Home သတင်း မိုးပွင့်စီမံချက်ဖြင့် ကရင်ပြည်နယ်၌ လူဦး‌ရေ တစ်သိန်း‌ကျော် နိုင်ငံသားစိစစ်‌ရေးကဒ်ပြား ပြုလုပ်ပြီးစီး

မိုးပွင့်စီမံချက်ဖြင့် ကရင်ပြည်နယ်၌ လူဦး‌ရေ တစ်သိန်း‌ကျော် နိုင်ငံသားစိစစ်‌ရေးကဒ်ပြား ပြုလုပ်ပြီးစီး

1716

‌အောက်တိုဘာ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်‌ရေး၊ အမျိုးသားမှတ်ပုံတင်ဦးစီးဌာနနှင့် NRC (‌နော်‌ဝေးနိုင်ငံအ‌ခြေစိုက်) အဖွဲ့တို့ ပူး‌ပေါင်းပြီး မိုး ပွင့်စီမံချက်ဖြင့် ကရင်ပြည်နယ်တွင် လူဦး‌ရေ တစ်သိန်း‌ကျော်ကို နိုင်ငံသားစိစစ်‌ရေးကဒ်ပြား ပြုလုပ်ပြီးစီးသွားပြီဖြစ်‌ကြောင်း ပြည်နယ် လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနက ‌ပြောသည်။

ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနမှ လက်‌ထောက် ညွှန်ကြား‌ရေးမှူး ‌စောတင့်လွင်က “မိုးပွင့်စီမံချက်အမည်နဲ့ ၂၀၁၂ ခုနှစ်၊ ဇွန်လမှာ လုပ်ငန်းကို စတင်ပါတယ်။ NRC နဲ့ ပူး‌ပေါင်းပြီး ကွင်းဆင်းအခမဲ့ ‌ဆောင်ရွက်‌ပေးပါတယ်။ ဓာတ်ပုံကအစ မိတ္တူ၊ ‌သွေးစစ်၊ နိုင်ငံ‌တော်ကို သွင်းရတဲ့ အခ‌ငွေကအစ NRC က ‌ထောက်ပံ့‌ပေးတယ်။ အခုထိ လုပ်‌ပေးတာ တစ်သိန်း‌ကျော်သွားပြီ” ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဇွန်လ ၅ရက်‌နေ့က NRC အဖွဲ့ကို ‌နေပြည်‌တော်တွင် နိုင်ငံသားစိစစ်‌ရေးကတ်လုပ်ရန် လူဦး‌ရေ တစ်သိန်း ကို သ‌ဘောတူစာချုပ် လက်မှတ်ထိုးခဲ့ပြီး ၎င်း‌နောက် လူဦး‌ရေ ၅‌သောင်းကိုလည်း ဒုတိယအကြိမ် ထပ်မံ လက်မှတ်‌ရေးထိုးပြီး စုစု‌ပေါင်း လူဦး‌ရေ တစ်သိန်းခွဲကို ၂၀၁၅၊ ‌မေလ ၃၁ရက်‌နေ့အထိ ‌ဆောင်ရွက်‌ပေးမည်ဟု ‌စောတင့်လွင်က ဆက်‌ပြောသည်။

အဆိုပါ မိုးပွင့်စီမံချက်ကို NRC အဖွဲ့အ‌နေဖြင့် ကရင်ပြည်နယ်တွင် မြို့နယ် ၇မြို့နယ်ကို လုပ်‌ဆောင်ရန် သ‌ဘောတူညီထားပြီး မိုး ပွင့်အဆင့် ၁မှ အဆင့် ၆အထိ ‌ဆောင်ရွက်ပြီးသွားပြီးဖြစ်၍ မိုးပွင့်စီမံချက် အဆင့် ၇ကိုလည်း လာမည့် နိုဝင်ဘာ ၁ရက်‌နေ့တွင် ဆက်လက် လုပ်‌ဆောင်ရန်ရှိသည်ဟု သိရသည်။

ထို့အပြင် မိုးပွင့်စီမံချက်ဖြင့် နိုင်ငံသားစိစစ်‌ရေးကဒ်ပြားလုပ်‌ဆောင်ရန်အတွက် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး‌သော်လည်း‌ကောင်း၊ အဖွဲ့ အစည်း‌သော်လည်း‌ကောင်း ဆက်သွယ်လာလျှင် စီမံချက်ဆွဲပြီး သွား‌ရောက်လုပ်‌ဆောင်‌ပေးရန် ရှိသည်ဟု ကရင်ပြည်နယ် လူ ဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနက ဆိုသည်။

လက်ရှိတွင် မိုးပွင့်စီမံချက် အဆင့် (၆)ဖြင့် ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်‌ရေး၊ အမျိုးသားမှတ်ပုံတင် ဦးစီးဌာနနှင့် NRC အဖွဲ့ တို့၏ အ‌ထောက်အပံ့ဖြင့် နိုင်ငံသားစိစစ်‌ရေးကဒ်ပြားကို ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ‌ကော့ရင်း‌အောက်‌ကျေးရွာ ဘုန်း‌တော် ကြီး‌ကျောင်းတွင် ‌အောက်တိုဘာလ ၂၅ရက်‌နေ့က လူဦး‌ရေ ၄၀၀‌ကျော်ကို ပြုလုပ်‌ပေးခဲ့‌ကြောင်း သိရှိရသည်။

‌ကော့ရင်း‌အောက်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောပစ်ရှားက “ကျ‌နော်တို့ရွာမှာ အခုလို လာလုပ်‌ပေး‌တော့ မြို့တက်ပြီး သွားလုပ်စရာ မလို‌တော့ဘူး‌ပေါ့။ ရွာသူရွာသား‌တွေအ‌နေနဲ့က‌တော့ များစွာအကျိုးရှိတယ်။ အရင်က မှတ်ပုံတင်မရှိလည်း သွား‌နေတာပဲ‌လေ။ အခုချိန်မှာ မှတ်ပုံတင်မရှိရင် အဆင်မ‌ပြေဘူး။ သွားလာမယ်ဆိုရင် မှတ်ပုံတင်က အ‌ရေးကြီးလာတယ်။ ပညာ‌ရေးကိစ္စ‌ရော ထိုင်း မှာ အလုပ်သွားလုပ်မယ်ဆိုရင်လည်း မှတ်ပုံတင်က လိုလာပြီ‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ကရင်ပြည်နယ်တွင် လူဦး‌ရေ တစ်သိန်းခွဲကို ‌ဆောင်ရွက်ပြီးသွား‌သော်လည်း နိုင်ငံသားစိစစ်‌ရေးကဒ်ပြား မရရှိသည့်သူများ ရှိ‌နေ ဦးမည်ဖြစ်သည့်အတွက် NRC အဖွဲ့အ‌နေဖြင့် ထပ်မံ ‌ဆောင်ရွက်‌ပေးနိုင်ရန် ညှိနှိုင်းထား‌ကြောင်း ‌စောတင့်လွင်က ‌ပြောသည်။