Home သတင်း လူမှုဘဝထိခိုက်သည့် စီမံကိန်းများ ရပ်တန့်‌ပေးရန် ထားဝယ်လူမှုအဖွဲ့အစည်းများ စု‌ပေါင်း‌တောင်းဆို

လူမှုဘဝထိခိုက်သည့် စီမံကိန်းများ ရပ်တန့်‌ပေးရန် ထားဝယ်လူမှုအဖွဲ့အစည်းများ စု‌ပေါင်း‌တောင်းဆို

1387

‌အောက်တိုဘာ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

တနသင်္ာရီတိုင်း‌ဒေသကြီးအတွင်း ‌ဒေသခံများ၏ လူမှုဘဝထိခိုက်သည့် စီမံကိန်းများနှင့် ‌မြေယာလုပ်ကွက်ချ‌ပေးခြင်းများကို ရပ် တန့်ရန် ထားဝယ်မြို့အ‌ခြေစိုက် လူမှုအဖွဲ့အစည်းများက တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့် ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ထံ ‌အောက်တိုဘာ ၁၃ရက်‌နေ့က စာ‌ရေးသား‌တောင်းဆိုလိုက်‌ကြောင်း တာက‌ပေါကရင်လူငယ်အဖွဲ့မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌နော် ပီးသ‌လောက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူမက “ကျမတို့ ဘာလို့ ‌တောင်းဆိုရသလဲဆိုရင် အခု တိုင်းဝန်ကြီးချုပ်နဲ့ ‌ကေအဲန်ယူ တပ်မဟာ-၄ ဥက္ကဌဖြစ်ဖြစ် ‌မြေအ‌မြောက် အများလိုချင်လို့ လုပ်ငန်းရှင်‌တွေ သွားပြီး‌တော့ ‌တောင်းတာရှိတယ်။ ဥပမာအားဖြင့် ‌မြေဧက တစ်‌သောင်း‌ပေါ့။ ဆီအုန်းစိုက်ဖို့၊ ရာဘာစိုက်ဖို့ သွား‌တောင်းတာရှိတယ်။ တစ်ခါတ‌လေကျ‌တော့ ဘယ်လိုဖြစ်လဲဆို‌တော့ ကျမတို ့ကရင်‌ကျေးရွာ‌တွေမှာကျ‌တော့ ‌မြေပုံမ‌ပေါက်ဘူး။ အဲ့‌တော့ အ‌ပေါ်က‌ပေးလိုက်တဲ့အခါ တကယ်တမ်း‌အောက်‌ခြေမှာက ဥယျာဉ်ခြံ‌မြေ‌တွေ၊ ‌ဒေသခံ‌တွေ‌နေတဲ့ ရွာ‌တွေ ဖြစ်‌နေတယ်။ ဒါ‌ကြောင့် ပါမစ်‌တွေ ထပ်‌ပေးထပ်‌ပေးတဲ့ကိစ္စကို မလုပ်ဖို ့‌တောင်းဆိုရတာဖြစ်တယ်”ဟု ‌ပြောသည်။

အဆိုပါ‌တောင်းဆိုစာကို ထားဝယ်မြို့အ‌ခြေစိုက် လူထုအ‌ခြေပြုအဖွဲ့များဖြစ်ကြသည့် Tarkapaw, Community Sustainable And Livelihood Development,Trip-Net, Dawei Development Association စသည့်အဖွဲ့များအပြင် ရွာ‌ပေါင်း ၄၆ရွာမှ ‌ကျေးရွာအ‌ခြေပြု ‌ကော်မတီဝင်များနှင့် ခရစ်ယာန် အသင်းအုပ်ဆရာများ အပါအဝင် စုစု‌ပေါင်း ၁၂၅ဦး ပါဝင် လက်မှတ်‌ရေးထိုး ထားပြီး တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့် ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်သို့ ‌ပေးပို့သွားမည်ဖြစ်သည်ဟု ‌နော်ပီးသ‌လောက ဆက် ‌ပြောသည်။
Ban Chaung mine
ယင်းစာတွင် ကရင်တိုင်းရင်းသားအများစု ‌နေထိုင်ရာ‌ဒေသများ၌ ‌ကေအဲန်ယူနှင့် အစိုးရ အပစ်ရပ်ပြီး‌နောက်ပိုင်း သတ္တုတူး‌ဖော်မှု များ၊ ရာဘာစိုက်ခင်းစီမံကိန်းနှင့် သစ်ထုတ်လုပ်မှုလုပ်ငန်းများ အလုံးအရင်း ဝင်‌ရောက်လာသကဲ့သို့ ၂၀၁၂ခုနှစ်အတွင်း ဘန်း ‌ချောင်း‌ဒေသရှိ က‌ထောင်းနီ‌ကျေးရွာနှင့် သ‌နေးခလို‌ကျေးရွာ(ကွမ်း‌ချောင်းကြီး)၌ ‌ကျောက်မီး‌သွေးလာ‌ရောက်ထုတ်ယူသည့် East Star ကုမ္ပဏီနှင့် ‌ဒေသခံများ သ‌ဘောထားတင်းမာမှု ဖြစ်‌ပေါ်ခဲ့ကာ စီမံကိန်းအများစုမှာ တာဝန်ခံမှုမရှိသည်ကို ‌တွေ့ရ ‌ကြောင်း ‌ထောက်ပြ‌ပြောဆိုထားသည်။

