ့အခွင့်အ‌ရေး‌ကော်မရှင်လိုမျိုး စစ်‌ဆေးမှုလုပ်ဖို့ လိုအပ် တယ်။ ဒါက လူ့အခွင့်အ‌ရေးကိစ္စမို့”ဟု ‌ပြောသည်။

ကိုပါကြီးသည် ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့‌သော အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(လူငယ်) ၏ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ဦးတွင် ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ၁၉၈၉ခုနှစ်၊ ‌မေလအထိ တာဝန်ယူခဲ့သူဖြစ်သည်။ ‌နောက်ပိုင်းတွင် သုံး ‌ရောင်ခြယ်အဖွဲ့ဝင်အဖြစ် တပ်ဦးတာဝန်များကို ထမ်း‌ဆောင်ခဲ့သည်။ ၂၀၁ဝခုနှစ်ခန့်တွင် အလွတ်သတင်း‌ထောက်အဖြစ် စတင် လုပ်ကိုင်ခဲ့ပြီး ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ‌အောင်ကြီးအမည်ဖြင့်လည်း‌ကောင်း၊ အလဲဗင်းသတင်းစာ၌လည်း နာမည်မပါဘဲ သတင်း‌ရောင်းခဲ့‌ကြောင်း သိရှိရသည်။

သူသည် ကျိုက်မ‌ရောတွင် ဖြစ်ပွားခဲ့သည့် တပ်မ‌တော်နှင့် ဒီ‌ကေဘီ‌အေတပ်တို့ တိုက်ပွဲများအကြား သတင်းလိုက်ယူရန် စက် တင်ဘာလကုန်ခန့်က ထွက်ခွာသွား‌ကြောင်း ဇနီးဖြစ်သူက‌ပြောဆိုပြီး ယခုကဲ့သို့ ‌သေဆုံးသွားသည့်အတွက် သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်က ဇနီးသည် မသန္တာအား လိုအပ်သည့် ကူညီ‌ထောက်ပံ့မှုများ ‌ပေးအပ်သွားမည်ဟု ၎င်းတို့၏ထုတ်ပြန်ချက်တွင် ‌ရေး သား‌ဖော်ပြထားသည်။

သို့‌သော် မသန္တာက ခင်ပွန်းဖြစ်သူ‌သေဆုံးမှုနှင့် ပတ်သက်၍ ဥပ‌ဒေ‌ကြောင်းအရ ဆက်လုပ်သွားမည်ဖြစ်ပြီး ခင်ပွန်း၏ရုပ်အ ‌လောင်း၊ အသတ်ခံရစဉ်ကာလအတွင်း ဝတ်ဆင်ထားသည့် အဝတ်အစားနှင့် ပစ္စည်းအားလုံးကို ပြန်လည်ရယူလိုသည်ဟု ‌ပြော ဆိုသည်။