Home သတင်း လူထုအ‌ပေါ် မတရားမှုကျူးလွန်သည့် လက်နက်ကိုင်များကို ‌ဖော်ထုတ်အ‌ရေးယူရန် KHRG တိုက်တွန်း

လူထုအ‌ပေါ် မတရားမှုကျူးလွန်သည့် လက်နက်ကိုင်များကို ‌ဖော်ထုတ်အ‌ရေးယူရန် KHRG တိုက်တွန်း

1561

‌အောက်တိုဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မြန်မာနိုင်ငံအ‌ရှေ့‌တောင်ပိုင်းတွင် မတရားအကြမ်းဖက် အသတ်ခံရခြင်း အပါအဝင် လူထုအ‌ပေါ် ပြစ်မှုကျူးလွန်သည့် လက်နက် ကိုင်တပ်ဖွဲ့များကို ‌ဖော်ထုတ်ပြီး တရားဥပ‌ဒေနှင့်အညီ ထိ‌ရောက်စွာ အ‌ရေးယူရန် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)က ‌အောက် တိုဘာလ ၉ရက်‌နေ့တွင် “ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို တာဝန်ယူမှုဖြင့် အစားထိုးခြင်း” ‌ခေါင်းစဉ်ဖြင့် အစီရင်ခံစာ ထုတ်ပြန်တိုက် တွန်းလိုက်သည်။

အစီရင်ခံစာ ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ KHRG မူဝါဒပိုင်းဆိုင်ရာ စည်းရုံး‌ရေးအရာရှိ ‌စောယူဂျက်က “အခု သတ်ဖြတ်မှု အစီ ရင်ခံစာ အမြဲ‌ရောက်လာတယ်။ အပစ်ရပ်မလုပ်ခင်ကလည်း ရှိတယ်။ အခုချိန်မှာ ရှိ‌နေဆဲဆိုတာက မဖြစ်သင့်တဲ့အရာပါ။ ‌နောက် ပြီး စက်တင်ဘာတုန်းက တပ်သားတစ်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်‌ဆေးဖို့ အဖွဲ့ ဖွဲ့စည်းနိုင်တာ‌တွေ့ရ‌တော့ သူတို့ လုပ်နိုင်စွမ်းရှိလျက်နဲ့ အရင်က ‌ဒေသခံ‌တွေ အသတ်ခံရတာ‌တွေကို ဘာလို့ မလုပ်‌ပေးနိုင်တာလဲ။ အလားတူ လုပ်‌ပေးဖို့ ရည် ရွယ်ချက်နဲ့ အစီရင်ခံစာ ထုတ်ပြန်ရခြင်း ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းအစီရင်ခံစာတွင် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီ‌နောက်ပိုင်း အပစ်ရပ်ကာလတွင် သထုံခရိုင်၌ အသက် ၅၂အရွယ် အမျိုးသားတစ်ဦး ကို ကရင်အမျိုးသားအစည်းအရုံး၏ သူလျှိုဟုစွပ်စွဲကာ ၂၀၁၂ခုနှစ်၊ ဇွန် ၂၅ရက်‌နေ့တွင် နယ်ခြား‌စောင့်(BGF)တပ်ရင်းအမှတ် (၁၀၁၄)က ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဖားအံခရိုင်တွင် ၂၀၁၃ခုနှစ်၊ မတ်လ ၁၁ရက်‌နေ့တွင် အသက် ၁၆နှစ်အရွယ် ‌ယောက်ျား ‌လေးတစ်ဦးနှင့် မတ်လ ၂၇ရက်‌နေ့တွင် အသက် ၆၂အရွယ် အဖိုးအိုတစ်ဦးတို့ကို မူးယစ်‌ဆေးဝါးနှင့် ဆက်နွယ်သည့်ကိစ္စ လူသိ ရှင်ကြား ‌ပြောဆိုမိခြင်း‌ကြောင့် BGF တပ်ရင်း(၁၀၁၆)က သတ်ဖြတ်ခြင်း အပါအဝင် ကရင်အမျိုးသားကာကွယ်‌ရေးတပ်က ရွာ သားများအ‌ပေါ် အတင်းလုပ်အားခိုင်း‌စေခြင်း၊ ဒီ‌ကေဘီ‌အေမှ ရွာသားများကိုပစ်သတ်ခြင်း၊ နယ်ခြား‌စောင့်တပ်မှ မိသားစုအလိုက် သတ်ဖြတ်ခြင်းနှင့် မြန်မာ့တပ်မ‌တော်က ရွာသားများအား အကြမ်းဖက်မှုများကို ‌ဖော်ပြထားသည်။

ထိုအပြင် စက်တင်ဘာလအတွင်းက ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်မှ တပ်သားတစ်ဦး အသတ်ခံရမှုကို နယ်ခြား ‌စောင့်တပ်က စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ဖွဲ့ကာ လုပ်‌ဆောင်မှုကို အသိအမှတ်ပြု‌ကြောင်း ‌ဖော်ပြထားပြီး ပြည်သူများအ‌ပေါ် ကျူးလွန်မှု များကိုလည်း ‌ဖော်ထုတ်ကာ ပွင့်လင်းမြင်သာစွာ တရားစီရင် အပြစ်‌ပေးရန် လက်နက်ကိုင်တပ်များကို တိုက်တွန်းထားသည်။

လက်ရှိဖြစ်စဉ်များနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တရားသူကြီးချုပ် ပဒို‌စော‌ဒေါ့‌လေးမူက “ဘယ်သူ မဆို အပြစ်ကျူးလွန်ရင်‌တော့ ဥပ‌ဒေနဲ့အညီ စုံစမ်းအ‌ရေးယူသင့်တယ်။ ဒါ‌ပေမဲ့ အ‌ရေးယူတဲ့အခါမှာ‌တော့ တိကျမှန်ကန်တဲ့လူကို ‌တော့ ယူရတာ‌ပေါ့။ ဘယ်အဖွဲ့အစည်း လက်နက်ကိုင်တပ်သားမဆို အပြစ်ရှိရင် အပြစ်‌ပေး အ‌ရေးယူနိုင်ရင်‌တော့ အ‌ကောင်းဆုံး ဘဲ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KHRG ကို ၁၉၉၂ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ကာ ‌ဒေသခံများ ကြုံ‌နေရသည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို မှတ်တမ်းယူကာ အစီရင်ခံစာထုတ်ပြန်ခြင်း၊ ဖြန့်‌ဝေခြင်းနှင့် လူ့အခွင့်အ‌ရေးကာကွယ်‌ရေးဆိုင်ရာ ကိစ္စရပ်များ ကို လုပ်‌ဆောင်လျှက်ရှိသည့် အဖွဲ့ဖြစ်သည်။