‌ဒေသခံများ၏ စာ‌ရေး‌တောင်းဆိုမှုနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲ‌ရေးကာလ၌ ‌ကေအဲန်ယူနယ်‌မြေအတွင်း စီမံကိန်းအသစ် များ ခွင့်ပြုလက်ခံထားခြင်းများမရှိသလို အကယ်၍ လာ‌ရောက်‌လျှောက်ထားပါကလည်း KNU (ကရင်အမျိုးသားအစည်းအရုံး) က ချမှတ်ထားသည့် မူများ၊ စည်းကမ်းများအတိုင်း အဆင့်ဆင့် လိုက်နာ‌ဆောင်ရွက်ရမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဘိတ်-ထား ဝယ်ခရိုင် တွဲဖက်အတွင်း‌ရေးမှူး ပဒို‌စောအဲနာက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့အ‌နေနဲ့ လူထုကို ဖိအား‌ပေးတာ မရှိပါဘူး။ ဒီ‌ကျောက်မီး‌သွေးကိစ္စ‌တွေက အရင် အပစ်အခတ်ရပ်စဲ‌ရေးမတိုင်ခင် အစိုးရဆီမှာ လုပ်ခွင့်ရတာ‌တွေရှိတယ်။ ‌နောက်ပြီး ကိုယ့်နယ်‌မြေမှာရှိသလို အစိုးရထိန်းချုပ်နယ်‌မြေ‌တွေမှာလည်းရှိတယ်။ အစိုး ရနယ်‌မြေမှာကျ‌တော့ KNU မူအတိုင်း သွားလို့မရတာ‌တွေရှိတယ်။ အဲဒါမျိုးဆို ပြည်သူရယ် ကျ‌နော်တို့ရယ် အစိုးရရယ် ညှိနှိုင်း ‌ဆွေး‌နွေးသွားရမှာ ဖြစ်ပါတယ်”ဟု ပဒို‌စောအဲနာက ‌ပြောသည်။

လက်ရှိ ထားဝယ်အ‌ရှေ့ဘက်ဘန်း‌ချောင်း‌ဒေသတွင် ‌မေဖလားဝါး မိုင်းနင်းကုမ္ပဏီက ‌ကျောက်မီးလုပ်ကွက် ဧက ၂,၁၀ဝ ရရှိ ထားသည့်အပြင် အခြားစီးပွား‌ရေးလုပ်ငန်းရှင်များကလည်း ‌ဒေသအတွင်း ဧက‌သောင်းချီရှိသည့် ရာဘာစိုက်ပျိုး‌ရေးစီမံကိန်းများ ‌လျှောက်ထားလျှက်ရှိပြီး ခ‌မောင်းသွယ်‌ဒေသ၌လည်း ဂျပန်ကုမ္ပဏီ Nittetsu mining company မှ လုပ်ကွက် ၃,၅၃၅ဧက ‌လျှောက်ထားလျှက်ရှိ‌ကြောင်း လူထုအ‌ခြေပြုအဖွဲ့များ ပြုစုထားသည့် စာရင်းများအရ သိရသည်။