Home သတင်း ဖားအံမြို့အနီး လှိုင်းပုံရွာတွင် ‌သေနတ်ဒဏ်ရာဖြင့် လူ‌သေ‌လောင်းတစ်‌လောင်း ‌တွေ့ရှိ

ဖားအံမြို့အနီး လှိုင်းပုံရွာတွင် ‌သေနတ်ဒဏ်ရာဖြင့် လူ‌သေ‌လောင်းတစ်‌လောင်း ‌တွေ့ရှိ

2062

‌အောက်တိုဘာ ၅ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့အနီးရှိ လှာက‌ဒေါင်‌ကျေးရွာအုပ်စု လှိုင်းပုံရွာ၌ ယ‌နေ့နံနံက် ၆နာရီတွင် ‌သေနတ်ဒဏ်ရာဖြင့် ‌သေဆုံး ‌နေသည့် အသက် ၃ဝ ဝန်းကျင်အရွယ်ရှိ လူငယ်တစ်ဦး၏ အ‌လောင်းတစ်‌လောင်းကို ရွာခံများက ‌တွေ့ရှိခဲ့သည်။

လှိုင်းပုံရွာရှိ ကုန်းတံတားတစ်ခုအ‌ပေါ်၌ အဆိုပါ‌သေဆုံးသွားသူသည် ARMY စာလုံးပါသည့် စစ်‌ရောင်အကျင်္ီ ဝတ်ဆင်ထားပြီး ၎င်း၏အ‌လောင်းနံ‌ဘေးတွင် ကျည်ဆံခွံ ၆‌တောင့်နှင့်အတူ မြန်မာကျပ်‌ငွေများ၊ လက်ကိုင်ဖုန်း ၂လုံး၊ Red Ruby ‌ဆေးလိပ်တစ် ဗူး၊ ဂက်စ်မီးခြစ်တစ်လုံးနှင့် ‌သောက်သုံး‌ဆေးအချို့ ‌တွေ့ရှိခဲ့ရသည်ဟု လှာက‌ဒေါင်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စော‌မောင်ဝင်းက ‌ပြောသည်။

“ရွာက လူ‌တွေက ကျ‌နော့်ကို ဖုန်းဆက်‌ခေါ်‌တော့ ကျ‌နော်လာ‌တော့ လူ‌သေ‌လောင်း‌တွေ့တယ်။ ‌သေဆုံးသွားသူဟာ ဘယ်သူ ဘယ်ဝါလဲ‌တော့ ကျ‌နော်တို့လည်း မ‌ပြောနိုင်ဘူး”ဟု ‌စော‌မောင်ဝင်းက ‌ပြောသည်။

ထိုအုပ်ချုပ်‌ရေးမှူးက (စက်တင်ဘာ ၄ရက်‌နေ့) ယမန်‌နေ့ည ၉နာရီ၌ လှိုင်းပုံရွာတွင် ‌သေနတ်သံများ ကြားခဲ့ရပြီး ယ‌နေ့နံနက်တွင် ယခုအ‌လောင်းကို ‌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။ ထို့အပြင် ‌သေဆုံးသွားသူ၏ ရုပ်အ‌လောင်းကို ဖားအံမြို့ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူအချို့လည်း သွား‌ရောက်ကြည့်ရှုခဲ့‌ကြောင်း သိရသည်။

အဆိုပါအ‌လောင်းကို သွား‌ရောက်ကြည့်ရှုစစ်‌ဆေးခဲ့သူ ဖားအံမြို့နယ် အိန္ဒုရဲစခန်းမှ ရဲအုပ်‌ဇော်နိုင်ကလည်း “‌သေဆုံးသွားတဲ့သူနဲ့ ပတ်သက်ပြီး အတိအကျ သိနိုင်ဖို့ ကျ‌နော်တို့ စစ်‌ဆေး‌ဖော်ထုတ်သွားမယ်။ ‌လော‌လောဆယ်‌တော့ စစ်‌ဆေးဆဲပါ”ဟု ‌ပြောဆို သည်။

ဖားအံမြို့နယ် လှိုင်းပုံရွာအနီးတဝိုက်တွင် အစိုးရစစ်တပ်နှင့် ကရင်လက်နက်ကိုင်များဖြစ်သည့် KNU၊ ကရင်ဒီမိုက‌ရေစီ အကျိုးပြု ကရင့်တပ်မ‌တော်(DKBA)နှင့် အခြားလက်နက်ကိုင်အဖွဲ့အစည်းများ မကြာခဏ ဖြတ်သန်းသွား‌နေကြသည့် ‌နေရာဖြစ်‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။