Home သတင်း လှိုင်းဘွဲမြို့နယ် စီဖိုးခီးရွာတွင် ပထမဦးအကြိမ် ကမ္ဘာ့ဆရာများ‌နေ့ ကျင်းပခဲ့

လှိုင်းဘွဲမြို့နယ် စီဖိုးခီးရွာတွင် ပထမဦးအကြိမ် ကမ္ဘာ့ဆရာများ‌နေ့ ကျင်းပခဲ့

1515

‌အောက်တိုဘာ ၇ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) လက်‌အောက်ခံ ကရင်ပညာ‌ရေးဌာန(KED) ၏ ‌ဒေသဆိုင်ရာ ပညာ‌ရေးတာဝန်ခံများ က ဦး‌ဆောင်၍ (‌ကေအဲန်ယူ)ထိန်းချုပ်ရာနယ်‌မြေ တပ်မဟာ(၇) စီဖိုးခီးရွာတွင် ‌အောက်တိုဘာ ၅ရက်‌နေ့က ကမ္ဘာ့ဆရာများ‌နေ့ အခမ်းအနားကို ပထမဦးဆုုံးအကြိမ် ပြုလုပ်ကျင်းပခဲ့ရာ လူပရိဿတ်‌ပေါင်း ၂၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

“ကျ‌နော်တို့က ‌ကျောင်းဆရာလုပ်တာကြာပြီး ကမ္ဘာ့ဆရာများ‌နေ့ ရှိ တယ်ဆိုတာ မသိဘူး။ ကြားလည်း မကြားဖူးဘူး။ ဒီ‌ဒေသက ‌ကျောင်းဆရာ၊ ဆရာမ‌တွေလည်း သူတို့ကြားသိရ‌တော့အရမ်းကို အံ့ဩတယ်။ ‌နောက်ပြီး အခမ်းအနားမှာလည်း ရှင်းပြတာ‌တွေ ရှိ‌တော့ အရမ်းကို‌ကောင်းပါတယ် ‌ကျောင်းဆရာဖြစ်ရတာလည်း ဂုဏ်ယူတယ်”ဟု စီဖိုးခီး ကိုယ်ထူကိုယ်ထ‌ကျောင်းအုပ်ဖြစ်သူ ‌စောမူးက‌ပေါ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းအခမ်းအနားသို့ ကရင်ပညာ‌ရေး‌ကော်မတီများ၊ နယ်‌မြေခံနယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များ၊ ‌ကေအဲန်ယူ တာဝန်ရှိသူများနှင့် ရပ် မိရပ်ဖမှ ခန့်အပ်ထားသည့် ‌ဒေသခံ‌ကျောင်းဆရာ၊ဆရာမများ၊ ‌ကျောင်းသူ‌ကျောင်းသားများ တက်‌ရောက်အား‌ပေးခဲ့ကြသည်။

အိမ်‌ခြေ ၃၀‌ကျော်ရှိသည့် စီဖိုးခီး‌ကျေးရွာတွင် ကိုယ်ထူကိုယ်ထ စာသင်‌ကျောင်းအဖြစ် သူငယ်တန်းမှ ၇တန်းအထိ ‌ကျောင်းသူ ‌ကျောင်းသား‌ပေါင်း ၁၀၀‌ကျော်ကို ‌ကျောင်းဆရာ၊ဆရာများ ၇ဦးတို့က KED သင်ရိုးညွန်းတမ်းများ သင်ကြား‌ပေးလျှက်ရှိသည်ဟု သိရသည်။

အခမ်းအနားတက်‌ရောက်ခဲ့သည့် ကရင်ဒုက္ခသည်ပညာ‌ရေး ‌ကော်မတီ(Karen Refugee Committee Education Entity- KRCEE)မှ အတွင်း‌ရေးမှူး ‌နော်‌ဒေါ့ဂတ်မူးက “ကျမတို့က ဒုက္ခသည်စခန်းက ပညာ‌ရေးအဖွဲ့ဖြစ်တယ်။ ဒီလိုအခမ်းအနားမျိုးက အရင်နှစ်မှာဆို ဒုက္ခသည်စခန်းထဲမှာပဲ သွား‌ရောက်ကျင်းပတယ်။ ပြည်တွင်းမှာ မဆင်းဖူးဘူး။ အခု ပြည်တွင်းမှာ အခမ်းအနား တက်‌ရောက်နိုင်တာ အရမ်း‌ကောင်းပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်စဉ် ‌အောက်တိုဘာလ ၅ရက်‌နေ့၌ ကျ‌ရောက်‌သော ကမ္ဘာ့ဆရာများ‌နေ့ကို နိုင်ငံတကာတွင် ကျင်းပခဲ့ကြသလို မြန်မာနိုင်ငံ သား တိုင်းရင်းသားများကလည်း ပြည်တွင်းပြည်ပနှင့် နယ်စပ်‌ဒေသရှိ ဒုက္ခသည်စခန်းများ ကျင်းပခြင်းများရှိ‌သော်လည်း မြန်မာ နိုင်ငံရှိ အချို့‌ကျေးလက်‌ဒေသ ‌ကျောင်းဆရာ၊ ဆရာမများက ကမ္ဘာ့ဆရာများ‌နေ့ကို ယခုအချိန်ထိ သိရှိမှု နည်းပါး‌နေ‌သေးသည်။